ဧရိယာအနီးတွင် မက်ဆီမှာ ရပ်တန့်မရသူဖြစ်ကြောင်း ဂွါဒီယိုလာချီးကျူး

လီယွန်နယ်မက်ဆီဟာမနေ့ညတုန်းကပက်ဂွါဒီယိုလာရဲ့မန်စီးတီးကိုပီအက်စ်ဂျီက၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာသူ့ရဲ့ပီအက်စ်ဂျီအတွက်ပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

မက်ဆီဟာဒုတိယပိုင်းမှာဘက်ပေးနှင့်ဝမ်းတူးရိုက်ပြီးပင်နယ်တီဧရိယာအစပ်ကနေ လှလှပပကန်သွင်းပြီးပီအက်စ်ဂျီအတွက်ဒုတိယအနိုင်ဂိုးကိုသွင်းယူခဲ့တာဖြစ်ပါတယ်။ယင်းဂိုးဟာမက်ဆီအတွက်ချန်ပီယံလိဂ်ဂိုး၁၂၁မြောက်ဂိုးဖြစ်သလိုပီအက်စ်ဂျီအတွက်ပထမဆုံးသွင်းယူတဲ့ဂိုးလည်းဖြစ်ပါတယ်။

ပက်ဂွါဒီယိုလာက “ဒီဂိုး(မက်ဆီ)ကအရမ်းလှပါတယ်။သူကဘောလုံးများများစားစားမထိခဲ့ရပေမယ့်မိနစ်၉၀လုံးလီယိုကိုထိန်းဖို့ဆိုတာမဖြစ်နိုင်ပါဘူး။သူပြေးလွှားပြီးဧရိယာသို့ဆွဲပြေးနိုင်စွမ်းရှိတာသိထားပြီးသားပါ။အဲဒီလိုအခါမျိုးမှာသူကရပ်တန့်ဖို့မဖြစ်နိုင်တဲ့သူပါ။အစကတည်းကသိထားပြီးသားပါ။ပြောလည်းပြောခဲ့ပြီးပါပြီ။ဒီလောက်ပါရမီရှင်တွေစုဖွဲ့ထားတဲ့အသင်းကိုမိနစ်၉၀လုံးလုံးရပ်တန့်နိုင်စွမ်းမရှိပါဘူး။တစ်ခုတည်းသောရွေးချယ်စရာကမိနစ်၉၀လုံးလုံးခံစစ်ကစားပြီးဘောလုံးယူမယ်၊ပြီးရင်ကစားကွက်တည်ဆောက်ဖို့ဘဲရှိပါတယ်”လို့ပြောကြားသွားပါတယ်။

မက်ဆီဟာနွေရာသီတွင်ပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းလာပြီးနောက်ပီအက်စ်ဂျီအတွက်စတုတ္ထမြောက်ပွဲတွင်ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီက “တလောတုန်းကမကစားနိုင်ခဲ့ပါဘူး။ဒီကွင်းမှာဒုတိယမြောက်ကစားတဲ့ပွဲပါ။အသင်းသစ်နဲ့အံဝင်အောင်လုပ်ဖို့ကြိုးစားနေပါတယ်။ကျွန်တော်တို့ပွဲတွေကစားရင်းတယောက်နဲ့တယောက်ပိုပြီးတော့သိလာနေပါတယ်။အတူတူလက်တွဲပြီးပိုကောင်းအောင် လုပ်မယ်။အကောင်းဆုံးခြေစွမ်းကိုထိန်းပါမယ်။မန်စီးတီးကပြိုင်ဘက်ကောင်းပါ။ဘရုဂျက်နဲ့ပွဲသရေကျခဲ့တော့ဒီပွဲအနိုင်ရဖို့အရမ်းအရေးပါနေပါတယ်။ဂိုးသွင်းနိုင်လို့ပျော်ပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ဧရိယာအနီးတြင္ မက္ဆီမွာ ရပ္တန႔္မရသူျဖစ္ေၾကာင္း ဂြါဒီယိုလာခ်ီးက်ဴး

