၁၅ နှစ်အတွင်း ကစားသမားဘဝတစ်လျှောက် အဆိုးရွားဆုံး ရာသီအစတာထွက်နှင့်ကြုံနေရတဲ့ မက်ဆီ

လီယွန်နယ်မက်ဆီဟာတနင်္ဂနွေနေ့ညတုန်းကမာဆေးလ်နှင့်ဂိုးမရှိသရေကျတဲ့ပွဲတွင်ဂိုးမသွင်းနိုင်ခဲ့ပြီးနောက်၂၀၀၅-၀၆ရာသီနောက်ပိုင်းအဆိုးရွားဆုံရာသီအစနှင့်ကြုံဆုံလိုက်ရပြီဖြစ်ပါတယ်။

အသက်၃၄နှစ်ရှိအာဂျင်တီးနားအသင်းခေါင်းဆောင်ဟာပြီးခဲ့တဲ့နွေရာသီမှာပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်လာပြီးနောက်လီဂူး၁တွင်၃၀၃မိနစ်ကစားထားပြီးဖြစ်ပါတယ်။

သူဟာသုံးပွဲပွဲထွက်ကစားကာတစ်ပွဲကိုအရန်အဖြစ်ဝင်ရောက်ကစားခဲ့တာဖြစ်ပြီးမက်ဇ်၊မွန်ပယ်လီယာတို့နှင့်ပွဲစဉ်တို့အားဒဏ်ရာကြောင့်လွဲခဲ့ပါတယ်။

သူဟာအာဂျင်တီးနားအတွက်ကမ္ဘာ့ဖလားခြေစစ်ပွဲသွားကစားမှုကြောင့်အင်ဂါးကို၂-၁ဖြင့်အနိုင်ရတဲ့ပွဲကိုလွဲခဲ့ပါတယ်။ပီအက်စ်ဂျီဟာလည်းမက်ဆီမပါဝင်တဲ့လီဂူး၁ပွဲတိုင်းအနိုင်ရထားပါတယ်။

ပိုချက်တီနိုဦးဆောင်တဲ့အသင်းဟာမက်ဆီပါဝင်တဲ့လိဂ်ပွဲများထဲမှနှစ်ပွဲအနိုင်မရထားပါဘူး။ရန်နက်စ်ကို၂-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲနဲ့မာဆေးလ်နှင့်ဂိုးမရှိသရေကျတဲ့ပွဲဖြစ်ပါတယ်။

မက်ဆီဟာလီဂူး၁တွင်ဆိုးရွားတဲ့တာထွက်နှင်ကြုံနေရပေမယ့်လည်းချန်ပီယံလိဂ်မှာသုံးဂိုးသွင်းယူထားနိုင်ပါတယ်။

ပီအက်စ်ဂျီဟာလီဂူး၁မှာမက်ဆီရုန်းကန်နေရပေမယ့်လည်း၁၁ပွဲကစားပြီးချိန်မှာဒုတိယနေရာမှလန်းစ်ကို၇မှတ်ဖြတ်ကာထိပ်ဆုံးမှာသက်တောင့်သက်သာနဲ့ရပ်တည်နေပါတယ်။

ZawGyi

၁၅ ႏွစ္အတြင္း ကစားသမားဘဝတစ္ေလွ်ာက္ အဆိုး႐ြားဆုံး ရာသီအစတာထြက္ႏွင့္ႀကဳံေနရတဲ့ မက္ဆီ

လီယြန္နယ္မက္ဆီဟာတနဂၤေႏြေန႔ညတုန္းကမာေဆးလ္ႏွင့္ဂိုးမရွိသေရက်တဲ့ပြဲတြင္ဂိုးမသြင္းႏိုင္ခဲ့ၿပီးေနာက္၂၀၀၅-၀၆ရာသီေနာက္ပိုင္းအဆိုး႐ြားဆုံရာသီအစႏွင့္ႀကဳံဆုံလိုက္ရၿပီျဖစ္ပါတယ္။

အသက္၃၄ႏွစ္ရွိအာဂ်င္တီးနားအသင္းေခါင္းေဆာင္ဟာၿပီးခဲ့တဲ့ေႏြရာသီမွာပီအက္စ္ဂ်ီသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေရာက္လာၿပီးေနာက္လီဂူး၁တြင္၃၀၃မိနစ္ကစားထားၿပီးျဖစ္ပါတယ္။

သူဟာသုံးပြဲပြဲထြက္ကစားကာတစ္ပြဲကိုအရန္အျဖစ္ဝင္ေရာက္ကစားခဲ့တာျဖစ္ၿပီးမက္ဇ္၊မြန္ပယ္လီယာတို႔ႏွင့္ပြဲစဥ္တို႔အားဒဏ္ရာေၾကာင့္လြဲခဲ့ပါတယ္။

သူဟာအာဂ်င္တီးနားအတြက္ကမာၻ႔ဖလားေျခစစ္ပြဲသြားကစားမႈေၾကာင့္အင္ဂါးကို၂-၁ျဖင့္အႏိုင္ရတဲ့ပြဲကိုလြဲခဲ့ပါတယ္။ပီအက္စ္ဂ်ီဟာလည္းမက္ဆီမပါဝင္တဲ့လီဂူး၁ပြဲတိုင္းအႏိုင္ရထားပါတယ္။

ပိုခ်က္တီႏိုဦးေဆာင္တဲ့အသင္းဟာမက္ဆီပါဝင္တဲ့လိဂ္ပြဲမ်ားထဲမွႏွစ္ပြဲအႏိုင္မရထားပါဘူး။ရန္နက္စ္ကို၂-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲနဲ႔မာေဆးလ္ႏွင့္ဂိုးမရွိသေရက်တဲ့ပြဲျဖစ္ပါတယ္။

မက္ဆီဟာလီဂူး၁တြင္ဆိုး႐ြားတဲ့တာထြက္ႏွင္ႀကဳံေနရေပမယ့္လည္းခ်န္ပီယံလိဂ္မွာသုံးဂိုးသြင္းယူထားႏိုင္ပါတယ္။

ပီအက္စ္ဂ်ီဟာလီဂူး၁မွာမက္ဆီ႐ုန္းကန္ေနရေပမယ့္လည္း၁၁ပြဲကစားၿပီးခ်ိန္မွာဒုတိယေနရာမွလန္းစ္ကို၇မွတ္ျဖတ္ကာထိပ္ဆုံးမွာသက္ေတာင့္သက္သာနဲ႔ရပ္တည္ေနပါတယ္။