၁၃ နှစ်ကြာပြီးမှ တစ်လတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ပြီးနောက် ရော်နယ်ဒို ရင်ဖွင့်လာ

ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းက၁၃နှစ်ကြာပြီးနောက်ပထမဆုံးအကြိမ်အဖြစ်ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကိုပြန်လည်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာစက်တင်ဘာလတုန်းကပရီးမီးယားလိဂ်ပွဲသုံးပွဲကစားခဲ့ရာမှာသုံးဂိုးသွင်းယူနိုင်မှုနဲ့အတူသူ့ရဲ့ပဥ္စမမြောက်ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆု‌ကိုဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ယူစူပါစတားဟာလီဗာပူးစတားမိုဟာမက်ဆာလက်ကိုကျော်ဖြတ်ကာတစ်လတာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးခဲ့လည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးပြီးနောက်ခရစ္စတီယာနိုရော်နယ်ဒိုက “ပရီးမီးယားလိဂ်ကကြီးကျယ်တဲ့ကစားသမားတွေကြားကနေ တစ်လတာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးနိုင်လို့ဂုဏ်ယူပါတယ်။မန်ယူကကစားဖော်တွေအားလုံးကိုကျေးဇူးတင်ပါတယ်။သူတို့မပါဘဲဒီဆုကိုရယူနိုင်မှာမဟုတ်ပါဘူး။ဆက်ပြီးတော့အလုပ်ကြိုးစားသွားကြမယ်။လိုချင်တဲ့ရလဒ်ရလာမှာပါ”လို့ပြောကြားသွားပါတယ်။

မန်ယူအသင်းဟာနောက်ဆုံးလေးပွဲတွင်တစ်ပွဲတည်းသာအနိုင်ရရှိထားသော်လည်းခရစ္စတီယာနိုရော်နယ်ဒိုမှာအကောင်းဆုံးပုံစံဖြင့်ကစားနိုင်ခဲ့ပါတယ်။

စက်တင်ဘာလအတွက်တစ်လတာအကောင်းဆုံးနည်းပြဆုကိုစက်တင်ဘာပရီးမီးယားလိဂ်ပွဲအားလုံးနိုင်ပွဲရယူနိုင်ခဲ့တဲ့အာဆင်နယ်နည်းပြအာတီတာကဆွတ်ခူးခဲ့ပါတယ်။

ZawGyi

၁၃ ႏွစ္ၾကာၿပီးမွ တစ္လတာအေကာင္းဆုံးကစားသမားဆုကို ဆြတ္ခူးႏိုင္ၿပီးေနာက္ ေရာ္နယ္ဒို ရင္ဖြင့္လာ

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔ညတုန္းက၁၃ႏွစ္ၾကာၿပီးေနာက္ပထမဆုံးအႀကိမ္အျဖစ္ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးကစားသမားဆုကိုျပန္လည္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာစက္တင္ဘာလတုန္းကပရီးမီးယားလိဂ္ပြဲသုံးပြဲကစားခဲ့ရာမွာသုံးဂိုးသြင္းယူႏိုင္မႈနဲ႔အတူသူ႔ရဲ႕ပၪၥမေျမာက္ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးကစားသမားဆု‌ကိုဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။

မန္ယူစူပါစတားဟာလီဗာပူးစတားမိုဟာမက္ဆာလက္ကိုေက်ာ္ျဖတ္ကာတစ္လတာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးခဲ့လည္းျဖစ္ပါတယ္။

ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးၿပီးေနာက္ခရစၥတီယာႏိုေရာ္နယ္ဒိုက “ပရီးမီးယားလိဂ္ကႀကီးက်ယ္တဲ့ကစားသမားေတြၾကားကေန တစ္လတာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးႏိုင္လို႔ဂုဏ္ယူပါတယ္။မန္ယူကကစားေဖာ္ေတြအားလုံးကိုေက်းဇူးတင္ပါတယ္။သူတို႔မပါဘဲဒီဆုကိုရယူႏိုင္မွာမဟုတ္ပါဘူး။ဆက္ၿပီးေတာ့အလုပ္ႀကိဳးစားသြားၾကမယ္။လိုခ်င္တဲ့ရလဒ္ရလာမွာပါ”လို႔ေျပာၾကားသြားပါတယ္။

မန္ယူအသင္းဟာေနာက္ဆုံးေလးပြဲတြင္တစ္ပြဲတည္းသာအႏိုင္ရရွိထားေသာ္လည္းခရစၥတီယာႏိုေရာ္နယ္ဒိုမွာအေကာင္းဆုံးပုံစံျဖင့္ကစားႏိုင္ခဲ့ပါတယ္။

စက္တင္ဘာလအတြက္တစ္လတာအေကာင္းဆုံးနည္းျပဆုကိုစက္တင္ဘာပရီးမီးယားလိဂ္ပြဲအားလုံးႏိုင္ပြဲရယူႏိုင္ခဲ့တဲ့အာဆင္နယ္နည္းျပအာတီတာကဆြတ္ခူးခဲ့ပါတယ္။