ဧပြီလတွင်မှ ပြန်ကစားနိုင်မယ့် ဘာစီလိုနာပါရမီရှင်အန်ဆူးဖာတီ

ဘာစီလိုနာလူငယ်ပါရမီရှင်အင်ဆူးဖာတီဟာဘယ်ဖက်ဒူးဒဏ်ရာကိုခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရရာမှာ ဒဏ်ရာကောင်းမွန်မှုနှုန်းမှာနှေးကွေးလျက်ရှိနေခြင်းကြောင့်ဧပြီလတွင်မှပြန်လည်ကစားနိုင်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။

စပိန်လက်ရွေးစင်စတားဟာ၂၀၂၀ခုနှစ်၊နိုဝင်ဘာလတုန်းကဘက်တစ်နှင့်ပွဲစဉ်တွင်ဘယ်ဖက်ဒူးဒဏ်ရာရရှိကာခွဲစိတ်ကုသမှုခံယူခဲ့ရပြီးဒဏ်ရာကြောင့်အနားယူနေခဲ့ရပါတယ်။

အစောပိုင်းတုန်းကဘာစီလိုနာဆေးအဖွဲ့ကအန်ဆူးဖာတီမှာယခုလနှောင်းပိုင်းတွင်ပြန်လည်ကစားနိုင်မယ်လို့ခန့်မှန်ထားခဲ့ကြပါတယ်။

ဒါပေမယ့်ယခုအခါဘာစီလိုနာဆေးအဖွဲ့ကအန်ဆူးဖာတီရဲ့အသက်အရွယ်၊ဒဏ်ရာတိုးတက်မှုနှေးကွေးမှု တို့ကြောင့်ဧပြီလတွင်မှပြန်လည်ကစားနိုင်ရေးလုပ်ဆောင်ရန်ဆုံးဖြတ်လိုက်ကြပြီဖြစ်ပါတယ်။

အန်ဆူးဖာတီဟာဒဏ်ရာမှသက်သာကောင်းမွန်လာပြီဆိုပေမယ့်ယခုတိုင်လေ့ကျင့်ခန်းဆင်းနိုင်ခြင်း မရှိသေးပါဘူး။ဖာတီအနေဖြင့်လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီးနောက်ဘောလုံးဖြင့်လေ့ကျင့်ခန်းဆင်းနိုင်တဲ့အထိအချိန်ယူရဦးမှာဖြစ်ပါတယ်။

ZawGyi

ဧၿပီလတြင္မွ ျပန္ကစားႏိုင္မယ့္ ဘာစီလိုနာပါရမီရွင္အန္ဆူးဖာတီ

ဘာစီလိုနာလူငယ္ပါရမီရွင္အင္ဆူးဖာတီဟာဘယ္ဖက္ဒူးဒဏ္ရာကိုခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ရရာမွာ ဒဏ္ရာေကာင္းမြန္မႈႏႈန္းမွာေႏွးေကြးလ်က္ရွိေနျခင္းေၾကာင့္ဧၿပီလတြင္မွျပန္လည္ကစားႏိုင္ေတာ့မွာ ျဖစ္ေၾကာင္း သိရပါတယ္။

စပိန္လက္ေ႐ြးစင္စတားဟာ၂၀၂၀ခုႏွစ္၊ႏိုဝင္ဘာလတုန္းကဘက္တစ္ႏွင့္ပြဲစဥ္တြင္ဘယ္ဖက္ဒူးဒဏ္ရာရရွိကာခြဲစိတ္ကုသမႈခံယူခဲ့ရၿပီးဒဏ္ရာေၾကာင့္အနားယူေနခဲ့ရပါတယ္။

အေစာပိုင္းတုန္းကဘာစီလိုနာေဆးအဖြဲ႕ကအန္ဆူးဖာတီမွာယခုလေႏွာင္းပိုင္းတြင္ျပန္လည္ကစားႏိုင္မယ္လို႔ခန႔္မွန္ထားခဲ့ၾကပါတယ္။

ဒါေပမယ့္ယခုအခါဘာစီလိုနာေဆးအဖြဲ႕ကအန္ဆူးဖာတီရဲ႕အသက္အ႐ြယ္၊ဒဏ္ရာတိုးတက္မႈေႏွးေကြးမႈ တို႔ေၾကာင့္ဧၿပီလတြင္မွျပန္လည္ကစားႏိုင္ေရးလုပ္ေဆာင္ရန္ဆုံးျဖတ္လိုက္ၾကၿပီျဖစ္ပါတယ္။

အန္ဆူးဖာတီဟာဒဏ္ရာမွသက္သာေကာင္းမြန္လာၿပီဆိုေပမယ့္ယခုတိုင္ေလ့က်င့္ခန္းဆင္းႏိုင္ျခင္း မရွိေသးပါဘူး။ဖာတီအေနျဖင့္ေလ့က်င့္ခန္းျပန္ဆင္းႏိုင္ၿပီးေနာက္ေဘာလုံးျဖင့္ေလ့က်င့္ခန္းဆင္းႏိုင္တဲ့အထိအခ်ိန္ယူရဦးမွာျဖစ္ပါတယ္။