၁၅ နှစ်အရွယ်ကတည်းက မန်ယူပထမအသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းဖို့ မော်ရင်ဟို အလိုရှိခဲ့တဲ့ သရဲနီစတား

နစ်ကီဘတ်ကမန်ယူအသင်းကိုဟိုဆေးမော်ရင်ဟိုကိုင်တွယ်တုန်းကအသက်၁၅နှစ်အရွယ်သာရှိသေးတဲ့မေဆင်ဂရင်းဝုဒ်ကိုမန်ယူပထမအသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းစေလိုခဲ့ကြောင်းဖွင့်ဟပြောကြားလာပါတယ်။

မေဆင်ဂရင်းဝုဒ်ဟာမန်ယူအကယ်ဒမီထွက်ကြယ်ပွင့်တစ်ဦးဖြစ်ပြီးအိုလီဂန်းနားဆိုးလ်ရှားကိုင်တွယ်ပြီးနောက်မန်ယူပထမအသင်းကစားသမားဖြစ်လာခဲ့သူဖြစ်ပါတယ်။

မော်ရင်ဟိုကိုင်တိုင်မှာလည်းအသက်၂၀နှစ်ရှိမန်ယူစတားကိုရာသီကြိုခြေစမ်းပွဲစဉ်များတွင်အသုံးပြုခဲ့သလို၂၀၁၈ခုနှစ်တုန်းကသူ့ရဲ့ပထမအသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းစေခဲ့ဖူးပါတယ်။

ဒါပေမယ့်မန်ယူလူငယ်အသင်းကိုကိုင်တွယ်ခဲ့ဖူးတဲ့ဂန္ထဝင်ကစားသမားနစ်ကီဘတ်ကမော်ရင်ဟိုဟာမေဆင်ဂရင်းဝုဒ် အသက်၁၅နှစ်အရွယ်ကတည်း မန်ယူပထမအသင်းသို့ခေါ်ဆောင်ရန်တောင်းဆိုခဲ့ဖူးကြောင်းဖွင့်ဟလာပါတယ်။

မန်ယူအသင်းကိုနှစ်နှစ်ခွဲကိုင်တွယ်ခဲ့တဲ့မော်ရင်ဟိုဟာဂရင်းဝုဒ်ကိုပထမအသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းဖို့တောင်းဆိုခဲ့ပေမယ့်စည်းမျဉ်းစည်းကမ်းများကြောင့်မအောင်မြင်ခဲ့ပါဘူး။

နစ်ကီဘတ်ဟာမေဆင်ဂရင်းဝုဒ်ကိုစေလွှတ်လို့မရတာကြောင့်စကော့မက်တိုမီနေးကို မော်ရင်ဟိုရဲ့အသင်းသို့တွန်းပို့ခဲ့ပါတယ်။

နစ်ကီဘတ်က “သူ့(မော်ရင်ဟို)မှာမယုံကြည်နိုင်စရာကောင်းတဲ့စရိုက်ရှိတယ်။ကျွန်တော်အကယ်ဒမီမန်နေဂျာဘဝတုန်းကပေါ့ အရမ်းထူးဆန်းတဲ့အရာဖြစ်ခဲ့တယ်။သူဟာမနက်စာစားတိုင်းကျွန်တော်နဲ့စကားပြောတယ်။လူငယ်ကစားသမားတွေနဲ့ပတ်သက်ပြီးကျွန်တော့်မေးတယ်။သူကတစ်စိတ်တည်းရှိတဲ့သူပါ။တကိုယ်ကောင်းဆန်တယ်။ခင်ဗျားတို့လက်ခံသည်ဖြစ်စေမခံသည်ဖြစ်စေ ဒါကြောင့်လည်းသူကအကောင်းဆုံးနည်းပြတွေထဲမှာပါဝင်နေတာပါ။ပထမအသင်းသို့ပို့စေချင်တဲ့သူတွေကိုသူမေးလေ့ရှိတယ်။မေဆင်ဂရင်းဝုဒ်ဆိုတာဘယ်သူလဲလို့မေးလာတယ်။အဲဒီတုန်းကသူက၁၅နှစ်ပဲရှိသေးတယ်။ငါတို့ဆီလေ့ကျင့်ဖို့ပို့လိုက်လို့ပြောလာပါတယ်။ကျွန်တော်ကလည်းသူကကျောင်းတက်နေတုန်းဆိုတော့မဖြစ်နိုင်ဘူးလို့ပြန်ပြောခဲ့ပါတယ်။ပြီးတော့စည်းမျဉ်းစည်းကမ်းတွေကလည်းရှိပါသေးတယ်။စကော့မက်တိုမီနေးကိုဘဲတွန်းခဲ့တယ်။သူကလူကောင်းလေးတစ်ယောက်၊တိုက်ပွဲဝင်လိုစိတ်ပြင်းတယ်၊အပြေးကောင်းတယ်၊ဘောလုံးပေးတာလည်းကောင်းတယ်လို့ရှင်းပြခဲ့တယ်။ဟိုဆေးလည်းသူ့ကိုခေါ်ပြီးလေ့ကျင့်စေခဲ့တယ်။စကော့ဟာဘယ်တော့မှပြန်မရောက်လာတော့ပါဘူး”လို့ပြောကြားခဲ့ပါတယ်။

