၁၁ နှစ်အတွင်း ပထမဆုံး ဘွန်ဒက်စ်လီဂါဖြစ်နိုင်ခွင့်ကို လက်လွှတ်မှာ မဟုတ်တဲ့ ဒေါ့မွန်

ဒေါ့မွန်ဟာ စနေနေ့ညတွင် မိန့်ဇ်ကို အနိုင်ရရှိပါက ၁၁ နှစ်အတွင်း ပထမဆုံးဘွန်ဒက်စ်လီဂါဖလားကို ဆွတ်ခူးလာနိုင်ပါမယ်။

ဒေါ့မွန်ဟာ ဒုတိယနေရာမှ ဘိုင်ယန်မြူးနစ်ကို ၂ မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး စနေနေ့ညမှာ ရာသီသိမ်းပွဲ ကစားရမှာလည်း ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်မှာ ကိုလုံးကို အဝေးကွင်းသို့ သွားရောက်ကစားရမှာ ဖြစ်ပြီး အနိုင်ရရှိလျှင် ဒေါ့မွန်အသင်း သရေ(သို့မဟုတ်) ရှုံးနိမ့်ပါက ၁၁ ကြိမ်ဆက် ဘွန်ဒက်စ်လီဂါဖလားကို ဆွတ်ခူးလာနိုင်ပါမယ်။

ဒေါ့မွန်အားကစားဒါရိုက်တာဆီဘာစတီယန်ခါးလ်က “ဒါကို ကျွန်တော်တို့ဆီကနေ ယူဆောင်သွားခွင့်မပြုပါဘူး။ ကျွန်တော့်ကတော့ ခံစားမှု ကောင်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးကစားပြရပါမယ်။ ပြီးရင် ထိုက်တန်ကြောင်း ပြသကြရပါမယ်။ ကစားသမားတွေ ဘတ်စ်ကားစီးပြီး ကွင်းသို့ သွားချိန်မှာ ပရိသတ်အုပ်ကြီးရဲ့ကြိုဆိုဂုဏ်ပြုခြင်းခံရပါလိမ့်မယ်။ ဒါက သူတို့အတွက် တွန်းအားဖြစ်လာပါလိမ့်မယ်”လို့ ပြောကြားသွားပါတယ်။

ဒေါ့မွန်အသင်းဟာ ၂၀၁၁-၁၂ ရာသီတုန်းက ဂျာဂင်ကလော့ပ်လက်အောက်တွင် နောက်ဆုံး ဘွန်ဒက်စ်လီဂါဖလား ဆွတ်ခူးခဲ့တာလည်း ဖြစ်ပါတယ်။