လီယြန္နယ္မက္ဆီဟာမေန႔ညတုန္းကပက္ဂြါဒီယိုလာရဲ႕မန္စီးတီးကိုပီအက္စ္ဂ်ီက၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာသူ႔ရဲ႕ပီအက္စ္ဂ်ီအတြက္ပထမဆုံးဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။

မက္ဆီဟာဒုတိယပိုင္းမွာဘက္ေပးႏွင့္ဝမ္းတူး႐ိုက္ၿပီးပင္နယ္တီဧရိယာအစပ္ကေန လွလွပပကန္သြင္းၿပီးပီအက္စ္ဂ်ီအတြက္ဒုတိယအႏိုင္ဂိုးကိုသြင္းယူခဲ့တာျဖစ္ပါတယ္။ယင္းဂိုးဟာမက္ဆီအတြက္ခ်န္ပီယံလိဂ္ဂိုး၁၂၁ေျမာက္ဂိုးျဖစ္သလိုပီအက္စ္ဂ်ီအတြက္ပထမဆုံးသြင္းယူတဲ့ဂိုးလည္းျဖစ္ပါတယ္။

ပက္ဂြါဒီယိုလာက “ဒီဂိုး(မက္ဆီ)ကအရမ္းလွပါတယ္။သူကေဘာလုံးမ်ားမ်ားစားစားမထိခဲ့ရေပမယ့္မိနစ္၉၀လုံးလီယိုကိုထိန္းဖို႔ဆိုတာမျဖစ္ႏိုင္ပါဘူး။သူေျပးလႊားၿပီးဧရိယာသို႔ဆြဲေျပးႏိုင္စြမ္းရွိတာသိထားၿပီးသားပါ။အဲဒီလိုအခါမ်ိဳးမွာသူကရပ္တန႔္ဖို႔မျဖစ္ႏိုင္တဲ့သူပါ။အစကတည္းကသိထားၿပီးသားပါ။ေျပာလည္းေျပာခဲ့ၿပီးပါၿပီ။ဒီေလာက္ပါရမီရွင္ေတြစုဖြဲ႕ထားတဲ့အသင္းကိုမိနစ္၉၀လုံးလုံးရပ္တန႔္ႏိုင္စြမ္းမရွိပါဘူး။တစ္ခုတည္းေသာေ႐ြးခ်ယ္စရာကမိနစ္၉၀လုံးလုံးခံစစ္ကစားၿပီးေဘာလုံးယူမယ္၊ၿပီးရင္ကစားကြက္တည္ေဆာက္ဖို႔ဘဲရွိပါတယ္”လို႔ေျပာၾကားသြားပါတယ္။

မက္ဆီဟာေႏြရာသီတြင္ပီအက္စ္ဂ်ီသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းလာၿပီးေနာက္ပီအက္စ္ဂ်ီအတြက္စတုတၳေျမာက္ပြဲတြင္ပထမဆုံးဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

မက္ဆီက “တေလာတုန္းကမကစားႏိုင္ခဲ့ပါဘူး။ဒီကြင္းမွာဒုတိယေျမာက္ကစားတဲ့ပြဲပါ။အသင္းသစ္နဲ႔အံဝင္ေအာင္လုပ္ဖို႔ႀကိဳးစားေနပါတယ္။ကြၽန္ေတာ္တို႔ပြဲေတြကစားရင္းတေယာက္နဲ႔တေယာက္ပိုၿပီးေတာ့သိလာေနပါတယ္။အတူတူလက္တြဲၿပီးပိုေကာင္းေအာင္ လုပ္မယ္။အေကာင္းဆုံးေျခစြမ္းကိုထိန္းပါမယ္။မန္စီးတီးကၿပိဳင္ဘက္ေကာင္းပါ။ဘ႐ုဂ်က္နဲ႔ပြဲသေရက်ခဲ့ေတာ့ဒီပြဲအႏိုင္ရဖို႔အရမ္းအေရးပါေနပါတယ္။ဂိုးသြင္းႏိုင္လို႔ေပ်ာ္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။