ဩစတြေးလျနည်းပြဟောင်းပိုစတီကိုလူကို နည်းပြသစ်အဖြစ် ဆဲလ်တစ်ခန့်အပ်

ဆဲလ်တစ်ဟာအင်ဂျီပိုစတီကိုလူကိုနည်းပြသစ်အဖြစ်ခန့်အပ်လိုက်ပါတယ်။ပိုစတီကိုလူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဂျေလိဂ်ကလပ်ယိုကိုဟားမားအက်ဖ်မရီနို့စ်အားဂျေလိဂ်ဖလားရရှိအောင်ဆွတ်ခူးပေးခဲ့သူဖြစ်ပါတယ်။

အသက်၅၅နှစ်ရှိနည်းပြဟာဇူလိုင်လ၅ရက်နေ့တွင်ပြုလုပ်မယ့်ဆဲလ်တစ်ရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်မှာအသင်းနှင့်စတင်ပူးပေါင်းသွားပါမယ်။

ဂရိဖွား ဩစတြေးလျနိုင်ငံသားနည်းပြဟာဥရောပအတွေ့အကြုံနည်းပါးပေမယ့်ဩစတြေးလျအေလိဂ်မှာပရီးမီးယားလိဂ်နှင့်ချန်ပီယံရှစ်ဖလားတို့ဆွတ်ခူးခဲ့ဖူးသူဖြစ်ပါတယ်။

သူဟာဩစတြေးလျအသင်းနှင့်အတူ၂၀၁၄ကမ္ဘာ့ဖလားယှဉ်ပြိုင်ခဲ့ဖူးပြီး၂၀၁၈ကမ္ဘာ့ဖလားမတိုင်မီရက်သတ္တပတ်အနည်းငယ်အလိုမှာနည်းပြရာထူးမှနုတ်ထွက်ခဲ့သူဖြစ်ပါတယ်။

သူဟာဆဲလ်တစ်နှင့်၁၂လစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီးအောင်မြင်မှုအပေါ်မူတည်ကာစာချုပ်သက်တမ်းတိုးနိုင်မယ့်အချက်ကိုစာချုပ်အတွင်းမှာထည့်သွင်းထားပါတယ်။

ZawGyi