နစ်ကီဘတ်ဟာပြီးခဲ့တဲ့မတ်လတုန်းကမန်ယူအသင်းပထမအသင်းဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲရာထူးမှနုတ်ထွက်ခဲ့သူဖြစ်ပါတယ်။

စကော့မက်တိုမီနေးဟာမော်ရင်ဟိုလက်ထက်တွင်မန်ယူအသင်းကြီးသို့ရောက်ခဲ့ပြီးနောက် ယခုအခါဆိုးလ်ရှားရဲ့မန်ယူအသင်းမှာအရေးပါတဲ့ပွဲထွက်ကစားသမားတစ်ဦးအဖြစ်ပုံမှန်ကစားခွင့်ရရှိနေပါတယ်။

ZawGyi

၁၅ ႏွစ္အ႐ြယ္ကတည္းက မန္ယူပထမအသင္းႏွင့္အတူ ေလ့က်င့္ခန္းဆင္းဖို႔ ေမာ္ရင္ဟို အလိုရွိခဲ့တဲ့ သရဲနီစတား

နစ္ကီဘတ္ကမန္ယူအသင္းကိုဟိုေဆးေမာ္ရင္ဟိုကိုင္တြယ္တုန္းကအသက္၁၅ႏွစ္အ႐ြယ္သာရွိေသးတဲ့ေမဆင္ဂရင္းဝုဒ္ကိုမန္ယူပထမအသင္းႏွင့္အတူေလ့က်င့္ခန္းဆင္းေစလိုခဲ့ေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

ေမဆင္ဂရင္းဝုဒ္ဟာမန္ယူအကယ္ဒမီထြက္ၾကယ္ပြင့္တစ္ဦးျဖစ္ၿပီးအိုလီဂန္းနားဆိုးလ္ရွားကိုင္တြယ္ၿပီးေနာက္မန္ယူပထမအသင္းကစားသမားျဖစ္လာခဲ့သူျဖစ္ပါတယ္။

ေမာ္ရင္ဟိုကိုင္တိုင္မွာလည္းအသက္၂၀ႏွစ္ရွိမန္ယူစတားကိုရာသီႀကိဳေျခစမ္းပြဲစဥ္မ်ားတြင္အသုံးျပဳခဲ့သလို၂၀၁၈ခုႏွစ္တုန္းကသူ႔ရဲ႕ပထမအသင္းႏွင့္အတူေလ့က်င့္ခန္းဆင္းေစခဲ့ဖူးပါတယ္။

ဒါေပမယ့္မန္ယူလူငယ္အသင္းကိုကိုင္တြယ္ခဲ့ဖူးတဲ့ဂႏၴဝင္ကစားသမားနစ္ကီဘတ္ကေမာ္ရင္ဟိုဟာေမဆင္ဂရင္းဝုဒ္ အသက္၁၅ႏွစ္အ႐ြယ္ကတည္း မန္ယူပထမအသင္းသို႔ေခၚေဆာင္ရန္ေတာင္းဆိုခဲ့ဖူးေၾကာင္းဖြင့္ဟလာပါတယ္။

