၁၂ နာရီအတွင်းတွင် ရော်နယ်ဒို အင်္ကျီ ပေါင် ၃၂.၅ သန်းဖိုး စံချိန်တင် ရောင်းချခဲ့ရတဲ့ သရဲနီ

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့မန်ချက်စတာယူနိုက်တက်အင်္ကျီရောင်းချမှုကမကြာသေးပေမယ့်ပရီးမီးယားလိဂ်မှာလူကြိုက်အများဆုံးအင်္ကျီအဖြစ်ရပ်တည်နေပြီဖြစ်ပါတယ်။

ရော်နယ်ဒိုဟာပြီးခဲ့တဲ့အင်္ဂါနေ့အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်တွင်အိုးထရက်ဖို့ဒ်သို့တစ်ကျော့ပြန် ပြန်ရောက်လာခဲ့ပါတယ်။

ယင်းနောက်ရက်အနည်းငယ်အကြာမှာမန်ယူကခရစ္စတီယာနိုရော်နယ်ဒိုဟာသူပထမအကြိမ်မန်ယူတွင်ကစားစဉ်တုန်းကဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၇ကိုဝတ်ဆင်မှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ယခင်မန်ယူရဲ့ကျောနံပါတ်၇ပိုင်ရှင်ကာဗာနီကလိဒ်သို့ပြောင်းသွားတဲ့ဒါနီရယ်ဂျိမ်းစ်ရဲ့ကျောနံပါတ်၂၁ကိုဆက်ခံပါမယ်။

ယင်းသို့မန်ယူကရော်နယ်ဒိုရဲ့ကျောနံပါတ်ကိုကြေညာပြီးနောက်အိုးထရက်ဖို့ဒ်ရှိမန်ယူစတိုးနှင့်အွန်လိုင်းစတိုးတွင်မန်ယူပရိသတ်များက Ronaldo No 7 ပါအင်္ကျီများအလုအယက်ဝယ်ယူခဲ့ကြပါတယ်။

LoveTheSales ရဲ့ဖော်ပြချက်အရမန်ယူဟာ၁၂နာရီမပြည့်မီကာလအတွင်းတွင်ခရစ္စတီယာနိုရော်နယ်ဒိုအင်္ကျီ ပေါင်၃၂.၅သန်းဖိုးအထိရောင်းချခဲ့ရပါတယ်။

ယင်းပမာဏဟာပရီးမီးယားလိဂ်သမိုင်းတွင်စံချိန်တင်ပမာဏဖြစ်ပါတယ်။ရော်နယ်ဒိုရဲ့မန်ယူအင်္ကျီရောင်းအားကလီယွန်နယ်မက်ဆီရဲ့ပီအက်စ်ဂျီအင်္ကျီရောင်းအားထက်လည်းများပြားသလို ဘောလုံးသမိုင်းတွင်တစ်နေ့တည်းတွင်အမြင့်မားဆုံးရောင်းချခဲ့ရတာလည်းဖြစ်ပါတယ်။

ခရစ္စတီယာနိိုရော်နယ်ဒိုဟာလာမယ့်စက်တင်ဘာလ၁၁ရက်နေ့အိုးထရက်ဖို့ဒ်ကွင်းမှာနယူးကာဆယ်အားဧည့်ခံကစားရမယ့်ပွဲမှာမန်ယူအတွက်ပထမဆုံးပွဲအဖြစ်ဝင်ရောက်ကစားဖို့ရှိနေပါတယ်။

မန်ယူဟာနယူးကာဆယ်နှင့်ပွဲအတွက်လက်မှတ်အားလုံးကိုရောင်းချထားရပြီးဖြစ်ကာအွန်လိုင်းတွင်ယင်းပွဲလက်မှတ်ဈေးနှုန်းမှာပေါင်၂၅၀၀အထိမြင့်တက်နေပါတယ်။

