၁၀ လကြာနားရပြီးနောက် ပထမဆုံးပြန်ကစားနိုင်တဲ့ပွဲမှာ ၉ မိနစ်အကြာမှာဘဲ ဂိုးသွင်းနိုင်ခဲ့တဲ့ ကျောနံပါတ်၁၀ ပိုင်ရှင်သစ်ဖာတီ

ဘာစီလိုနာလူငယ်ပါရမီရှင်ဆန်ဆူးဖာတီဟာမနေ့ညတုန်းကလီဗန်တေးအား၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာဒဏ်ရာမှပြန်လည်ကောင်းမွန်ကာပထမဆုံးပွဲအဖြစ်ဝင်ရောက်ကစားခဲ့ရာမှာဂိုးပါသွင်းယူနိုင်ခဲ့ပါတယ်။

အသက်၁၈နှစ်ရှိစပိန်လက်ရွေးစင်စတားဟာဒူးဒဏ်ရာကိုလေးကြိမ်တိုင်တိုင်ခွဲစိတ်ကုသမှုခံယူခဲ့ရကာ၁၀လအထိအနားယူလာခဲ့ရသူလည်းဖြစ်ပါတယ်။

မက်ဆီရဲ့ခြေရာကိုဆက်ခံမယ့်ကစားသမားအဖြစ်သတ်မှတ်ခံထားရတဲ့ဖာတီဟာမက်ဆီထွက်ခွာသွားပြီးနောက်ကျောနံပါတ်၁၀ကိုဆက်ခံခွင့်ရခဲ့သူလည်းဖြစ်ပါတယ်။

ဖာတီဟာလီဗန်တေးအား၂-၀ဂိုးဖြင့်ဦးဆောင်နေတဲ့ပွဲချိန်၈၂မိနစ်မှာလူစားဝင်ရောက်ကစားခဲ့ပါတယ်။မက်ဆီရဲ့ကျောနံပါတ်၁၀ကိုဆက်ခံခွင့်ရထားတဲ့သူဟာလူစားဝင်ရောက်လာပြီး၉မိနစ်အကြာမှာဘဲကိုက်၂၀အကွာကနေလှပတဲ့ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

လီဗန်တေးအားအနိုင်ရတဲ့ပွဲမှာဘာစီလိုနာအတွက်ကျန်အနိုင်ဂိုးနှစ်ဂိုးကိုမမ်ဖစ်ဒီပေးနှင့်လုခ်ဒီဂျောင်တို့ကသွင်းယူခဲ့ကြပါတယ်။

ဘာစီလိုနာနည်းပြကိုးမန်းဟာလည်းလီဗန်တေးအားဂိုးပြတ်အနိုင်ရရှိခဲ့မှုအတူဖိအားအနည်းငယ်လျှော့ကျသွားခဲ့ပါတယ်။ကိုးမန်းဟာသုံးပွဲဆက်နိုင်ပွဲပျောက်မှုကြောင့်အနာဂတ်မရေမရာဖြစ်နေခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

၁၀ လၾကာနားရၿပီးေနာက္ ပထမဆုံးျပန္ကစားႏိုင္တဲ့ပြဲမွာ ၉ မိနစ္အၾကာမွာဘဲ ဂိုးသြင္းႏိုင္ခဲ့တဲ့ ေက်ာနံပါတ္၁၀ ပိုင္ရွင္သစ္ဖာတီ

ဘာစီလိုနာလူငယ္ပါရမီရွင္ဆန္ဆူးဖာတီဟာမေန႔ညတုန္းကလီဗန္ေတးအား၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာဒဏ္ရာမွျပန္လည္ေကာင္းမြန္ကာပထမဆုံးပြဲအျဖစ္ဝင္ေရာက္ကစားခဲ့ရာမွာဂိုးပါသြင္းယူႏိုင္ခဲ့ပါတယ္။

အသက္၁၈ႏွစ္ရွိစပိန္လက္ေ႐ြးစင္စတားဟာဒူးဒဏ္ရာကိုေလးႀကိမ္တိုင္တိုင္ခြဲစိတ္ကုသမႈခံယူခဲ့ရကာ၁၀လအထိအနားယူလာခဲ့ရသူလည္းျဖစ္ပါတယ္။

မက္ဆီရဲ႕ေျခရာကိုဆက္ခံမယ့္ကစားသမားအျဖစ္သတ္မွတ္ခံထားရတဲ့ဖာတီဟာမက္ဆီထြက္ခြာသြားၿပီးေနာက္ေက်ာနံပါတ္၁၀ကိုဆက္ခံခြင့္ရခဲ့သူလည္းျဖစ္ပါတယ္။

ဖာတီဟာလီဗန္ေတးအား၂-၀ဂိုးျဖင့္ဦးေဆာင္ေနတဲ့ပြဲခ်ိန္၈၂မိနစ္မွာလူစားဝင္ေရာက္ကစားခဲ့ပါတယ္။မက္ဆီရဲ႕ေက်ာနံပါတ္၁၀ကိုဆက္ခံခြင့္ရထားတဲ့သူဟာလူစားဝင္ေရာက္လာၿပီး၉မိနစ္အၾကာမွာဘဲကိုက္၂၀အကြာကေနလွပတဲ့ဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။

လီဗန္ေတးအားအႏိုင္ရတဲ့ပြဲမွာဘာစီလိုနာအတြက္က်န္အႏိုင္ဂိုးႏွစ္ဂိုးကိုမမ္ဖစ္ဒီေပးႏွင့္လုခ္ဒီေဂ်ာင္တို႔ကသြင္းယူခဲ့ၾကပါတယ္။

ဘာစီလိုနာနည္းျပကိုးမန္းဟာလည္းလီဗန္ေတးအားဂိုးျပတ္အႏိုင္ရရွိခဲ့မႈအတူဖိအားအနည္းငယ္ေလွ်ာ့က်သြားခဲ့ပါတယ္။ကိုးမန္းဟာသုံးပြဲဆက္ႏိုင္ပြဲေပ်ာက္မႈေၾကာင့္အနာဂတ္မေရမရာျဖစ္ေနခဲ့သူလည္းျဖစ္ပါတယ္။