၁၀၉နှစ်ကြာအက်ဖ်အေဖလားစံချိန်ကိုလိုက်မီသွားခဲ့ပြီဖြစ်တဲ့ မန်ယူ

မန်ယူဟာအင်္ဂါနေ့တုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင်ဝက်စ်ဟမ်းကိုအနိုင်ရရှိပြီးနောက်အက်ဖ်အေဖလားအိမ် ကွင်းပွဲကိုးပွဲဆက်တိုက်အနိုင်ရတဲ့စံချိန်ရရှိခဲ့ပါတယ်။

အိုလီဂန်းနားဆိုးလ်ရှားရဲ့မန်ယူဟာ၁၉၁၂ခုနှစ်တုန်းကရေးထိုးခဲ့တဲ့အက်ဖ်အေဖလားအိမ်ကွင်းကိုးပွဲဆက်အနိုင်ရရှိတဲ့စံချိန်ကိုလိုက်မီသွားခဲ့တာလည်းဖြစ်ပါတယ်။

မနေ့ညတုန်းကကစားခဲ့တဲ့မန်ယူနှင့်ဝက်စ်ဟမ်းပွဲစဉ်တွင်မန်ယူဟာပွဲချိန်၉၇မိနစ်တွင်ကွင်းလယ်ကစားသ မားစကော့မက်တိုမီနေးသွင်းယူတဲ့တစ်လုံးတည်းသောဂိုးဖြင့်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

မန်ယူဟာယခင်တုန်းက၁၉၀၈မှ၁၉၁၂ခုနှစ်အတွင်းတွင်အက်ဖ်အေဖလားအိမ်ကွင်းကိုးပွဲဆက်နိုင်ပွဲရရှိခဲ့ကာအက်ဖ်အေဖလားတွင်အကောင်းဆုံးအိမ်ကွင်းရလဒ်မှတ်တမ်းရရှိခဲ့ပါတယ်။

ဝက်စ်ဟမ်းနှင့်ပွဲစဉ်တွင်မန်ယူတိုက်စစ်မှူးမားကပ်စ်ရပ်ရှ်ဖို့ဒ်မှာလည်းကလပ်အတွက်ပွဲ၂၅၀ပြည့်ခဲ့ပါတယ်။ အသက်၂၃နှစ်ရှိတိုက်စစ်မှူးဟာနော်မန်ဝှိုက်ဆိုက်၊ဂျော့ဘတ်စ်၊ရိုင်ယန်ဂစ်တို့ပြီးလျှင်အသက်အငယ်ဆုံး မန်ယူအတွက်ပွဲ၂၅၀ပြည့်တဲ့ကစားသမားဖြစ်လာပါတယ်။

ZawGyi





