
ရိုးမားစတားပေါ်လိုဒိုင်ဘာလာဟာအသင်းဟောင်းဂျူဗင်တပ်ကိုမရရှိသေးတဲ့လုပ်ခကြွေးကျန်များအတွက်တရားစွဲဆိုရန်စီစဉ်နေပါတယ်။
အသက်၂၉နှစ်ရှိအာဂျင်တီးနားစတားဟာနွေရာသီတုန်းကစာချုပ်သစ်ချုပ်ဆိုရန်သဘောတူညီမှုရရှိပြီးနောက်၇နှစ်ကြာကစားလာခဲ့တဲ့ဂျူဗင်တပ်မှထွက်ခွာကာရိုးမားသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းခဲ့ပါတယ်။
ဒါပေမဲ့မီဒီယာများရဲ့ဖော်ပြချက်အရဂျူဗင်တပ်ဟာဒိုင်ဘာလာကိုလစာအပြည့်အဝေပေးချေခြင်းမရှိသေးဘဲလုပ်ခကြွေးကျန်များပေးရန်ကျန်နေသေးကြောင်းသိရပါတယ်။
La Gazzetta dello Sport ကဒိုင်ဘာလာဟာဂျူဗင်တပ်ထံမှလုပ်ခကြွေးကျန်ယူရို၃သန်းကျော်ကျန်နေသေးကြောင်းပြောကြားလာပါတယ်။
သူဟာ၂၀၂၃ခုနှစ်၊ဧပြီလနောက်ဆုံးထားပြီးပေးရန်ဂျူဗင်တပ်ကိုသတိပေးထားပြီးမရရှိပါကတရားစွဲသွားမည်ဖြစ်ကြောင်းခြိမ်းခြောက်လာပါတယ်။
ဒိုင်ဘာလာက “နောက်ဆုံးလလုပ်ခပေးခဲ့သလားမမှတ်မိတော့ဘူး။ဒါပေမဲ့ဂျူဗင်တပ်ဆီကအကြွေးရစရာရှိသေးတာတော့သိတယ်။သဘောတူညီမှုယူထားပြီးသားပါ။စာချုပ်တစ်ရပ်ရှိနေသေးရင်တော့နောက်ပိုင်းလတွေမှာလုပ်ခရလာပါမယ်။ဒါပေမဲ့ထွက်ခွာခဲ့ရင်လည်းပေးရပါဦးမယ်။၂၀၂၃ခုနှစ်၊ဧပြီနောက်ဆုံးထားပြီးဂျူဗင်တပ်ပေးရမှာသိပါတယ်။မပေးရင်တော့ရှေ့နေ့တွေကတောင်းပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်ကဒါမျိုးမဖြစ်စေချင်ပါဘူး။ဂျူဗင်တပ်ကိုတရားလည်းမစွဲချင်ပါဘူး”လို့ပြောကြားသွားပါတယ်။
ပေါ်လိုဒိုင်ဘာလာရဲ့ရှေ့နေလူကာဖာရာရီဟာဂျူဗင်တပ်ထံကြွေးကျန်များတရားဝင်တောင်းထားသလိုနစ်နာကြေးလည်းတောင်းထားကြောင်းသိရပါတယ်။
ဒိုင်ဘာလာဟာရိုးမားသို့ရောက်လာပြီးနောက်ဟိုဆေးမော်ရင်ဟိုရဲ့အရေးအပါဆုံးကစားသမားများထဲမှတစ်ဦးအဖြစ်ကစားနေပါတယ်။
ZawGyi
ဧပြီလနောက်ဆုံးထားပြီး လုပ်ခကြွေးကျန်မပေးလျှင် ဂျူဗင်တပ်ကို ဒိုင်ဘာလာတရားစွဲမည်