ဩဂုတ်လ ၂၉ ရက်နေ့ ရိမ်းစ်နှင့်ပွဲတွင် ပီအက်စ်ဂျီအတွက် ပထမဆုံးပွဲကစားမယ့် မက်ဆီ

လီယွန်နယ်မက်ဆီဟာလာမယ့်ဩဂုတ်လ၂၉ရက်နေ့တွင်ရိမ်းစ်နှင့်ကစားမယ့်လီဂူး၁ပွဲစဉ်တွင်ပီအက်စ်ဂျီအတွက်ပထမဆုံးပွဲအဖြစ်ကစားလာနိုင်ဖို့ရှိနေကြောင်းသိရပါတယ်။

အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာပြီးခဲ့တဲ့အပတ်တုန်းကပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့ပြီးနောက်ကလပ်သစ်နှင့်အတူသုံးကြိမ်တည်းသာလေ့ကျင့်ခန်းဆင်းရသေးသူလည်းဖြစ်ပါတယ်။

မက်ဆီဟာသောကြာနေ့တွင်ဘရက်စ်အားအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမယ့်လီဂူး၁ပွဲစဉ်ကိုလည်းလွဲချော်ဦးမှာဖြစ်ပါတယ်။

ဒါပေမယ့်ပီအက်စ်ဂျီပရိသတ်များဟာယခုလနှောင်းပိုင်းမှာရိမ်းစ်အားရင်ဆိုင်ကစားရမယ့်လီဂူး၁ပွဲစဉ်မှာတော့မက်ဆီရဲ့ကစားဟန်ကိုမြင်တွေ့ရတော့မှာဖြစ်ပါတယ်။

မက်ဆီဟာအာဂျင်တီးနားနှင့်အတူကိုပါအမေရိကဖလားရရှိပြီးနောက်အပန်းဖြေအနားယူလာခဲ့တာဖြစ်ပြီးရာသီကြိုလေ့ကျင့်ခန်းမရှိမှုနဲ့အတူပွဲကစားရန်ကြံ့ခိုင်မှုမရှိမှုကြောင့်ယင်းသို့ပွဲကစားရန်စောင့်ဆိုင်းနေခဲ့ရတာလည်းဖြစ်ပါတယ်။

ZawGyi

ဩဂုတ္လ ၂၉ ရက္ေန႔ ရိမ္းစ္ႏွင့္ပြဲတြင္ ပီအက္စ္ဂ်ီအတြက္ ပထမဆုံးပြဲကစားမယ့္ မက္ဆီ

လီယြန္နယ္မက္ဆီဟာလာမယ့္ဩဂုတ္လ၂၉ရက္ေန႔တြင္ရိမ္းစ္ႏွင့္ကစားမယ့္လီဂူး၁ပြဲစဥ္တြင္ပီအက္စ္ဂ်ီအတြက္ပထမဆုံးပြဲအျဖစ္ကစားလာႏိုင္ဖို႔ရွိေနေၾကာင္းသိရပါတယ္။

အာဂ်င္တီးနားအသင္းေခါင္းေဆာင္ဟာၿပီးခဲ့တဲ့အပတ္တုန္းကပီအက္စ္ဂ်ီသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းေ႐ႊ႕ၿပီးေနာက္ကလပ္သစ္ႏွင့္အတူသုံးႀကိမ္တည္းသာေလ့က်င့္ခန္းဆင္းရေသးသူလည္းျဖစ္ပါတယ္။

မက္ဆီဟာေသာၾကာေန႔တြင္ဘရက္စ္အားအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရမယ့္လီဂူး၁ပြဲစဥ္ကိုလည္းလြဲေခ်ာ္ဦးမွာျဖစ္ပါတယ္။

ဒါေပမယ့္ပီအက္စ္ဂ်ီပရိသတ္မ်ားဟာယခုလေႏွာင္းပိုင္းမွာရိမ္းစ္အားရင္ဆိုင္ကစားရမယ့္လီဂူး၁ပြဲစဥ္မွာေတာ့မက္ဆီရဲ႕ကစားဟန္ကိုျမင္ေတြ႕ရေတာ့မွာျဖစ္ပါတယ္။

မက္ဆီဟာအာဂ်င္တီးနားႏွင့္အတူကိုပါအေမရိကဖလားရရွိၿပီးေနာက္အပန္းေျဖအနားယူလာခဲ့တာျဖစ္ၿပီးရာသီႀကိဳေလ့က်င့္ခန္းမရွိမႈနဲ႔အတူပြဲကစားရန္ႀကံ့ခိုင္မႈမရွိမႈေၾကာင့္ယင္းသို႔ပြဲကစားရန္ေစာင့္ဆိုင္းေနခဲ့ရတာလည္းျဖစ္ပါတယ္။