ဧရိယာအပြင်မှာ ဘောလုံးကို ရှုူးရှုးမိုက်မိုက်ပုတ်ထုတ်ခဲ့လို့ အနီကတ်ပြခံခဲ့ရတဲ့ အာဆင်နယ်ဂိုးသမားလီနို

အာဆင်နယ်ဂိုးသမားဘန်းလီနိုဟာမနေ့ညတုန်းကဝုဗ်နှင့်ပရီးမီးယားလိဂ်ပွဲစဉ်တွင်ဧရိယာအပြင်ဘက်တွင်ဘောလုံးကိုလက်ဖြင့်မိုက်ရှုူးရဲစွာပုတ်ထုတ်ခဲ့မှုကြောင့်တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

အာတီတာရဲ့အာဆင်နယ်ဟာဂျာမန်ဂိုးသမားကဧရိယာအပြင်ဘက်တွင်ဘောလုံးကိုလက်ဖြတ်ပုတ်ထုတ်မှုကြောင့် အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရမှုနဲ့အတူဝုဗ်ကိုကိုးဦးတည်းဖြင့်ရင်ဆိုင်ကစားခဲ့ရပါတယ်။

လီနိုမတိုင်မီအာဆင်နယ်နောက်ခံလူဒေးဗစ်လုဇ်လည်းအနီကတ်ပြထုတ်ပယ်ခြင်းခဲ့ရပါတယ်။လီနိုဟာ၁၉၉၃ခုနှစ်တုန်းကဝက်စ်ဟမ်းနှင့်ပွဲတွင်ဒေးဗစ်ဆီးမင်းအထုတ်ခံရပြီးနောက်ဧရိယာအပြင်တွင် ဘောလုံးကိုလက်ဖြင့်ပုတ်ထုတ်မှုကြောင့်အနီကတ်ပြသခံရတဲ့ဒုတိယမြောက်အာဆင်နယ်ဂိုးသမား ဖြစ်လာခဲ့ပါတယ်။လီနီဟာယင်းအနီကတ်ကြောင့်ဗီလာနှင့်ကစားမယ့်ပွဲကိုလွဲချော်ပါမယ်။

တကယ်တော့အာဆင်နယ်ဟာဝုဗ်နှင့်ပွဲစဉ်မှာတာထွက်ကောင်းခဲ့ပါတယ်။အာဆင်နယ်ဟာပီပီရဲ့ဝုဗ်နောက်ခံလူနှစ်ဦးကိုအရှုူးလုပ်ကာသွင်းယူခဲ့တဲ့ဂိုးနဲ့ပွဲကိုဦးဆောင်နိုင်ခဲ့တာပါ။ဒါပေမယ့်ဝုဗ်တိုက်စစ်မှူးသစ်ဝီလီယံဟိုဆေးကိုဒေးဗစ်လုဇ်ကတားဆီးတယ်ဆိုပြီးဒိုင်လူကြီးကအငြင်းပွားဖွယ်ရာအနီကတ်ပြထုတ်ပယ်ခဲ့ပြီးပင်နယ်တီပါပေးခဲ့ပါတယ်။ ယင်းပင်နယ်တီကိုရူဘင်နီဗက်စ်ကသွင်းယူပြီးဝုဗ်အတွက်ချေပဂိုးကိုသွင်းယူခဲ့ပါတယ်။ဝုဗ်အတွက်အနိုင်ဂိုးကိုမော်တင်ဟိုကဧရိယာအပြင်ကနေအမိုက်စားအပြင်းကန်ချက်ဖြင့်သွင်းယူခဲ့ပါတယ်။

ZawGyi

ဧရိယာအျပင္မွာ ေဘာလုံးကို ရႈူးရႈးမိုက္မိုက္ပုတ္ထုတ္ခဲ့လို႔ အနီကတ္ျပခံခဲ့ရတဲ့ အာဆင္နယ္ဂိုးသမားလီႏို

အာဆင္နယ္ဂိုးသမားဘန္းလီႏိုဟာမေန႔ညတုန္းကဝုဗ္ႏွင့္ပရီးမီးယားလိဂ္ပြဲစဥ္တြင္ဧရိယာအျပင္ဘက္တြင္ေဘာလုံးကိုလက္ျဖင့္မိုက္ရႈူးရဲစြာပုတ္ထုတ္ခဲ့မႈေၾကာင့္တိုက္႐ိုက္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

အာတီတာရဲ႕အာဆင္နယ္ဟာဂ်ာမန္ဂိုးသမားကဧရိယာအျပင္ဘက္တြင္ေဘာလုံးကိုလက္ျဖတ္ပုတ္ထုတ္မႈေၾကာင့္ အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရမႈနဲ႔အတူဝုဗ္ကိုကိုးဦးတည္းျဖင့္ရင္ဆိုင္ကစားခဲ့ရပါတယ္။

လီႏိုမတိုင္မီအာဆင္နယ္ေနာက္ခံလူေဒးဗစ္လုဇ္လည္းအနီကတ္ျပထုတ္ပယ္ျခင္းခဲ့ရပါတယ္။လီႏိုဟာ၁၉၉၃ခုႏွစ္တုန္းကဝက္စ္ဟမ္းႏွင့္ပြဲတြင္ေဒးဗစ္ဆီးမင္းအထုတ္ခံရၿပီးေနာက္ဧရိယာအျပင္တြင္ ေဘာလုံးကိုလက္ျဖင့္ပုတ္ထုတ္မႈေၾကာင့္အနီကတ္ျပသခံရတဲ့ဒုတိယေျမာက္အာဆင္နယ္ဂိုးသမား ျဖစ္လာခဲ့ပါတယ္။လီနီဟာယင္းအနီကတ္ေၾကာင့္ဗီလာႏွင့္ကစားမယ့္ပြဲကိုလြဲေခ်ာ္ပါမယ္။

တကယ္ေတာ့အာဆင္နယ္ဟာဝုဗ္ႏွင့္ပြဲစဥ္မွာတာထြက္ေကာင္းခဲ့ပါတယ္။အာဆင္နယ္ဟာပီပီရဲ႕ဝုဗ္ေနာက္ခံလူႏွစ္ဦးကိုအရႈူးလုပ္ကာသြင္းယူခဲ့တဲ့ဂိုးနဲ႔ပြဲကိုဦးေဆာင္ႏိုင္ခဲ့တာပါ။ဒါေပမယ့္ဝုဗ္တိုက္စစ္မႉးသစ္ဝီလီယံဟိုေဆးကိုေဒးဗစ္လုဇ္ကတားဆီးတယ္ဆိုၿပီးဒိုင္လူႀကီးကအျငင္းပြားဖြယ္ရာအနီကတ္ျပထုတ္ပယ္ခဲ့ၿပီးပင္နယ္တီပါေပးခဲ့ပါတယ္။ ယင္းပင္နယ္တီကို႐ူဘင္နီဗက္စ္ကသြင္းယူၿပီးဝုဗ္အတြက္ေခ်ပဂိုးကိုသြင္းယူခဲ့ပါတယ္။ဝုဗ္အတြက္အႏိုင္ဂိုးကိုေမာ္တင္ဟိုကဧရိယာအျပင္ကေနအမိုက္စားအျပင္းကန္ခ်က္ျဖင့္သြင္းယူခဲ့ပါတယ္။