
အမေရိကန်နိုင်ငံဟာတောင်အမေရိကမှ၁၀သင်း၊မြောက်နှင့်ဗဟိုအမေရိကနှင့်ကာရေဘီယံတို့မှ၆သင်းပါဝင်ယှဉ်ပြိုင်လာမဲ့၂၀၂၄ကိုပါအမေရိကဖလားပြိုင်ပွဲကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပသွားပါမယ်။
၂၀၂၄ ခုနှစ်ပြိုင်ပွဲမှာကိုပါအမေရိကဖလားဖလားပြိုင်ပွဲကိုနိုင်ငံခြားတွင်ကျင်းပတာဒုတိယမြောက်အကြိမ်ဖြစ်လာပါမယ်။
၂၀၂၄ကိုပါအမေရိကဖလားပြိုင်ပွဲကိုအီကွေဒေါကအိမ်ရှင်အဖြစ်ကျင်းပခွင့်ရရှိထားပေမဲ့လည်းနိုဝင်ဘာလတုန်းကအစိုးရကလက်ခံကျင်းပနိုင်မည်မဟုတ်ကြောင်းကြေညာခဲ့ပါတယ်။
၂၀၂၁ခုနှစ်ပြိုင်ပွဲကိုဘရာဇီးကအိမ်ရှင်အဖြစ်ကျင်းပခဲ့ပြီးအာဂျင်တီးနားချန်ပီယံဖြစ်ခဲ့ပါတယ်။
ပုံမှန်အားဖြင့်ကိုပါအမေရိကဖလားပြိုင်ပွဲကို အသင်း၁၀သင်းဖြင့်ကျင်းပတာဖြစ်ပြီးလာမယ့်၂၀၂၄ပြိုင်ပွဲမှာတော့၂၀၂၃-၂၄ကွန်ကာကပ်ဖ်နေးရှင်းလိဂ်မှတဆင့် မြောက်/ဗဟိုအမေရိကနှင့်ကာရေဘီယံတို့မှအသင်း၆သင်းလည်းပါဝင်ယှဉ်ပြိုင်လာကြပါမယ်။
ဒါကြောင့်လည်းအမေရိကန်ဟာအိမ်ရှင်အဖြစ်ကျင်းပလာမှာဖြစ်ပေမဲ့လည်း ပြိုင်ပွဲဝင်ခွင့်နေရာတစ်နေရာရရှိဖို့အာမခံချက်မရှိပါဘူး။
အမေရိကန်ဟာ၂၀၁၆ခုနှစ်တုန်းကလည်း ကိုပါအမေရိကဖလားရာပြည့်အထိမ်းအမှတ်ပြိုင်ပွဲကိုလက်ခံကျင်းပခဲ့ဖူးပါတယ်။၎င်းတို့ဟာ၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်းကနေဒါ၊မက္ကဆီကိုတို့နှင့်ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပသွားပါဦးမယ်။
ZawGyi
၁၆ သင္းယွဥ္ၿပိဳင္လာမဲ့ ၂၀၂၄ ကိုပါအေမရိကဖလားၿပိဳင္ပြဲကို အေမရိကန္တြင္ က်င္းပမည္
အေမရိကန္ႏိုင္ငံဟာေတာင္အေမရိကမွ၁၀သင္း၊ေျမာက္ႏွင့္ဗဟိုအေမရိကႏွင့္ကာေရဘီယံတို႔မွ၆သင္းပါဝင္ယွဥ္ၿပိဳင္လာမဲ့၂၀၂၄ကိုပါအေမရိကဖလားၿပိဳင္ပြဲကိုအိမ္ရွင္အျဖစ္လက္ခံက်င္းပသြားပါမယ္။
၂၀၂၄ ခုႏွစ္ၿပိဳင္ပြဲမွာကိုပါအေမရိကဖလားဖလားၿပိဳင္ပြဲကိုႏိုင္ငံျခားတြင္က်င္းပတာဒုတိယေျမာက္အႀကိမ္ျဖစ္လာပါမယ္။
၂၀၂၄ကိုပါအေမရိကဖလားၿပိဳင္ပြဲကိုအီေကြေဒါကအိမ္ရွင္အျဖစ္က်င္းပခြင့္ရရွိထားေပမဲ့လည္းႏိုဝင္ဘာလတုန္းကအစိုးရကလက္ခံက်င္းပႏိုင္မည္မဟုတ္ေၾကာင္းေၾကညာခဲ့ပါတယ္။
၂၀၂၁ခုႏွစ္ၿပိဳင္ပြဲကိုဘရာဇီးကအိမ္ရွင္အျဖစ္က်င္းပခဲ့ၿပီးအာဂ်င္တီးနားခ်န္ပီယံျဖစ္ခဲ့ပါတယ္။
ပုံမွန္အားျဖင့္ကိုပါအေမရိကဖလားၿပိဳင္ပြဲကို အသင္း၁၀သင္းျဖင့္က်င္းပတာျဖစ္ၿပီးလာမယ့္၂၀၂၄ၿပိဳင္ပြဲမွာေတာ့၂၀၂၃-၂၄ကြန္ကာကပ္ဖ္ေနးရွင္းလိဂ္မွတဆင့္ ေျမာက္/ဗဟိုအေမရိကႏွင့္ကာေရဘီယံတို႔မွအသင္း၆သင္းလည္းပါဝင္ယွဥ္ၿပိဳင္လာၾကပါမယ္။
ဒါေၾကာင့္လည္းအေမရိကန္ဟာအိမ္ရွင္အျဖစ္က်င္းပလာမွာျဖစ္ေပမဲ့လည္း ၿပိဳင္ပြဲဝင္ခြင့္ေနရာတစ္ေနရာရရွိဖို႔အာမခံခ်က္မရွိပါဘူး။
အေမရိကန္ဟာ၂၀၁၆ခုႏွစ္တုန္းကလည္း ကိုပါအေမရိကဖလားရာျပည့္အထိမ္းအမွတ္ၿပိဳင္ပြဲကိုလက္ခံက်င္းပခဲ့ဖူးပါတယ္။၎တို႔ဟာ၂၀၂၆ကမာၻ႔ဖလားၿပိဳင္ပြဲကိုလည္းကေနဒါ၊မကၠဆီကိုတို႔ႏွင့္ပူးတြဲအိမ္ရွင္အျဖစ္က်င္းပသြားပါဦးမယ္။