၁၄ နှစ်အတွက် ကလပ်နှစ်ခုအကြား ပထမဆုံးအပြောင်းအရွှေ့အဖြစ် ဘာကာသို့ ရီးရဲလ်စတားပြောင်းရွှေ့လိုနေ

ရီးရဲလ်မက်ဒရစ်အလယ်တန်းကစားသမားအစ္စကိုဟာလာမယ့်နွေရာသီတွင်ရီးရဲလ်မက်ဒရစ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးပါကမဟာပြိုင်ဘက်ဘာစီလိုနာသို့ပြောင်းရွှေ့ကစားရန်ဆန္ဒရှိနေကြောင်းသိရပါတယ်။

စပိန်ကွင်းလယ်ဖန်တီးရှင်ဟာယခုရာသီမှာလာလီဂါမှာ၂ပွဲတည်းသာပွဲထွက်ခွင့်ရရှိထားပြီးမာယော့ကာအား၆-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာတစ်ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။

ကတ်တလန်အခြေစိုက်သတင်းစာ El National ကအစ္စကိုဟာဘာစီလိုနာသို့ပြောင်းရွှေ့ကစားလိုနေကြောင်းသိရပါတယ်။တကယ်လို့အပြောင်းအရွှေ့ဖြစ်လာခဲ့မယ်ဆိုရင်၁၄နှစ်အတွင်းကလပ်နှစ်ခုအကြားပထမဆုံးအပြောင်းအရွှေ့ဖြစ်လာပါမယ်။လွန်ခဲ့တဲ့၁၄နှစ်တုန်းကဆာဗီယိုလာကဘာကာကနေရီးရဲလ်သို့ပြောင်းပြီးနောက်ပထမဆုံးအပြောင်းအရွှေ့ဖြစ်လာပါမယ်။

အသက်၂၉နှစ်ရှိအစ္စကိုဟာရီးရဲလ်မက်ဒရစ်အတွက်၃၄၂ပွဲကစားထားရာမှာ၅၂ဂိုးသွင်းယူပြီး၅၆ကြိမ်ဖန်တီးထားနိုင်ပါတယ်။သူဟာရီးရဲလ်မက်ဒရစ်တွင်ကစားတဲ့ရှစ်ရာသီအတွင်းမှာချန်ပီယံလိဂ်ဖလားလေးကြိမ်၊ဖီဖာကမ္ဘာ့ကလပ်ဖလား၄ကြိမ်၊ဥရောပစူပါဖလား၃ကြိမ်၊လာလီဂါဖလား၂ကြိမ်၊စပိန်စူပါဖလား၂ကြိမ်နှင့်ကိုပါဒယ်ရေးဖလား၁ကြိမ်ဆွတ်ခူးထားနိုင်ပါတယ်။

ZawGyi

၁၄ ႏွစ္အတြက္ ကလပ္ႏွစ္ခုအၾကား ပထမဆုံးအေျပာင္းအေ႐ႊ႕အျဖစ္ ဘာကာသို႔ ရီးရဲလ္စတားေျပာင္းေ႐ႊ႕လိုေန

ရီးရဲလ္မက္ဒရစ္အလယ္တန္းကစားသမားအစၥကိုဟာလာမယ့္ေႏြရာသီတြင္ရီးရဲလ္မက္ဒရစ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးပါကမဟာၿပိဳင္ဘက္ဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ကစားရန္ဆႏၵရွိေနေၾကာင္းသိရပါတယ္။

စပိန္ကြင္းလယ္ဖန္တီးရွင္ဟာယခုရာသီမွာလာလီဂါမွာ၂ပြဲတည္းသာပြဲထြက္ခြင့္ရရွိထားၿပီးမာေယာ့ကာအား၆-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာတစ္ဂိုးသြင္းယူထားႏိုင္ခဲ့ပါတယ္။

ကတ္တလန္အေျခစိုက္သတင္းစာ El National ကအစၥကိုဟာဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ကစားလိုေနေၾကာင္းသိရပါတယ္။တကယ္လို႔အေျပာင္းအေ႐ႊ႕ျဖစ္လာခဲ့မယ္ဆိုရင္၁၄ႏွစ္အတြင္းကလပ္ႏွစ္ခုအၾကားပထမဆုံးအေျပာင္းအေ႐ႊ႕ျဖစ္လာပါမယ္။လြန္ခဲ့တဲ့၁၄ႏွစ္တုန္းကဆာဗီယိုလာကဘာကာကေနရီးရဲလ္သို႔ေျပာင္းၿပီးေနာက္ပထမဆုံးအေျပာင္းအေ႐ႊ႕ျဖစ္လာပါမယ္။

အသက္၂၉ႏွစ္ရွိအစၥကိုဟာရီးရဲလ္မက္ဒရစ္အတြက္၃၄၂ပြဲကစားထားရာမွာ၅၂ဂိုးသြင္းယူၿပီး၅၆ႀကိမ္ဖန္တီးထားႏိုင္ပါတယ္။သူဟာရီးရဲလ္မက္ဒရစ္တြင္ကစားတဲ့ရွစ္ရာသီအတြင္းမွာခ်န္ပီယံလိဂ္ဖလားေလးႀကိမ္၊ဖီဖာကမာၻ႔ကလပ္ဖလား၄ႀကိမ္၊ဥေရာပစူပါဖလား၃ႀကိမ္၊လာလီဂါဖလား၂ႀကိမ္၊စပိန္စူပါဖလား၂ႀကိမ္ႏွင့္ကိုပါဒယ္ေရးဖလား၁ႀကိမ္ဆြတ္ခူးထားႏိုင္ပါတယ္။