မန္ယူအသင္းကိုႏွစ္ႏွစ္ခြဲကိုင္တြယ္ခဲ့တဲ့ေမာ္ရင္ဟိုဟာဂရင္းဝုဒ္ကိုပထမအသင္းႏွင့္အတူေလ့က်င့္ခန္းဆင္းဖို႔ေတာင္းဆိုခဲ့ေပမယ့္စည္းမ်ဥ္းစည္းကမ္းမ်ားေၾကာင့္မေအာင္ျမင္ခဲ့ပါဘူး။

နစ္ကီဘတ္ဟာေမဆင္ဂရင္းဝုဒ္ကိုေစလႊတ္လို႔မရတာေၾကာင့္စေကာ့မက္တိုမီေနးကို ေမာ္ရင္ဟိုရဲ႕အသင္းသို႔တြန္းပို႔ခဲ့ပါတယ္။

နစ္ကီဘတ္က “သူ႔(ေမာ္ရင္ဟို)မွာမယုံၾကည္ႏိုင္စရာေကာင္းတဲ့စ႐ိုက္ရွိတယ္။ကြၽန္ေတာ္အကယ္ဒမီမန္ေနဂ်ာဘဝတုန္းကေပါ့ အရမ္းထူးဆန္းတဲ့အရာျဖစ္ခဲ့တယ္။သူဟာမနက္စာစားတိုင္းကြၽန္ေတာ္နဲ႔စကားေျပာတယ္။လူငယ္ကစားသမားေတြနဲ႔ပတ္သက္ၿပီးကြၽန္ေတာ့္ေမးတယ္။သူကတစ္စိတ္တည္းရွိတဲ့သူပါ။တကိုယ္ေကာင္းဆန္တယ္။ခင္ဗ်ားတို႔လက္ခံသည္ျဖစ္ေစမခံသည္ျဖစ္ေစ ဒါေၾကာင့္လည္းသူကအေကာင္းဆုံးနည္းျပေတြထဲမွာပါဝင္ေနတာပါ။ပထမအသင္းသို႔ပို႔ေစခ်င္တဲ့သူေတြကိုသူေမးေလ့ရွိတယ္။ေမဆင္ဂရင္းဝုဒ္ဆိုတာဘယ္သူလဲလို႔ေမးလာတယ္။အဲဒီတုန္းကသူက၁၅ႏွစ္ပဲရွိေသးတယ္။ငါတို႔ဆီေလ့က်င့္ဖို႔ပို႔လိုက္လို႔ေျပာလာပါတယ္။ကြၽန္ေတာ္ကလည္းသူကေက်ာင္းတက္ေနတုန္းဆိုေတာ့မျဖစ္ႏိုင္ဘူးလို႔ျပန္ေျပာခဲ့ပါတယ္။ၿပီးေတာ့စည္းမ်ဥ္းစည္းကမ္းေတြကလည္းရွိပါေသးတယ္။စေကာ့မက္တိုမီေနးကိုဘဲတြန္းခဲ့တယ္။သူကလူေကာင္းေလးတစ္ေယာက္၊တိုက္ပြဲဝင္လိုစိတ္ျပင္းတယ္၊အေျပးေကာင္းတယ္၊ေဘာလုံးေပးတာလည္းေကာင္းတယ္လို႔ရွင္းျပခဲ့တယ္။ဟိုေဆးလည္းသူ႔ကိုေခၚၿပီးေလ့က်င့္ေစခဲ့တယ္။စေကာ့ဟာဘယ္ေတာ့မွျပန္မေရာက္လာေတာ့ပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

နစ္ကီဘတ္ဟာၿပီးခဲ့တဲ့မတ္လတုန္းကမန္ယူအသင္းပထမအသင္းဖြံ႕ၿဖိဳးတိုးတက္ေရးအႀကီးအကဲရာထူးမွႏုတ္ထြက္ခဲ့သူျဖစ္ပါတယ္။

စေကာ့မက္တိုမီေနးဟာေမာ္ရင္ဟိုလက္ထက္တြင္မန္ယူအသင္းႀကီးသို႔ေရာက္ခဲ့ၿပီးေနာက္ ယခုအခါဆိုးလ္ရွားရဲ႕မန္ယူအသင္းမွာအေရးပါတဲ့ပြဲထြက္ကစားသမားတစ္ဦးအျဖစ္ပုံမွန္ကစားခြင့္ရရွိေနပါတယ္။