၁၁ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တစ်ရာသီစာ လက်မှတ်ဈေးနှုန်းတိုးမြှင့်လိုက်တဲ့ ပရိသတ်ဒေါသနှင့် ရင်ဆိုင်နေရတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ၁၁နှစ်အတွင်းတွင်ပထမဆုံးအကြိမ်အဖြစ်တစ်ရာသီစာလက်မှတ်ဈေးနှုန်းကိုတိုးမြှင့်လာပါတယ်။

ယူနိုက်တက်ဟာအရွယ်ရောက်ပြီးသူများအတွက်တစ်ရာသီစာလက်မှတ်ဈေးနှုန်းကို၅ရာခိုင်နှုန်းတိုးမြှင့်လာတာဖြစ်ပြီးယင်းသို့တိုးမြှင့်လိုက်မှုအတွက်ပရိသတ်များရဲ့ဝေဖန်မှုများနှင့်လည်းကြုံနေရပါတယ်။

ယူနိုက်တက်မတိုင်မီ အာဆင်နယ်ဟာလည်းတစ်ရာသီစာလက်မှတ်ဈေးနှုန်းတိုးမြှင့်လိုက်မှုအတွက်ပရိသတ်များရဲ့ဝေဖန်မှုနှင့်ရင်ဆိုင်ခဲ့ရပြီးဖြစ်ပါတယ်။

ယူနိုက်တက်ဟာပရိသတ်များရဲ့ပွဲကြည့်ရန်လုပ်ဆောင်မြင့်မားလာခဲ့ပေမဲ့လည်းကလပ်ရဲ့နေ့စဉ်အသုံးစရိတ်ဟန်ချက်ညီလာစေရန်အတွက်လက်မှတ်ဈေးနှုန်းကိုမြှင့်တင်လိုက်ရခြင်းဖြစ်ကြောင်းဆိုထားပါတယ်။

ဒါပေမဲ့လည်းယူနိုက်တက်ပရိသတ်များကကလပ်မှာရုပ်သံဝင်ငွေတိုးမြှင့်ရရှိလာမှုနဲ့အတူလက်မှတ်ဈေးနှုန်းကိုပင်လျှော့ချသင့်တဲ့အချိန်မှာဈေးနှုန်းတိုးမြှင့်လာမှုမှာလက်ခံနိုင်စရာမရှိကြောင်းဆိုနေကြပါတယ်။

ဂလေဇာမိသားစုဟာယူနိုက်တက်ကိုအရောင်းစာရင်းတင်ထားပြီး ကာတာရဲ့အကြီးမားဆုံးဘဏ် QIB ရဲ့ဥက္ကဌရှိတ်ဂျက်စ်ဆမ်နှင့် ဗြိတိန်ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းဝင်ဆာဂျမ်ရက်ကလစ်ဖ်တို့ကအပြိုင်ကမ်းလှမ်းထားကြပါတယ်။

ZawGyi

၁၁ ႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ တစ္ရာသီစာ လက္မွတ္ေဈးႏႈန္းတိုးျမႇင့္လိုက္တဲ့ ပရိသတ္ေဒါသႏွင့္ ရင္ဆိုင္ေနရတဲ့ ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္ဟာ၁၁ႏွစ္အတြင္းတြင္ပထမဆုံးအႀကိမ္အျဖစ္တစ္ရာသီစာလက္မွတ္ေဈးႏႈန္းကိုတိုးျမႇင့္လာပါတယ္။

ယူႏိုက္တက္ဟာအ႐ြယ္ေရာက္ၿပီးသူမ်ားအတြက္တစ္ရာသီစာလက္မွတ္ေဈးႏႈန္းကို၅ရာခိုင္ႏႈန္းတိုးျမႇင့္လာတာျဖစ္ၿပီးယင္းသို႔တိုးျမႇင့္လိုက္မႈအတြက္ပရိသတ္မ်ားရဲ႕ေဝဖန္မႈမ်ားႏွင့္လည္းႀကဳံေနရပါတယ္။

ယူႏိုက္တက္မတိုင္မီ အာဆင္နယ္ဟာလည္းတစ္ရာသီစာလက္မွတ္ေဈးႏႈန္းတိုးျမႇင့္လိုက္မႈအတြက္ပရိသတ္မ်ားရဲ႕ေဝဖန္မႈႏွင့္ရင္ဆိုင္ခဲ့ရၿပီးျဖစ္ပါတယ္။

ယူႏိုက္တက္ဟာပရိသတ္မ်ားရဲ႕ပြဲၾကည့္ရန္လုပ္ေဆာင္ျမင့္မားလာခဲ့ေပမဲ့လည္းကလပ္ရဲ႕ေန႔စဥ္အသုံးစရိတ္ဟန္ခ်က္ညီလာေစရန္အတြက္လက္မွတ္ေဈးႏႈန္းကိုျမႇင့္တင္လိုက္ရျခင္းျဖစ္ေၾကာင္းဆိုထားပါတယ္။

ဒါေပမဲ့လည္းယူႏိုက္တက္ပရိသတ္မ်ားကကလပ္မွာ႐ုပ္သံဝင္ေငြတိုးျမႇင့္ရရွိလာမႈနဲ႔အတူလက္မွတ္ေဈးႏႈန္းကိုပင္ေလွ်ာ့ခ်သင့္တဲ့အခ်ိန္မွာေဈးႏႈန္းတိုးျမႇင့္လာမႈမွာလက္ခံႏိုင္စရာမရွိေၾကာင္းဆိုေနၾကပါတယ္။

ဂေလဇာမိသားစုဟာယူႏိုက္တက္ကိုအေရာင္းစာရင္းတင္ထားၿပီး ကာတာရဲ႕အႀကီးမားဆုံးဘဏ္ QIB ရဲ႕ဥကၠဌရွိတ္ဂ်က္စ္ဆမ္ႏွင့္ ၿဗိတိန္ရဲ႕အခ်မ္းသာဆုံးပုဂၢိဳလ္စာရင္းဝင္ဆာဂ်မ္ရက္ကလစ္ဖ္တို႔ကအၿပိဳင္ကမ္းလွမ္းထားၾကပါတယ္။