၁၆ နှစ်အရွယ်တွင် မာရာဒိုနာရဲ့ဗလက္ကာယပြုကျင့်ခံခဲ့ရကြောင်း အမျိုးသမီးတစ်ဦးစွပ်စွဲလာ

ကျူးဘားအမျိုးသမီးတစ်ဦးကသူမအသက်၁၆နှစ်အရွယ်တွင်ဒီယေဂိုမာရာဒိုနာရဲ့ဗလက္ကာယပြုကျင့်ခံခဲ့ရကြောင်းစွပ်စွဲလာပါတယ်။

မာဗီးအယ်လ်ဗာရက်ဇ်ဟာလွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုတုန်းကဂန္ထဝင်ဘောလုံးသမားနှင့်ဆက်ဆံမှုတစ်ခုရှိခဲ့ပြီးယခုအခါသူမဟာအာဂျင်တီးနားတရားမျှတရေးတရားရုံးတွင်သူမရဲ့ဆိုးရွားလှတဲ့ဖြစ်ရပ်ကိုသက်သေခံထွက်ဆိုလာပါတယ်။

အယ်လ်ဗာရက်ဇ်ကသူမဟာအသက်၁၆နှစ်အရွယ်တွင်မာရာဒိုနာနှင့်ဆုံစည်းခဲ့ကြောင်းဆိုထားပါတယ်။ထိုစဉ်ကအသက်၄၀နှစ်အရွယ်ရှိမာရာဒိုနာဟာဘောလုံးကစားသမားဘဝမှအနားယူပြီးနောက်ကျူးဘားရဲ့မြို့တော်ဟားဗားနားသို့လာရောက်ကာဆေးဖြတ်နေပါတယ်။

အယ်လ်ဗာရက်ဇ်ကသူမဟာဆေးဖြတ်ခန်းတွင်မာရာဒိုနာရဲ့ဗလက္ကာယပြုကျင့်ခံခဲ့ရကြောင်းဆိုသွားပါတယ်။သူမဗလက္ကာယပြုကျင့်ခံနေရချိန်တွင်မီတာအနည်းငယ်အကွာရှိအခန်းတွင်သူမရဲ့မိခင်လည်းရှိနေကြောင်းဆိုသွားပါတယ်။

အယ်လ်ဗာရက်ဇ်က “သူကပါးစပ်ကိုလက်နဲ့ပိတ်ထားတယ်။မတရားပြုကျင့်တယ်။ဒါနဲ့ပတ်သက်ပြီးကျွန်မအများကြီးမပြောချင်ပါဘူး။မိန်းကလေးငယ်တစ်ဦးလိုမကြီးပြင်းခဲ့ရဘူး။ကျွန်မရဲ့အပြစ်ကင်းစင်မှုအားလုံးအခိုးခံလိုက်ရပါတယ်။အရမ်းခက်ခဲတယ်။မိန်းကလေးငယ်တစ်ဦးအဖြစ်အပြစ်ကင်းစွာမနေရဘဲအတွေ့အကြုံဆိုးကြီးကြုံခဲ့ရတယ်။

အစောပိုင်းတုန်းကသူမကမာရာဒိုနာနှင့်သူမအကြားဆက်ဆံရေးမှာနှစ်ဦးသဘောတူခဲ့ကြောင်းဆိုခဲ့ပါတယ်။ဒါပေမယ့်သူမဟာအတူနေစဉ် လေးနှစ်ငါးနှစ်အတွင်းတွင်မာရာဒိုနာရဲ့ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊လိင်အနိုင်ကျင့်ခြင်းတို့ပြုကျင့်ခံခဲ့ရကြောင်းဆိုလာပါတယ်။

ဒါ့အပြင်သူမကမာရာဒိုနာနှင့်ကျူးဘားသမ္မတဟောင်းဖီဒယ်ကက်စထရိုတို့အကြားအင်မတန်ရင်းနှီးတဲ့ဆက်ဆံရေးကြောင့်ယင်းဖြစ်ရပ်အားလုံးကိုမိသားစုကဖုံးကွယ်ထားစေခဲ့ကြောင်းဆိုသွားပါတယ်။

ဆက်လက်ပြီးအယ်ဗာရက်ဇ်ကအာဂျင်တီးနားဂန္ထဝင်ကစားသမားကြောင့်ပင်သူမမှာလည်းကိုကိုးသုံးစွဲခဲ့ရကြောင်းဆိုသွားပါတယ်။

