၁၁ သင်းမြောက် အသင်းအဖြစ် ရုရှားရဲ့အအောင်မြင်ဆုံးကလပ် စပါးတပ်မော်ကိုကို ဝယ်ယူရန် မန်စီးတီးပိုင်ရှင်ဆွေးနွေးနေ

မန်စီးတီးအသင်းဟာရုရှားထိပ်သီးကလပ်စပါးတပ်မော်စကိုအသင်းရဲ့အဓိကရှယ်ယာများကိုဝယ်ယူရန်ဆွေးနွေးမှုများပြုလုပ်နေပါတယ်။

City Football Group မှကိုယ်စားလှယ်များဟာပြီးခဲ့တဲ့အပတ်တုန်းကစပါးစ်တပ်မော်စကိုပိုင်ရှင်လီယိုနာ့ဒ်ဖီဒန်နှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။လီယိုနာ့ဒ်ဖီဒန်ဟာစပါးစ်တပ်မော်စကိုရောင်းချလိုနေပြီးဝယ်လက်ရှာနေပါတယ်။

ရုရှားမီဒီယာများရဲ့ဖော်ပြချက်အရမန်စီးတီးဟာစပါးစ်တပ်မော်စကိုရဲ့ရှယ်ယာ၂၀ရာခိုင်နှုန်းကိုဝယ်ယူရန်စိတ်ဝင်စားနေကြောင်းသိရပါတယ်။

မန်စီးတီးကလည်းစပါးစ်တပ်မော်စကိုရှယ်ယာဝယ်ယူရန်ဆွေးနွေးမှုပြုလုပ်ထားသော်လည်းဆုံးဖြတ်ချက်မချရသေးကြောင်းအတည်ပြုထားပါတယ်။

တကယ်လို့များမန်စီးတီးသာစပါးစ်တပ်မော်စကိုကိုပိုင်ဆိုင်လာပါကယင်းကလပ်မှာသူတို့ပိုင်၁၁သင်းမြောက်ကလပ်ဖြစ်လာပါမယ်။

City Football Group ဟာမန်စီးတီး၊နယူးယောက်ခ်စီးတီး(အမေရိကန်)၊မဲလ်ဘုန်းစီးတီး(ဩစတြီးယား)၊ယိုကိုဟားမားအက်ဖ်စီ(ဂျပန်)၊မွန်တီဗီဒီယိုစီးတီးတော်ကေး(ဥရုဂွေး)၊ဂီရိုနာ(စပိန်)၊စီချွန်း(တရုတ်)၊မွမ်ဘိုင်းစီးတီး(အိန္ဒိယ)၊လွမ်မဲလ်အက်စ်ကေ(ဘယ်လ်ဂျီယံ)၊အက်စ်ပီရင့်စပို့တစ်ထရိုယက်စ်အူဘေးရှန်ပိန်(ပြင်သစ်)တို့မှာရင်းနှီးမြှပ်နှံမှုပြုလုပ်ထားပြီးဖြစ်ပါတယ်။

ZawGyi

၁၁ သင္းေျမာက္ အသင္းအျဖစ္ ႐ုရွားရဲ႕အေအာင္ျမင္ဆုံးကလပ္ စပါးတပ္ေမာ္ကိုကို ဝယ္ယူရန္ မန္စီးတီးပိုင္ရွင္ေဆြးေႏြးေန

မန္စီးတီးအသင္းဟာ႐ုရွားထိပ္သီးကလပ္စပါးတပ္ေမာ္စကိုအသင္းရဲ႕အဓိကရွယ္ယာမ်ားကိုဝယ္ယူရန္ေဆြးေႏြးမႈမ်ားျပဳလုပ္ေနပါတယ္။

City Football Group မွကိုယ္စားလွယ္မ်ားဟာၿပီးခဲ့တဲ့အပတ္တုန္းကစပါးစ္တပ္ေမာ္စကိုပိုင္ရွင္လီယိုနာ့ဒ္ဖီဒန္ႏွင့္ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ခဲ့ပါတယ္။လီယိုနာ့ဒ္ဖီဒန္ဟာစပါးစ္တပ္ေမာ္စကိုေရာင္းခ်လိုေနၿပီးဝယ္လက္ရွာေနပါတယ္။

႐ုရွားမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရမန္စီးတီးဟာစပါးစ္တပ္ေမာ္စကိုရဲ႕ရွယ္ယာ၂၀ရာခိုင္ႏႈန္းကိုဝယ္ယူရန္စိတ္ဝင္စားေနေၾကာင္းသိရပါတယ္။

မန္စီးတီးကလည္းစပါးစ္တပ္ေမာ္စကိုရွယ္ယာဝယ္ယူရန္ေဆြးေႏြးမႈျပဳလုပ္ထားေသာ္လည္းဆုံးျဖတ္ခ်က္မခ်ရေသးေၾကာင္းအတည္ျပဳထားပါတယ္။

တကယ္လို႔မ်ားမန္စီးတီးသာစပါးစ္တပ္ေမာ္စကိုကိုပိုင္ဆိုင္လာပါကယင္းကလပ္မွာသူတို႔ပိုင္၁၁သင္းေျမာက္ကလပ္ျဖစ္လာပါမယ္။

City Football Group ဟာမန္စီးတီး၊နယူးေယာက္ခ္စီးတီး(အေမရိကန္)၊မဲလ္ဘုန္းစီးတီး(ဩစႀတီးယား)၊ယိုကိုဟားမားအက္ဖ္စီ(ဂ်ပန္)၊မြန္တီဗီဒီယိုစီးတီးေတာ္ေကး(ဥ႐ုေဂြး)၊ဂီ႐ိုနာ(စပိန္)၊စီခြၽန္း(တ႐ုတ္)၊မြမ္ဘိုင္းစီးတီး(အိႏၵိယ)၊လြမ္မဲလ္အက္စ္ေက(ဘယ္လ္ဂ်ီယံ)၊အက္စ္ပီရင့္စပို႔တစ္ထ႐ိုယက္စ္အူေဘးရွန္ပိန္(ျပင္သစ္)တို႔မွာရင္းႏွီးျမႇပ္ႏွံမႈျပဳလုပ္ထားၿပီးျဖစ္ပါတယ္။