ဧက ၂၅၀ နီးပါးကျယ်ဝန်းတဲ့ RealMadridLand တည်ဆောက်ဖို့ အိပ်မက်မက်ခဲ့တဲ့ ဖလော်ရင်တီနိုပီရက်ဇ်

ဖလော်ရင်တီနိုပီရက်ဇ်ဟာဘာနေဗျူးကွင်းကိုစွန့်ခွာပြီး ကွင်းသစ်ပါဝင်တဲ့Theme Park တစ်ခုတည်ဆောက်ရန်စီစဉ်ခဲ့ဖူးကြောင်းသိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ၁၉၄၇ခုနှစ်ကတည်းကဘာနေဗျူးကွင်းကိုအသုံးပြုလာခဲ့တာဖြစ်ပါတယ်။ဆောက်လုပ်ရေးအင်ဂျင်နီယာဘီလျှံနာ ရီးရဲလ်မက်ဒရစ်ဥက္ကဌဟာဘာနေဗျူးကွင်းကိုစွန့်ခွာပြီး နေမြေသစ်တစ်ခုဖန်တီးရန်စီစဉ်ထားခဲ့ပါတယ်။

သူဟာ၂၀၀၄ခုနှစ်တုန်းကသူ့ရဲ့ဘုတ်အဖွဲ့ဝင်များနှင့်ဆွေးနွေးကာစတင်ခဲ့ပြီးနောက်၂၀၁၇-၀၈ရာသီမှာတော့အကောင်အထည်ဖော်ရေးအတွက်တွန်းအားပေးလုပ်ဆောင်ခဲ့ပါတယ်။

သူဟာ RealMadridLand တည်ဆောက်ပြီးယင်းအတွင်းတွင် Los Blanco Theme Park ရုံးချုပ်၊ လေ့ကျင့်ရေးကွင်းအဆောက်အဦးများ၊ ကွင်းသစ်ကိုပါတည်ဆောက်ရန်အကြံကြီးခဲ့တာဖြစ်ပါတယ်။

တကယ်လို့များသူ့ရဲ့စီမံကိန်းသာအကောင်အထည်ဖော်နိုင်မည်ဆိုပါက ရီးရဲလ်မက်ဒရစ်ကိုကွင်းပြင်ပတွင်မည်သည့်ကလပ်ကမျှလိုက်မီလာတော့မှာမဟုတ်ပါဘူး။

ဖလော်ရင်တီနိုပီရက်ဇ်ဟာသူ့အိပ်မက်အကောင်အထည်ဖော်ရေးအတွက် Disney စီအီးအိုဟောင်းမိုက်ကယ်အစ်နာအပြင်ဘုတ်အဖွဲ့ဝင်များကိုလည်းစည်းရုံးခဲ့ပါတယ်။

ယင်း RealMadridLand တွင် Disney Land ကဲ့သို့ပင် ကြီးမားတဲ့ကစားကွင်းကြီးလည်းပါဝင်လာမှာဖြစ်ပြီး ၂၀၀၂ ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းကဇီဒန်းကန်သွင်းခဲ့တဲ့လှပတဲ့ဂိုးရုပ်လည်းထည့်သွင်းလာပါမယ်။

ဖလော်ရင်တီနိုပီရက်ဇ်ဟာ အဘူဒါဘီရှိ Ferrari World amusement park ကို မြင်တွေ့ပြီးနောက်တည်ဆောက်ရန်စိတ်ကူးရရှိသွားတာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ယင်းစီမံကိန်းအတွက်ကုန်ကျစရိတ်ကယူရို၂.၅ဘီလီယံအထိရှိလာမယ့်အပြင်မြေနေရာလိုအပ်ချက်လည်းဧက၂၅၀နီးပါးအထိရှိလာပါမယ်။

ဒါပေမဲ့ပီရက်ဇ်တွင်အသုံးစရိတ်ယူရို၁.၄ဘီလီယံတည်းသာရှိပြီးမြေကလည်းဧက၁၄၀ဝန်းကျင်သာရှိပါတယ်။ဒါ့အပြင်မက်ဒရစ်တွင် Warner Theme Park ကလည်းရှိနေပြီးဖြစ်ပါတယ်။

ဒါကြောင့်လည်းပီရက်ဇ်ဟာRealMadridLand တည်ဆောက်ရေးအိပ်မက်ကို နောက်ဆုတ်ပြီးဘာနေဗျူးကွင်းကိုသာယူရိုသန်း၇၀၀သုံးစွဲပြီးအဆင့်မြှင့်မှုပြုလုပ်ခဲ့ပါတယ်။

ZawGyi

ဧက ၂၅၀ နီးပါးက်ယ္ဝန္းတဲ့ RealMadridLand တည္ေဆာက္ဖို႔ အိပ္မက္မက္ခဲ့တဲ့ ဖေလာ္ရင္တီႏိုပီရက္ဇ္