ZawGyi

၁၂ နာရီအတြင္းတြင္ ေရာ္နယ္ဒို အက်ႌ ေပါင္ ၃၂.၅ သန္းဖိုး စံခ်ိန္တင္ ေရာင္းခ်ခဲ့ရတဲ့ သရဲနီ

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕မန္ခ်က္စတာယူႏိုက္တက္အက်ႌေရာင္းခ်မႈကမၾကာေသးေပမယ့္ပရီးမီးယားလိဂ္မွာလူႀကိဳက္အမ်ားဆုံးအက်ႌအျဖစ္ရပ္တည္ေနၿပီျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာၿပီးခဲ့တဲ့အဂၤါေန႔အေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္တြင္အိုးထရက္ဖို႔ဒ္သို႔တစ္ေက်ာ့ျပန္ ျပန္ေရာက္လာခဲ့ပါတယ္။

ယင္းေနာက္ရက္အနည္းငယ္အၾကာမွာမန္ယူကခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူပထမအႀကိမ္မန္ယူတြင္ကစားစဥ္တုန္းကဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္၇ကိုဝတ္ဆင္မွာျဖစ္ေၾကာင္းေၾကညာခဲ့ပါတယ္။ယခင္မန္ယူရဲ႕ေက်ာနံပါတ္၇ပိုင္ရွင္ကာဗာနီကလိဒ္သို႔ေျပာင္းသြားတဲ့ဒါနီရယ္ဂ်ိမ္းစ္ရဲ႕ေက်ာနံပါတ္၂၁ကိုဆက္ခံပါမယ္။

ယင္းသို႔မန္ယူကေရာ္နယ္ဒိုရဲ႕ေက်ာနံပါတ္ကိုေၾကညာၿပီးေနာက္အိုးထရက္ဖို႔ဒ္ရွိမန္ယူစတိုးႏွင့္အြန္လိုင္းစတိုးတြင္မန္ယူပရိသတ္မ်ားက Ronaldo No 7 ပါအက်ႌမ်ားအလုအယက္ဝယ္ယူခဲ့ၾကပါတယ္။

LoveTheSales ရဲ႕ေဖာ္ျပခ်က္အရမန္ယူဟာ၁၂နာရီမျပည့္မီကာလအတြင္းတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုအက်ႌ ေပါင္၃၂.၅သန္းဖိုးအထိေရာင္းခ်ခဲ့ရပါတယ္။

ယင္းပမာဏဟာပရီးမီးယားလိဂ္သမိုင္းတြင္စံခ်ိန္တင္ပမာဏျဖစ္ပါတယ္။ေရာ္နယ္ဒိုရဲ႕မန္ယူအက်ႌေရာင္းအားကလီယြန္နယ္မက္ဆီရဲ႕ပီအက္စ္ဂ်ီအက်ႌေရာင္းအားထက္လည္းမ်ားျပားသလို ေဘာလုံးသမိုင္းတြင္တစ္ေန႔တည္းတြင္အျမင့္မားဆုံးေရာင္းခ်ခဲ့ရတာလည္းျဖစ္ပါတယ္။

ခရစၥတီယာနိိုေရာ္နယ္ဒိုဟာလာမယ့္စက္တင္ဘာလ၁၁ရက္ေန႔အိုးထရက္ဖို႔ဒ္ကြင္းမွာနယူးကာဆယ္အားဧည့္ခံကစားရမယ့္ပြဲမွာမန္ယူအတြက္ပထမဆုံးပြဲအျဖစ္ဝင္ေရာက္ကစားဖို႔ရွိေနပါတယ္။

မန္ယူဟာနယူးကာဆယ္ႏွင့္ပြဲအတြက္လက္မွတ္အားလုံးကိုေရာင္းခ်ထားရၿပီးျဖစ္ကာအြန္လိုင္းတြင္ယင္းပြဲလက္မွတ္ေဈးႏႈန္းမွာေပါင္၂၅၀၀အထိျမင့္တက္ေနပါတယ္။