၁၃ရာသီဆက်တိုက် ဂိုး+ဖန်တီးမှု၃၀ကြိမ်အထက်ပြုလုပ်ထားနိုင်တဲ့ကစားသမားဖြစ်လာတဲ့ မက်ဆီ

ယခုရာသီမှာလီယွန်နယ်မက်ဆီရဲ့ခြေစွမ်းပိုင်းကျဆင်းလာတယ်လို့ လူတွေကဆိုကြပါတယ်။ဒါပေမယ့်မှတ်တမ်း တွေကိုကြည့်လိုက်ရင်မက်ဆီရဲ့ခြေစွမ်းကကျဆင်းခြင်းမရှိတာတွေ့ရပါတယ်။

မက်ဆီဟာမနေ့ညတုန်းကဆီဗီလာကို၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာကိုယ်တိုင်တစ်ဂိုးသွင်းယူခဲ့သလိုဒမ်ဘီလီဂိုးသွင်း ယူနိုင်ဖို့အတွက်လည်းဖန်တီးနိုင်ခဲ့ပါတယ်။

မက်ဆီဟာဆီဗီလာနှင့်ပွဲမှာကိုယ်တိုင်ဂိုးသွင်းပြီးဖန်တီးမှုပြုလုပ်နိုင်မှုနဲ့အတူယခုရာသီမှာဂိုးနှင့်ဖန်တီးမှုစုစုပေါင်း ၃၃ကြိမ်အထိပြုလုပ်ထားနိုင်ပြီဖြစ်ပါတယ်။သူဟာ၂၀၀၈-၀၉ရာသီမှစတင်ပြီး၂၀၂၀-၂၁ရာသီအထိ၁၃ရာ သီဆက်တိုက်ဂိုး+ဖန်တီးမှု၃၀ကြိမ်အထက်စွမ်းဆောင်ထားနိုင်ပါတယ်။

မက်ဆီဟာ၂၀၂၁ခုနှစ်တွင်လည်းအကောင်းဆုံးပုံစံရရှိနေပြီးဇန်နဝါရီ၆ရက်နေ့နောက်ပိုင်းမှာလာလီဂါနှင့်ချန်ပီယံလိဂ်၉ပွဲဆက်ဂိုးသွင်းယူထားနိုင်ပါတယ်။

သူဟာ၂၀၂၁မှာ၁၄ဂိုးသွင်းယူပြီး၄ကြိမ်ဖန်တီးထားနိုင်ပါတယ်။ဒါ့အပြင်သူဟာ၂၀၂၀-၂၁ရာသီမှာလည်းဘာစီလိုနာ အတွက်၃၂ပွဲကစားထားရာမှာ၂၄ဂိုးသွင်းယူပြီး၉ကြိမ်ဖန်တီးထားနိုင်ပါတယ်။

ZawGyi

၁၃ရာသီဆက္တိုက္ ဂိုး+ဖန္တီးမႈ၃၀ႀကိမ္အထက္ျပဳလုပ္ထားႏိုင္တဲ့ကစားသမားျဖစ္လာတဲ့ မက္ဆီ

ယခုရာသီမွာလီယြန္နယ္မက္ဆီရဲ႕ေျခစြမ္းပိုင္းက်ဆင္းလာတယ္လို႔ လူေတြကဆိုၾကပါတယ္။ဒါေပမယ့္မွတ္တမ္း ေတြကိုၾကည့္လိုက္ရင္မက္ဆီရဲ႕ေျခစြမ္းကက်ဆင္းျခင္းမရွိတာေတြ႕ရပါတယ္။

မက္ဆီဟာမေန႔ညတုန္းကဆီဗီလာကို၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာကိုယ္တိုင္တစ္ဂိုးသြင္းယူခဲ့သလိုဒမ္ဘီလီဂိုးသြင္း ယူႏိုင္ဖို႔အတြက္လည္းဖန္တီးႏိုင္ခဲ့ပါတယ္။

မက္ဆီဟာဆီဗီလာႏွင့္ပြဲမွာကိုယ္တိုင္ဂိုးသြင္းၿပီးဖန္တီးမႈျပဳလုပ္ႏိုင္မႈနဲ႔အတူယခုရာသီမွာဂိုးႏွင့္ဖန္တီးမႈစုစုေပါင္း ၃၃ႀကိမ္အထိျပဳလုပ္ထားႏိုင္ၿပီျဖစ္ပါတယ္။သူဟာ၂၀၀၈-၀၉ရာသီမွစတင္ၿပီး၂၀၂၀-၂၁ရာသီအထိ၁၃ရာ သီဆက္တိုက္ဂိုး+ဖန္တီးမႈ၃၀ႀကိမ္အထက္စြမ္းေဆာင္ထားႏိုင္ပါတယ္။

မက္ဆီဟာ၂၀၂၁ခုႏွစ္တြင္လည္းအေကာင္းဆုံးပုံစံရရွိေနၿပီးဇန္နဝါရီ၆ရက္ေန႔ေနာက္ပိုင္းမွာလာလီဂါႏွင့္ခ်န္ပီယံလိဂ္၉ပြဲဆက္ဂိုးသြင္းယူထားႏိုင္ပါတယ္။

သူဟာ၂၀၂၁မွာ၁၄ဂိုးသြင္းယူၿပီး၄ႀကိမ္ဖန္တီးထားႏိုင္ပါတယ္။ဒါ့အျပင္သူဟာ၂၀၂၀-၂၁ရာသီမွာလည္းဘာစီလိုနာ အတြက္၃၂ပြဲကစားထားရာမွာ၂၄ဂိုးသြင္းယူၿပီး၉ႀကိမ္ဖန္တီးထားႏိုင္ပါတယ္။