ဖေလာ္ရင္တီႏိုပီရက္ဇ္ဟာဘာေနဗ်ဴးကြင္းကိုစြန႔္ခြာၿပီး ကြင္းသစ္ပါဝင္တဲ့Theme Park တစ္ခုတည္ေဆာက္ရန္စီစဥ္ခဲ့ဖူးေၾကာင္းသိရပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ၁၉၄၇ခုႏွစ္ကတည္းကဘာေနဗ်ဴးကြင္းကိုအသုံးျပဳလာခဲ့တာျဖစ္ပါတယ္။ေဆာက္လုပ္ေရးအင္ဂ်င္နီယာဘီလွ်ံနာ ရီးရဲလ္မက္ဒရစ္ဥကၠဌဟာဘာေနဗ်ဴးကြင္းကိုစြန႔္ခြာၿပီး ေနေျမသစ္တစ္ခုဖန္တီးရန္စီစဥ္ထားခဲ့ပါတယ္။

သူဟာ၂၀၀၄ခုႏွစ္တုန္းကသူ႔ရဲ႕ဘုတ္အဖြဲ႕ဝင္မ်ားႏွင့္ေဆြးေႏြးကာစတင္ခဲ့ၿပီးေနာက္၂၀၁၇-၀၈ရာသီမွာေတာ့အေကာင္အထည္ေဖာ္ေရးအတြက္တြန္းအားေပးလုပ္ေဆာင္ခဲ့ပါတယ္။

သူဟာ RealMadridLand တည္ေဆာက္ၿပီးယင္းအတြင္းတြင္ Los Blanco Theme Park ႐ုံးခ်ဳပ္၊ ေလ့က်င့္ေရးကြင္းအေဆာက္အဦးမ်ား၊ ကြင္းသစ္ကိုပါတည္ေဆာက္ရန္အႀကံႀကီးခဲ့တာျဖစ္ပါတယ္။

တကယ္လို႔မ်ားသူ႔ရဲ႕စီမံကိန္းသာအေကာင္အထည္ေဖာ္ႏိုင္မည္ဆိုပါက ရီးရဲလ္မက္ဒရစ္ကိုကြင္းျပင္ပတြင္မည္သည့္ကလပ္ကမွ်လိုက္မီလာေတာ့မွာမဟုတ္ပါဘူး။

ဖေလာ္ရင္တီႏိုပီရက္ဇ္ဟာသူ႔အိပ္မက္အေကာင္အထည္ေဖာ္ေရးအတြက္ Disney စီအီးအိုေဟာင္းမိုက္ကယ္အစ္နာအျပင္ဘုတ္အဖြဲ႕ဝင္မ်ားကိုလည္းစည္း႐ုံးခဲ့ပါတယ္။

ယင္း RealMadridLand တြင္ Disney Land ကဲ့သို႔ပင္ ႀကီးမားတဲ့ကစားကြင္းႀကီးလည္းပါဝင္လာမွာျဖစ္ၿပီး ၂၀၀၂ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတုန္းကဇီဒန္းကန္သြင္းခဲ့တဲ့လွပတဲ့ဂိုး႐ုပ္လည္းထည့္သြင္းလာပါမယ္။

ဖေလာ္ရင္တီႏိုပီရက္ဇ္ဟာ အဘူဒါဘီရွိ Ferrari World amusement park ကို ျမင္ေတြ႕ၿပီးေနာက္တည္ေဆာက္ရန္စိတ္ကူးရရွိသြားတာလည္းျဖစ္ပါတယ္။

ဒါေပမဲ့ယင္းစီမံကိန္းအတြက္ကုန္က်စရိတ္ကယူ႐ို၂.၅ဘီလီယံအထိရွိလာမယ့္အျပင္ေျမေနရာလိုအပ္ခ်က္လည္းဧက၂၅၀နီးပါးအထိရွိလာပါမယ္။

ဒါေပမဲ့ပီရက္ဇ္တြင္အသုံးစရိတ္ယူ႐ို၁.၄ဘီလီယံတည္းသာရွိၿပီးေျမကလည္းဧက၁၄၀ဝန္းက်င္သာရွိပါတယ္။ဒါ့အျပင္မက္ဒရစ္တြင္ Warner Theme Park ကလည္းရွိေနၿပီးျဖစ္ပါတယ္။

ဒါေၾကာင့္လည္းပီရက္ဇ္ဟာRealMadridLand တည္ေဆာက္ေရးအိပ္မက္ကို ေနာက္ဆုတ္ၿပီးဘာေနဗ်ဴးကြင္းကိုသာယူ႐ိုသန္း၇၀၀သုံးစြဲၿပီးအဆင့္ျမႇင့္မႈျပဳလုပ္ခဲ့ပါတယ္။