၁၇ ရက်အတွင်း ငွေပြတ်မယ့် အခြေအနေကြောင့် ဆန်ရှင်ကို လျှော့ပေါ့ပေးရန် ချဲလ်ဆီးတောင်းပန်သွားမည်

ချဲလ်ဆီးဟာ၁၇ရက်အတွင်းတွင်ကလပ်ရဲ့ငွေပြတ်မယ့်အနေအထားတွင်ရှိနေတာကြောင့်ဗြိတိန်အစိုးရအား ဆန်ရှင်ကိုလျှော့ပေါ့မှုပြုလုပ်ရန်တောင်းပန်မှု ပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ဟာရုရှားသမ္မတပူတင်နှင့်ဆက်နွယ်နေမှုကြောင့်ဗြိတိန်အစိုးရရဲ့ဆန်ရှင်စာရင်းထဲတွင်ထည့်သွင်းခြင်းခံခဲ့ရပြီး ဗြိတိန်ရှိ၎င်းရဲ့ပိုင်ဆိုင်မှုအားအသိမ်းခံထားရပါတယ်။

လက်ရှိအချိန်တွင်အေဘရာမိုဗစ်ဟာချဲလ်ဆီးကိုရောင်းချမှုမှတားဆီးခံထားရပါတယ်။ဒါပေမဲ့သတင်းများအရ၎င်းအနေဖြင့်ချဲလ်ဆီးကိုရောင်းချမှုမှငွေတစ်ပြားတစ်ချပ်မှမရယူပါကရောင်းချနိုင်ကြောင်းသိရပါတယ်။

The Daily Mail သတင်းစာက ချဲလ်ဆီးဟာဆန်ရှင်ကြောင့်၎င်းတို့လက်ထဲရှိ လက်ကျန်ငွေမှာ ၁၇ ရက်အတွင်းအသုံးစရိတ်ပြတ်မယ့်အနေအထားတွင် ရှိနေကြောင်း သိရပါတယ်။

ချဲလ်ဆီးဟာမတ်လ၂၈ရက်နေ့တွင်အသုံးစရိတ်ငွေပြတ်သွားမှာဖြစ်ပါတယ်။ဒါကြောင့်လည်းချဲလ်ဆီးဟာဆန်ရှင်ကိုလျှော့ပေါ့မှုပြုလုပ်ပြီး ဗြိတိန်အစိုးရအနေဖြင့် ကလပ်အရောင်းအဝယ်ဖြစ်မြောက်လာအောင်လုပ်ဆောင်ပေးရန် တောင်းဆိုဖို့ ဖြစ်လာတာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးဟာတစ်လလျှင်ကစားသမားများအတွက်လုပ်ခအသုံးစရိတ် ပေါင် ၂၈ သန်းအထိရှိတဲ့အသင်းဖြစ်ပါတယ်။

ဒါကြောင့်အနောက်လန်ဒန်ကလပ်ဟာဘဏ်ထဲတွင်ငွေပေါင်၁၆သန်းသာ ကျန်ပါတော့တယ်။

ယင်းသို့အခြေအနေကြောင့် ဘဏ်ရှိငွေကုန်ဆုံးပါက ချဲလ်ဆီးအသင်း မည်သို့ ဖြစ်လာမယ်ဆိုတာခန့်မှန်းမရဖြစ်နေပါတယ်။

တကယ်လို့များအာဏာပိုင်ဘက်ကဆန်ရှင်ကိုမလျှော့ပေါ့ကချဲလ်ဆီးမှာအာဏာပိုင်ရဲ့စီမံခန့်ခွဲမှုအောက်သို့ဝင်ရတော့မှာဖြစ်ပါတယ်။ချဲလ်ဆီးဟာအာဏာပိုင်ရဲ့စီမံခန့်ခွဲမှုအောက်သို့ဝင်ပါကရမှတ်၉မှတ်အလျှော့ခံရပါမယ်။

ချဲလ်ဆီးဟာဗြိတိန်အစိုးရရဲ့ဆန်ရှင်ကြောင့်အိမ်ကွင်းလက်မှတ်ရောင်းချခွင့်ပိတ်ပင်ခံထားရပြီးတစ်ရာသီစာလက်မှတ်ကိုင်ဆောင်သူများသာကြည့်ခွင့်ရတော့ကာ အိမ်ကွင်းပွဲမှဝင်ငွေ တစ်ပွဲလျှင်ပေါင်၆၀၀၀၀၀အထိနစ်နာလာပါမယ်။

ဒါ့အပြင်ကလပ်ရဲ့အင်္ကျီစပွန်ဆာ Three က၎င်းတို့ရဲ့ပေါင်သန်း၁၂၀တန်အင်္ကျီရင်ဘတ်စပွန်ဆာစာချုပ်ကိုရပ်ဆိုင်းထားပါတယ်။ကလပ်ရဲ့အင်္ကျီစပွန်ဆာ Nike ကလည်းပေါင်သန်း၉၀၀တန်စပွန်ဆာစာချုပ်ကိုဖျက်သိမ်းရန် စဉ်းစားနေပါတယ်။

ZawGyi

၁၇ ရက္အတြင္း ေငြျပတ္မယ့္ အေျခအေနေၾကာင့္ ဆန္ရွင္ကို ေလွ်ာ့ေပါ့ေပးရန္ ခ်ဲလ္ဆီးေတာင္းပန္သြားမည္

