ဩစတြီးယားဂရောင်းပရီမှာ ဂိုးသမားအဖြစ် အင်တာဗျူးခံခဲ့ရတဲ့ တီမိုဝါနာရဲ့ဖြစ်အင်

ဩစတြီးယားဂရောင်းပရီမှာသတင်းထောက်တစ်ဦးဟာချဲလ်ဆီးနှင့်ဂျာမနီတိုက်စစ်မှူးတီမိုဝါနာကိုဂိုးသမားတစ်ဦးအဖြစ်မိတ်ဆက်ပြီးတိုက်ရိုက်ရုပ်သံအင်တာဗျူးတစ်ခုကိုမှားယွင်းစွာပြုလုပ်ခဲ့ပါတယ်။

အသက်၂၅နှစ်ရှိချဲလ်ဆီးတိုက်စစ်မှူးဟာဂျာမနီအသင်းယူရိုမှထွက်ခွာရပြီးနောက် ဩစတြီးယားမှာကျင်းပနေတဲ့ဖော်မြူလာဝမ်းပြိုင်ပွဲကိုကြည့်ရှုအနားယူနေပါတယ်။

Red Bull Ring တွင်ပြုလုပ်တဲ့ယင်းပြိုင်ပွဲတွင် Sky Sports မှတင်ဆက်သူနာတာလီပင့်ဟမ်က “အခုရှိနေတာကတော့တီမိုဝါနာဖြစ်ပါတယ်ရှင်။ချဲလ်ဆီးနဲ့ဂျာမနီဂိုးသမားဖြစ်ပါတယ်။နေကောင်းလားရှင့်?”ဆိုပြီးမှားယွင်းမိတ်ဆက်ခဲ့ပါတယ်။

ဝါနာဟာသတင်းထောက်ရဲ့မှားယွင်းမိတ်ဆက်မှုကိုဂရုမစိုက်ဘဲ “နေကောင်းပါတယ်။ကျေးဇူးပါ”ဆိုပြီးတုံ့ပြန်ခဲ့ပါတယ်။

ဒါပေမယ့်ယင်းအင်တာဗျူးမှာတီမိုဝါနာကအင်္ဂလန်အသင်းအားယူရိုချန်ပီယံဖြစ်လာမယ့်အသင်းအဖြစ်ထောက်ခံအားပေးသွားပါတယ်။

ဝါနာရဲ့ဂျာမနီဟာ၁၆သင်းရှုံးထွက်အဆင့်မှာအင်္ဂလန်ကို၂-၀ဂိုးဖြင့်ရှုံးနိမ့်ကာယူရို၂၀၂၀ပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။

ZawGyi

ဩစႀတီးယားဂေရာင္းပရီမွာ ဂိုးသမားအျဖစ္ အင္တာဗ်ဴးခံခဲ့ရတဲ့ တီမိုဝါနာရဲ႕ျဖစ္အင္

ဩစႀတီးယားဂေရာင္းပရီမွာသတင္းေထာက္တစ္ဦးဟာခ်ဲလ္ဆီးႏွင့္ဂ်ာမနီတိုက္စစ္မႉးတီမိုဝါနာကိုဂိုးသမားတစ္ဦးအျဖစ္မိတ္ဆက္ၿပီးတိုက္႐ိုက္႐ုပ္သံအင္တာဗ်ဴးတစ္ခုကိုမွားယြင္းစြာျပဳလုပ္ခဲ့ပါတယ္။

အသက္၂၅ႏွစ္ရွိခ်ဲလ္ဆီးတိုက္စစ္မႉးဟာဂ်ာမနီအသင္းယူ႐ိုမွထြက္ခြာရၿပီးေနာက္ ဩစႀတီးယားမွာက်င္းပေနတဲ့ေဖာ္ျမဴလာဝမ္းၿပိဳင္ပြဲကိုၾကည့္ရႈအနားယူေနပါတယ္။

Red Bull Ring တြင္ျပဳလုပ္တဲ့ယင္းၿပိဳင္ပြဲတြင္ Sky Sports မွတင္ဆက္သူနာတာလီပင့္ဟမ္က “အခုရွိေနတာကေတာ့တီမိုဝါနာျဖစ္ပါတယ္ရွင္။ခ်ဲလ္ဆီးနဲ႔ဂ်ာမနီဂိုးသမားျဖစ္ပါတယ္။ေနေကာင္းလားရွင့္?”ဆိုၿပီးမွားယြင္းမိတ္ဆက္ခဲ့ပါတယ္။

ဝါနာဟာသတင္းေထာက္ရဲ႕မွားယြင္းမိတ္ဆက္မႈကိုဂ႐ုမစိုက္ဘဲ “ေနေကာင္းပါတယ္။ေက်းဇူးပါ”ဆိုၿပီးတုံ႔ျပန္ခဲ့ပါတယ္။

ဒါေပမယ့္ယင္းအင္တာဗ်ဴးမွာတီမိုဝါနာကအဂၤလန္အသင္းအားယူ႐ိုခ်န္ပီယံျဖစ္လာမယ့္အသင္းအျဖစ္ေထာက္ခံအားေပးသြားပါတယ္။

ဝါနာရဲ႕ဂ်ာမနီဟာ၁၆သင္းရႈံးထြက္အဆင့္မွာအဂၤလန္ကို၂-၀ဂိုးျဖင့္ရႈံးနိမ့္ကာယူ႐ို၂၀၂၀ၿပိဳင္ပြဲမွထြက္ခြာခဲ့ရပါတယ္။