၁၀ စက္ကန့်ဖြင့် ချန်ပီယံလိဂ်သမိုင်းတွင် အမြန်ဆုံးဒုတိယပိုင်းဂိုးပေးခဲ့ရတဲ့ ချဲလ်ဆီး

ဂျူဗင်တပ်ဟာမနေ့ညတုန်းကချဲလ်ဆီးနှင့်ချန်ပီယံလိဂ်ပွဲစဉ်တွင်ဒုတိယပိုင်း၁၀စက္ကန့်တွင်သွင်းယူတဲ့ဂိုးဖြင့်နိုင်ပွဲရယူကာချန်ပီယံလိဂ်သမိုင်းမှတ်တမ်းရေးထိုးခဲ့ပါတယ်။

အသက်၂၂နှစ်ရှိဂျူဗင်တပ်တောင်ပံတိုက်စစ်သမားဖီဒီရီကိုချီယေဆာဟာဒုတိယပိုင်းအစပွဲချိန်၁၀စက္ကန့်မှာဘဲဂိုးသွင်းကာချန်ပီယံလိဂ်သမိုင်းတွင်အမြန်ဆုံးဒုတိယပိုင်းဂိုးကိုသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

ဒုတိယပိုင်းအစမှာလီယိုနာဒိုဘိုနုခီရဲ့အဝေးဘောကနေရာဘီယော့ကဘာနာဒက်ချီရဲ့လမ်းကြောင်းသို့ခေါင်းတိုက်ချပေးခဲ့ပါတယ်။အီတလီကစားသမားကချီယေဆာသို့လမ်းကြောင်းပေါ်သို့ချပေးခဲ့ပါတယ်။အီတလီစတားချီယေဆာဟာဘယ်ခြေဖြင့်မနားတမ်းကန်သွင်းခဲ့ပါတယ်။

Opta က၂၀၀၃-၀၄ခုနှစ်မှစတင်ကာသူတို့အချက်အလက်များစတင်ရယူပြီးနောက်ပိုင်းတွင်ချီယေဆာသွင်းယူတဲ့ဂိုးမှာချန်ပီယံလိဂ်သမိုင်းတွင်အမြန်ဆုံးဒုတိယပိုင်းဂိုးလို့ဖော်ပြသွားပါတယ်။

ချန်ပီယံလိဂ်သမိုင်းတွင်အမြန်ဆုံးဂိုးဖြင့်ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးမက်ကေးက၂၀၀၇ခုနှစ်ရီးရဲလ်မက်ဒရစ်နှင့်ချန်ပီယံလိဂ်ပွဲစဉ်ရဲ့ပွဲချိန်၁၀.၁စက္ကန့်မှာသွင်းယူခဲ့ပါတယ်။

ချဲလ်ဆီးဟာဂျူဗင်တပ်ကိုဘောလုံးပိုင်ဆိုင်မှု၇၃ရာခိုင်နှုန်းအထိရယူကာကစားနိုင်ခဲ့ပေမယ့်လည်းဂိုးပေါက်တည့်တဲ့ကန်ချက်တစ်ကြိမ်တည်းဘဲပြုလုပ်နိုင်ခဲ့ကာရုန်းကန်ခဲ့ရပါတယ်။

ယခုရာသီအစမှာရုန်းကန်မှုများပြုလုပ်နေရတဲ့အယ်လီဂရီရဲ့ဂျူဗင်တပ်ကတော့ချီယေဆာရဲ့အနိုင်ဂိုးနဲ့အတူချဲလ်ဆီးကို၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ZawGyi

၁၀ စကၠန႔္ျဖင့္ ခ်န္ပီယံလိဂ္သမိုင္းတြင္ အျမန္ဆုံးဒုတိယပိုင္းဂိုးေပးခဲ့ရတဲ့ ခ်ဲလ္ဆီး

ဂ်ဴဗင္တပ္ဟာမေန႔ညတုန္းကခ်ဲလ္ဆီးႏွင့္ခ်န္ပီယံလိဂ္ပြဲစဥ္တြင္ဒုတိယပိုင္း၁၀စကၠန႔္တြင္သြင္းယူတဲ့ဂိုးျဖင့္ႏိုင္ပြဲရယူကာခ်န္ပီယံလိဂ္သမိုင္းမွတ္တမ္းေရးထိုးခဲ့ပါတယ္။

အသက္၂၂ႏွစ္ရွိဂ်ဴဗင္တပ္ေတာင္ပံတိုက္စစ္သမားဖီဒီရီကိုခ်ီေယဆာဟာဒုတိယပိုင္းအစပြဲခ်ိန္၁၀စကၠန႔္မွာဘဲဂိုးသြင္းကာခ်န္ပီယံလိဂ္သမိုင္းတြင္အျမန္ဆုံးဒုတိယပိုင္းဂိုးကိုသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

ဒုတိယပိုင္းအစမွာလီယိုနာဒိုဘိုႏုခီရဲ႕အေဝးေဘာကေနရာဘီေယာ့ကဘာနာဒက္ခ်ီရဲ႕လမ္းေၾကာင္းသို႔ေခါင္းတိုက္ခ်ေပးခဲ့ပါတယ္။အီတလီကစားသမားကခ်ီေယဆာသို႔လမ္းေၾကာင္းေပၚသို႔ခ်ေပးခဲ့ပါတယ္။အီတလီစတားခ်ီေယဆာဟာဘယ္ေျချဖင့္မနားတမ္းကန္သြင္းခဲ့ပါတယ္။

Opta က၂၀၀၃-၀၄ခုႏွစ္မွစတင္ကာသူတို႔အခ်က္အလက္မ်ားစတင္ရယူၿပီးေနာက္ပိုင္းတြင္ခ်ီေယဆာသြင္းယူတဲ့ဂိုးမွာခ်န္ပီယံလိဂ္သမိုင္းတြင္အျမန္ဆုံးဒုတိယပိုင္းဂိုးလို႔ေဖာ္ျပသြားပါတယ္။

ခ်န္ပီယံလိဂ္သမိုင္းတြင္အျမန္ဆုံးဂိုးျဖင့္ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉးမက္ေကးက၂၀၀၇ခုႏွစ္ရီးရဲလ္မက္ဒရစ္ႏွင့္ခ်န္ပီယံလိဂ္ပြဲစဥ္ရဲ႕ပြဲခ်ိန္၁၀.၁စကၠန႔္မွာသြင္းယူခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာဂ်ဴဗင္တပ္ကိုေဘာလုံးပိုင္ဆိုင္မႈ၇၃ရာခိုင္ႏႈန္းအထိရယူကာကစားႏိုင္ခဲ့ေပမယ့္လည္းဂိုးေပါက္တည့္တဲ့ကန္ခ်က္တစ္ႀကိမ္တည္းဘဲျပဳလုပ္ႏိုင္ခဲ့ကာ႐ုန္းကန္ခဲ့ရပါတယ္။

ယခုရာသီအစမွာ႐ုန္းကန္မႈမ်ားျပဳလုပ္ေနရတဲ့အယ္လီဂရီရဲ႕ဂ်ဴဗင္တပ္ကေတာ့ခ်ီေယဆာရဲ႕အႏိုင္ဂိုးနဲ႔အတူခ်ဲလ္ဆီးကို၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။