ခ်ဲလ္ဆီးဟာ၁၇ရက္အတြင္းတြင္ကလပ္ရဲ႕ေငြျပတ္မယ့္အေနအထားတြင္ရွိေနတာေၾကာင့္ၿဗိတိန္အစိုးရအား ဆန္ရွင္ကိုေလွ်ာ့ေပါ့မႈျပဳလုပ္ရန္ေတာင္းပန္မႈ ျပဳလုပ္သြားမွာျဖစ္ေၾကာင္းသိရပါတယ္။

ခ်ဲလ္ဆီးအသင္းပိုင္ရွင္႐ိုမန္ေအဘရာမိုဗစ္ဟာ႐ုရွားသမၼတပူတင္ႏွင့္ဆက္ႏြယ္ေနမႈေၾကာင့္ၿဗိတိန္အစိုးရရဲ႕ဆန္ရွင္စာရင္းထဲတြင္ထည့္သြင္းျခင္းခံခဲ့ရၿပီး ၿဗိတိန္ရွိ၎ရဲ႕ပိုင္ဆိုင္မႈအားအသိမ္းခံထားရပါတယ္။

လက္ရွိအခ်ိန္တြင္ေအဘရာမိုဗစ္ဟာခ်ဲလ္ဆီးကိုေရာင္းခ်မႈမွတားဆီးခံထားရပါတယ္။ဒါေပမဲ့သတင္းမ်ားအရ၎အေနျဖင့္ခ်ဲလ္ဆီးကိုေရာင္းခ်မႈမွေငြတစ္ျပားတစ္ခ်ပ္မွမရယူပါကေရာင္းခ်ႏိုင္ေၾကာင္းသိရပါတယ္။

The Daily Mail သတင္းစာက ခ်ဲလ္ဆီးဟာဆန္ရွင္ေၾကာင့္၎တို႔လက္ထဲရွိ လက္က်န္ေငြမွာ ၁၇ ရက္အတြင္းအသုံးစရိတ္ျပတ္မယ့္အေနအထားတြင္ ရွိေနေၾကာင္း သိရပါတယ္။

ခ်ဲလ္ဆီးဟာမတ္လ၂၈ရက္ေန႔တြင္အသုံးစရိတ္ေငြျပတ္သြားမွာျဖစ္ပါတယ္။ဒါေၾကာင့္လည္းခ်ဲလ္ဆီးဟာဆန္ရွင္ကိုေလွ်ာ့ေပါ့မႈျပဳလုပ္ၿပီး ၿဗိတိန္အစိုးရအေနျဖင့္ ကလပ္အေရာင္းအဝယ္ျဖစ္ေျမာက္လာေအာင္လုပ္ေဆာင္ေပးရန္ ေတာင္းဆိုဖို႔ ျဖစ္လာတာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာတစ္လလွ်င္ကစားသမားမ်ားအတြက္လုပ္ခအသုံးစရိတ္ ေပါင္ ၂၈ သန္းအထိရွိတဲ့အသင္းျဖစ္ပါတယ္။

ဒါေၾကာင့္အေနာက္လန္ဒန္ကလပ္ဟာဘဏ္ထဲတြင္ေငြေပါင္၁၆သန္းသာ က်န္ပါေတာ့တယ္။

ယင္းသို႔အေျခအေနေၾကာင့္ ဘဏ္ရွိေငြကုန္ဆုံးပါက ခ်ဲလ္ဆီးအသင္း မည္သို႔ ျဖစ္လာမယ္ဆိုတာခန႔္မွန္းမရျဖစ္ေနပါတယ္။

တကယ္လို႔မ်ားအာဏာပိုင္ဘက္ကဆန္ရွင္ကိုမေလွ်ာ့ေပါ့ကခ်ဲလ္ဆီးမွာအာဏာပိုင္ရဲ႕စီမံခန႔္ခြဲမႈေအာက္သို႔ဝင္ရေတာ့မွာျဖစ္ပါတယ္။ခ်ဲလ္ဆီးဟာအာဏာပိုင္ရဲ႕စီမံခန႔္ခြဲမႈေအာက္သို႔ဝင္ပါကရမွတ္၉မွတ္အေလွ်ာ့ခံရပါမယ္။

ခ်ဲလ္ဆီးဟာၿဗိတိန္အစိုးရရဲ႕ဆန္ရွင္ေၾကာင့္အိမ္ကြင္းလက္မွတ္ေရာင္းခ်ခြင့္ပိတ္ပင္ခံထားရၿပီးတစ္ရာသီစာလက္မွတ္ကိုင္ေဆာင္သူမ်ားသာၾကည့္ခြင့္ရေတာ့ကာ အိမ္ကြင္းပြဲမွဝင္ေငြ တစ္ပြဲလွ်င္ေပါင္၆၀၀၀၀၀အထိနစ္နာလာပါမယ္။

ဒါ့အျပင္ကလပ္ရဲ႕အက်ႌစပြန္ဆာ Three က၎တို႔ရဲ႕ေပါင္သန္း၁၂၀တန္အက်ႌရင္ဘတ္စပြန္ဆာစာခ်ဳပ္ကိုရပ္ဆိုင္းထားပါတယ္။ကလပ္ရဲ႕အက်ႌစပြန္ဆာ Nike ကလည္းေပါင္သန္း၉၀၀တန္စပြန္ဆာစာခ်ဳပ္ကိုဖ်က္သိမ္းရန္ စဥ္းစားေနပါတယ္။