
အိုလီဂန်းနားဆိုးလ်ရှားဟာအင်္ဂါနေ့ညတုန်းကယန်းဘွိုင်းစ်ကိုရှုံးနိမ့်ပြီးနောက်တုန်လှုပ်စရာကောင်းတဲ့ချန်ပီယံလိဂ်မှတ်တမ်းဆိုးကြီးတစ်ခုပိုင်ဆိုင်လာမှုနဲ့အတူဖိအားများလည်း ကျရောက်လာခဲ့ပါတယ်။
မန်ယူဟာမနေ့ညတုန်းကပွဲမှာခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဂိုးနဲ့ပွဲကိုဦးဆောင်နိုင်ခဲ့ပေမယ့်လည်းအေရွန်ဝန်ဘစ်ဆာခါအနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရမှုနဲ့အတူတစ်ယောက်အလျှော့နဲ့ကစားခဲ့ရပါတယ်။
မန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုအစားလူစားဝင်ရောက်လာတဲ့ဂျက်စီလင်ဂတ်ရဲ့နောက်ပြန်ပေးပို့မှုကနေဆေဘတ်ချုကကြားဖြတ်ရယူပြီးယန်းဘွိုင်းစ်ရဲ့အနိုင်ဂိုးသွင်းခြင်းခံခဲ့ရပါတယ်။
ယင်းရှုံးပွဲနဲ့အတူအိုလီဂန်းနားဆိုးလ်ရှားဟာချန်ပီယံလိဂ်ပြိုင်ပွဲမှာဆိုးရွားတဲ့ရလဒ်ရရှိမှုဆက်လက်ထမ်းပိုးခဲ့ရပါတယ်။
Opta ရဲ့ဖော်ပြချက်အရဆိုးလ်ရှားဟာမန်ယူအသင်းကိုကိုင်တွယ်ပြီးနောက်ချန်ပီယံလိဂ်ပွဲ၁၁ပွဲကိုင်တွယ်ခဲ့ရာမှာ၇ပွဲအထိရှုံးနိမ့်ထားကြောင်းသိရပါတယ်။
ဆိုးလ်ရှားဟာပီအက်စ်ဂျီကိုတစ်ကြိမ်၊ဘာစီလိုနာကိုနှစ်ကြိမ်ရှုံးနိမ့်ထားပြီးပြီးခဲ့တဲ့ရာသီတုန်းကအုပ်စုခြောက်ပွဲကိုင်တွယ်ခဲ့ရာမှာသုံးပွဲရှုံးနိမ့်ထားပါတယ်။
မန်ယူဟာဆိုးလ်ရှားလက်အောက်မှာချန်ပီယံလိဂ်ပြိုင်ပွဲမှာအနိုင်ရာခိုင်နှုန်းအနိုင်ရရှိမှု၁၃ရာခိုင်နှုန်းသာရရှိထားပါတယ်။
ဆိုးလ်ရှားဟာချန်ပီယံလိဂ်ပွဲရှုံးပွဲကြုံရမှုနဲ့အတူဘွတ်ကီဒိုင်များရဲ့အထုတ်ခံဖို့အလေးပေးခြင်းမြင့်တက်လာပါတယ်။
ဆိုးလ်ရှားဟာယခုရာသီမကုန်မီအထုတ်ခံရမယ့်သူအဖြစ်၂/၁ဖြင့်အလေးပေးခြင်းခံနေရပါတယ်။
ဒါပေမယ့်ဆိုးလ်ရှားဟာပရီးမီးယားလိဂ်မှာအမှတ်ပေးဇယားထိပ်ဆုံးမှာရပ်တည်နိုင်အောင်လုပ်ဆောင်ထားမှုနဲ့အတူပရီးမီးယားလိဂ်မှပထမဆုံးအထုတ်ခံရမယ့်သူအဖြစ်၄၀/၁ဖွင့်လှစ်ခံထားရပါတယ်။
ဆိုးလ်ရှားဟာ၂၀၁၈ခုနှစ်၊ဒီဇင်ဘာလမှာမန်ယူနည်းပြရာထူးကိုရယူပြီးနောက်ဆုဖလားတစ်လုံးမှမရယူပေးနိုင်သေးပါဘူး။
သူဟာနွေရာသီမှာဆန်ချို၊ဗာရိန်း၊ခရစ္စတီယာနိုရော်နယ်ဒိုတို့အားခေါ်ယူထားမှုနဲ့အတူယခုရာသီတွင်ဆုဖလားဆွတ်ခူးပေးနိုင်ရေးဖိအားမြင့်မားနေပါတယ်။
မန်ယူဟာပြီးခဲ့တဲ့ရာသီတုန်းကလည်းပီအက်စ်ဂျီ၊လိုက်ဇစ်နှင့်အစ္စတန်ဘူလ်ဘာဆာဆီဟာတို့ကိုရှုံးနိမ့်ကာချန်ပီယံလိဂ်အုပ်စုအဆင့်မှထွက်ခဲ့ရပါတယ်။
ZawGyi
၁၁ ပြဲ ကိုင္တြယ္ရာမွာ ရႈံးပြဲ ၇ ပြဲႀကဳံထားတဲ့ တုန္လႈပ္ဖြယ္ ဆိုးလ္ရွားရဲ႕ခ်န္ပီယံလိဂ္မွတ္တမ္း