သူမက “သူ့ကိုချစ်တယ်။ဒါပေမယ့်မုန်းလည်းမုန်းတယ်။ကိုယ့်ကိုယ်ကိုအဆုံးစီရင်ဖို့တောင်စဉ်းစားခဲ့တယ်”လို့ပြောကြားသွားပါတယ်။

ယခုအခါကလေးနှစ်ယောက်မိခင်ဖြစ်နေပြီဖြစ်တဲ့သက်သေထွက်ဆိုမှုကို NGO အဖွဲ့တစ်ခုဖြစ်တဲ့ Foundation For Peace ကတရားဝင် တင်သွင်းသွားပါမယ်။

သူမဟာယင်းသို့ထွက်ဆိုမှုပြုလုပ်ခဲ့ပေမယ့်လည်းတစ်စုံတစ်ရာနစ်နာကြေးရရှိလိုမှုကြောင့်မဟုတ်ကြောင်း၊ကျန်တဲ့အရာအားလုံးကို အာဂျင်တီးနားတရားရေးဝန်ကြီးဌာနရဲ့ဆုံးဖြတ်ချက်အတိုင်းလိုက်နာသွားမှာဖြစ်ကြောင်းဆိုသွားပါတယ်။

သူမက “ကျွန်မလုပ်သင့်လုပ်ထိုက်တာလုပ်ခဲ့တာပါ။ကျန်တာအားလုံးကတရားရုံးတာဝန်ပါ။ကျွန်မကြုံခဲ့ဖြစ်ခဲ့တာကိုပြောပြချင်တဲ့ရည်မှန်းချက်ပြည့်ပါပြီ။ကျွန်မလိုအခြားသူတွေကိုမဖြစ်စေချင်ပါဘူး။အနည်းဆုံးအခြားမိန်းကလေးတွေကိုအားဖြစ်လာစေမှာပြီးကြုံခဲ့ရတာဖွင့်ချဖို့သတ္တိရှိလာစေမှာပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

၁၆ ႏွစ္အ႐ြယ္တြင္ မာရာဒိုနာရဲ႕ဗလကၠာယျပဳက်င့္ခံခဲ့ရေၾကာင္း အမ်ိဳးသမီးတစ္ဦးစြပ္စြဲလာ

က်ဴးဘားအမ်ိဳးသမီးတစ္ဦးကသူမအသက္၁၆ႏွစ္အ႐ြယ္တြင္ဒီေယဂိုမာရာဒိုနာရဲ႕ဗလကၠာယျပဳက်င့္ခံခဲ့ရေၾကာင္းစြပ္စြဲလာပါတယ္။

မာဗီးအယ္လ္ဗာရက္ဇ္ဟာလြန္ခဲ့တဲ့ဆယ္စုႏွစ္ႏွစ္ခုတုန္းကဂႏၴဝင္ေဘာလုံးသမားႏွင့္ဆက္ဆံမႈတစ္ခုရွိခဲ့ၿပီးယခုအခါသူမဟာအာဂ်င္တီးနားတရားမွ်တေရးတရား႐ုံးတြင္သူမရဲ႕ဆိုး႐ြားလွတဲ့ျဖစ္ရပ္ကိုသက္ေသခံထြက္ဆိုလာပါတယ္။

အယ္လ္ဗာရက္ဇ္ကသူမဟာအသက္၁၆ႏွစ္အ႐ြယ္တြင္မာရာဒိုနာႏွင့္ဆုံစည္းခဲ့ေၾကာင္းဆိုထားပါတယ္။ထိုစဥ္ကအသက္၄၀ႏွစ္အ႐ြယ္ရွိမာရာဒိုနာဟာေဘာလုံးကစားသမားဘဝမွအနားယူၿပီးေနာက္က်ဴးဘားရဲ႕ၿမိဳ႕ေတာ္ဟားဗားနားသို႔လာေရာက္ကာေဆးျဖတ္ေနပါတယ္။

အယ္လ္ဗာရက္ဇ္ကသူမဟာေဆးျဖတ္ခန္းတြင္မာရာဒိုနာရဲ႕ဗလကၠာယျပဳက်င့္ခံခဲ့ရေၾကာင္းဆိုသြားပါတယ္။သူမဗလကၠာယျပဳက်င့္ခံေနရခ်ိန္တြင္မီတာအနည္းငယ္အကြာရွိအခန္းတြင္သူမရဲ႕မိခင္လည္းရွိေနေၾကာင္းဆိုသြားပါတယ္။

အယ္လ္ဗာရက္ဇ္က “သူကပါးစပ္ကိုလက္နဲ႔ပိတ္ထားတယ္။မတရားျပဳက်င့္တယ္။ဒါနဲ႔ပတ္သက္ၿပီးကြၽန္မအမ်ားႀကီးမေျပာခ်င္ပါဘူး။မိန္းကေလးငယ္တစ္ဦးလိုမႀကီးျပင္းခဲ့ရဘူး။ကြၽန္မရဲ႕အျပစ္ကင္းစင္မႈအားလုံးအခိုးခံလိုက္ရပါတယ္။အရမ္းခက္ခဲတယ္။မိန္းကေလးငယ္တစ္ဦးအျဖစ္အျပစ္ကင္းစြာမေနရဘဲအေတြ႕အႀကဳံဆိုးႀကီးႀကဳံခဲ့ရတယ္။

အေစာပိုင္းတုန္းကသူမကမာရာဒိုနာႏွင့္သူမအၾကားဆက္ဆံေရးမွာႏွစ္ဦးသေဘာတူခဲ့ေၾကာင္းဆိုခဲ့ပါတယ္။ဒါေပမယ့္သူမဟာအတူေနစဥ္ ေလးႏွစ္ငါးႏွစ္အတြင္းတြင္မာရာဒိုနာရဲ႕ကိုယ္ထိလက္ေရာက္က်ဴးလြန္ျခင္း၊လိင္အႏိုင္က်င့္ျခင္းတို႔ျပဳက်င့္ခံခဲ့ရေၾကာင္းဆိုလာပါတယ္။

ဒါ့အျပင္သူမကမာရာဒိုနာႏွင့္က်ဴးဘားသမၼတေဟာင္းဖီဒယ္ကက္စထ႐ိုတို႔အၾကားအင္မတန္ရင္းႏွီးတဲ့ဆက္ဆံေရးေၾကာင့္ယင္းျဖစ္ရပ္အားလုံးကိုမိသားစုကဖုံးကြယ္ထားေစခဲ့ေၾကာင္းဆိုသြားပါတယ္။

ဆက္လက္ၿပီးအယ္ဗာရက္ဇ္ကအာဂ်င္တီးနားဂႏၴဝင္ကစားသမားေၾကာင့္ပင္သူမမွာလည္းကိုကိုးသုံးစြဲခဲ့ရေၾကာင္းဆိုသြားပါတယ္။

သူမက “သူ႔ကိုခ်စ္တယ္။ဒါေပမယ့္မုန္းလည္းမုန္းတယ္။ကိုယ့္ကိုယ္ကိုအဆုံးစီရင္ဖို႔ေတာင္စဥ္းစားခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။

ယခုအခါကေလးႏွစ္ေယာက္မိခင္ျဖစ္ေနၿပီျဖစ္တဲ့သက္ေသထြက္ဆိုမႈကို NGO အဖြဲ႕တစ္ခုျဖစ္တဲ့ Foundation For Peace ကတရားဝင္ တင္သြင္းသြားပါမယ္။

သူမဟာယင္းသို႔ထြက္ဆိုမႈျပဳလုပ္ခဲ့ေပမယ့္လည္းတစ္စုံတစ္ရာနစ္နာေၾကးရရွိလိုမႈေၾကာင့္မဟုတ္ေၾကာင္း၊က်န္တဲ့အရာအားလုံးကို အာဂ်င္တီးနားတရားေရးဝန္ႀကီးဌာနရဲ႕ဆုံးျဖတ္ခ်က္အတိုင္းလိုက္နာသြားမွာျဖစ္ေၾကာင္းဆိုသြားပါတယ္။

သူမက “ကြၽန္မလုပ္သင့္လုပ္ထိုက္တာလုပ္ခဲ့တာပါ။က်န္တာအားလုံးကတရား႐ုံးတာဝန္ပါ။ကြၽန္မႀကဳံခဲ့ျဖစ္ခဲ့တာကိုေျပာျပခ်င္တဲ့ရည္မွန္းခ်က္ျပည့္ပါၿပီ။ကြၽန္မလိုအျခားသူေတြကိုမျဖစ္ေစခ်င္ပါဘူး။အနည္းဆုံးအျခားမိန္းကေလးေတြကိုအားျဖစ္လာေစမွာၿပီးႀကဳံခဲ့ရတာဖြင့္ခ်ဖို႔သတၱိရွိလာေစမွာပါ”လို႔ေျပာၾကားသြားပါတယ္။