အိုလီဂန္းနားဆိုးလ္ရွားဟာအဂၤါေန႔ညတုန္းကယန္းဘြိဳင္းစ္ကိုရႈံးနိမ့္ၿပီးေနာက္တုန္လႈပ္စရာေကာင္းတဲ့ခ်န္ပီယံလိဂ္မွတ္တမ္းဆိုးႀကီးတစ္ခုပိုင္ဆိုင္လာမႈနဲ႔အတူဖိအားမ်ားလည္း က်ေရာက္လာခဲ့ပါတယ္။
မန္ယူဟာမေန႔ညတုန္းကပြဲမွာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ဂိုးနဲ႔ပြဲကိုဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္းေအ႐ြန္ဝန္ဘစ္ဆာခါအနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရမႈနဲ႔အတူတစ္ေယာက္အေလွ်ာ့နဲ႔ကစားခဲ့ရပါတယ္။
မန္ယူဟာခရစၥတီယာႏိုေရာ္နယ္ဒိုအစားလူစားဝင္ေရာက္လာတဲ့ဂ်က္စီလင္ဂတ္ရဲ႕ေနာက္ျပန္ေပးပို႔မႈကေနေဆဘတ္ခ်ဳကၾကားျဖတ္ရယူၿပီးယန္းဘြိဳင္းစ္ရဲ႕အႏိုင္ဂိုးသြင္းျခင္းခံခဲ့ရပါတယ္။
ယင္းရႈံးပြဲနဲ႔အတူအိုလီဂန္းနားဆိုးလ္ရွားဟာခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာဆိုး႐ြားတဲ့ရလဒ္ရရွိမႈဆက္လက္ထမ္းပိုးခဲ့ရပါတယ္။
Opta ရဲ႕ေဖာ္ျပခ်က္အရဆိုးလ္ရွားဟာမန္ယူအသင္းကိုကိုင္တြယ္ၿပီးေနာက္ခ်န္ပီယံလိဂ္ပြဲ၁၁ပြဲကိုင္တြယ္ခဲ့ရာမွာ၇ပြဲအထိရႈံးနိမ့္ထားေၾကာင္းသိရပါတယ္။
ဆိုးလ္ရွားဟာပီအက္စ္ဂ်ီကိုတစ္ႀကိမ္၊ဘာစီလိုနာကိုႏွစ္ႀကိမ္ရႈံးနိမ့္ထားၿပီးၿပီးခဲ့တဲ့ရာသီတုန္းကအုပ္စုေျခာက္ပြဲကိုင္တြယ္ခဲ့ရာမွာသုံးပြဲရႈံးနိမ့္ထားပါတယ္။
မန္ယူဟာဆိုးလ္ရွားလက္ေအာက္မွာခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာအႏိုင္ရာခိုင္ႏႈန္းအႏိုင္ရရွိမႈ၁၃ရာခိုင္ႏႈန္းသာရရွိထားပါတယ္။
ဆိုးလ္ရွားဟာခ်န္ပီယံလိဂ္ပြဲရႈံးပြဲႀကဳံရမႈနဲ႔အတူဘြတ္ကီဒိုင္မ်ားရဲ႕အထုတ္ခံဖို႔အေလးေပးျခင္းျမင့္တက္လာပါတယ္။
ဆိုးလ္ရွားဟာယခုရာသီမကုန္မီအထုတ္ခံရမယ့္သူအျဖစ္၂/၁ျဖင့္အေလးေပးျခင္းခံေနရပါတယ္။
ဒါေပမယ့္ဆိုးလ္ရွားဟာပရီးမီးယားလိဂ္မွာအမွတ္ေပးဇယားထိပ္ဆုံးမွာရပ္တည္ႏိုင္ေအာင္လုပ္ေဆာင္ထားမႈနဲ႔အတူပရီးမီးယားလိဂ္မွပထမဆုံးအထုတ္ခံရမယ့္သူအျဖစ္၄၀/၁ဖြင့္လွစ္ခံထားရပါတယ္။
ဆိုးလ္ရွားဟာ၂၀၁၈ခုႏွစ္၊ဒီဇင္ဘာလမွာမန္ယူနည္းျပရာထူးကိုရယူၿပီးေနာက္ဆုဖလားတစ္လုံးမွမရယူေပးႏိုင္ေသးပါဘူး။
သူဟာေႏြရာသီမွာဆန္ခ်ိဳ၊ဗာရိန္း၊ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔အားေခၚယူထားမႈနဲ႔အတူယခုရာသီတြင္ဆုဖလားဆြတ္ခူးေပးႏိုင္ေရးဖိအားျမင့္မားေနပါတယ္။
မန္ယူဟာၿပီးခဲ့တဲ့ရာသီတုန္းကလည္းပီအက္စ္ဂ်ီ၊လိုက္ဇစ္ႏွင့္အစၥတန္ဘူလ္ဘာဆာဆီဟာတို႔ကိုရႈံးနိမ့္ကာခ်န္ပီယံလိဂ္အုပ္စုအဆင့္မွထြက္ခဲ့ရပါတယ္။