၁၈လစာချုပ်ကြောင့် ယုံကြည်မှုမရရှိသလိုခံစားရကြောင်း တူချယ်ဖွင့်ဟ

သောမတ်စ်တူချယ်ကချဲလ်ဆီးနှင့်၁၈လစာချုပ်သာချုပ်ဆိုခြင်းခံရမှုကကလပ်ရဲ့ယုံကြည်မှုမခံရသကဲ့သို့ခံစားရ ကြောင်းဖွင့်ဟသွားခဲ့ပါတယ်။ဒါပေမယ့်ဂျာမန်လူမျိုးနည်းပြကစာချုပ်သက်တမ်တိုးမှုခံယူနိုင်ရေးအတွက်ကလပ် ရဲ့ယုံကြည်မှုရရှိရေးအစွမ်းကြိုးစားသွားမှာဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

ချဲလ်ဆီးဟာဇန်နဝါရီလတုန်းကဂန္ထဝင်ကစားသမားဖရန့်လမ်းပတ်ကိုထုတ်ပယ်ကာပီအက်စ်ဂျီနှင့်ဒေါ့မွန်နည်းပြ ဟောင်းတူချယ်ကိုခန့်အပ်ခဲ့တာပါ။

ဒါပေမယ့်အသက်၄၇နှစ်ရှိဂျာမန်လူမျိုးနည်းပြဟာ၂၀၂၂ခုနှစ်နွေရာသီအထိစာချုပ်ဖြင့်သာခန့်အပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ချဲလ်ဆီးဟာကာလတိုပြဿနာကိုဖြေရှင်းရန်တူချယ်ကိုခန့်အပ်လာခြင်းလို့ယူဆရတာလည်း ဖြစ်ပါတယ်။

တူချယ်က “ပထမပြောချင်တာကဒါကိုမကြိုက်ဘူး(အနာဂတ်ရေရှည်မရှိမှု)။ငါ့ကိုအယုံအကြည်မရှိတာလားလို့ တွေးမိတယ်။ကိုယ့်နိုင်ငံကထွက်ခွာဖို့လိုအပ်နေတယ်။မိသားစုကိုလည်းချန်ထားခဲ့ရတယ်။စတုတ္ထအဆင့်နေရာနဲ့ လည်းအမှတ်အများကြီးကွာနေတယ်။ဒါပေမယ့်ကျွန်တော်ကတော့ကိုယ့်သာအကောင်းဆုံးလုပ်ရင်သူတို့ဘက်က ကိုယ့်ကိုကြိုက်လာမှာဘဲလို့တွေးမိတယ်။ကျုပ်သာအကောင်းဆုံးမလုပ်နိုင်ရင်ဘယ်နည်းနဲ့မဆိုထုတ်မှာဘဲ။ငါးနှစ် စာချုပ်ရှိလည်းထုတ်မှာဘဲ။ကိုယ့်ကိုယ်ကိုယုံကြည်မှုဖို့ကအဓိကပါ။ကလပ်နဲ့အသင်းအပေါ်ယုံကြည်မှုရှိဖို့ကအဓိက ပါ။ကျွန်တော်ကယုံတယ်။ဒီတော့ဘာများစိုးရိမ်စရာရှိမှာလဲ”လို့ပြောကြားသွားပါတယ်။

တူချယ်လက်ထက်တွင်ချဲလ်ဆီးဟာ၇ပွဲဆက်တိုက်ရှုံးပွဲမရှိသေးပါဘူး။ချဲလ်ဆီးဟာနောက်ဆုံးကစားတဲ့အက်သလက်တီကိုနှင့်ချန်ပီယံလိဂ်ပွဲစဉ်မှာ၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ZawGyi

၁၈လစာခ်ဳပ္ေၾကာင့္ ယုံၾကည္မႈမရရွိသလိုခံစားရေၾကာင္း တူခ်ယ္ဖြင့္ဟ

ေသာမတ္စ္တူခ်ယ္ကခ်ဲလ္ဆီးႏွင့္၁၈လစာခ်ဳပ္သာခ်ဳပ္ဆိုျခင္းခံရမႈကကလပ္ရဲ႕ယုံၾကည္မႈမခံရသကဲ့သို႔ခံစားရ ေၾကာင္းဖြင့္ဟသြားခဲ့ပါတယ္။ဒါေပမယ့္ဂ်ာမန္လူမ်ိဳးနည္းျပကစာခ်ဳပ္သက္တမ္တိုးမႈခံယူႏိုင္ေရးအတြက္ကလပ္ ရဲ႕ယုံၾကည္မႈရရွိေရးအစြမ္းႀကိဳးစားသြားမွာျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ခ်ဲလ္ဆီးဟာဇန္နဝါရီလတုန္းကဂႏၴဝင္ကစားသမားဖရန႔္လမ္းပတ္ကိုထုတ္ပယ္ကာပီအက္စ္ဂ်ီႏွင့္ေဒါ့မြန္နည္းျပ ေဟာင္းတူခ်ယ္ကိုခန႔္အပ္ခဲ့တာပါ။

ဒါေပမယ့္အသက္၄၇ႏွစ္ရွိဂ်ာမန္လူမ်ိဳးနည္းျပဟာ၂၀၂၂ခုႏွစ္ေႏြရာသီအထိစာခ်ဳပ္ျဖင့္သာခန႔္အပ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။ခ်ဲလ္ဆီးဟာကာလတိုျပႆနာကိုေျဖရွင္းရန္တူခ်ယ္ကိုခန႔္အပ္လာျခင္းလို႔ယူဆရတာလည္း ျဖစ္ပါတယ္။

တူခ်ယ္က “ပထမေျပာခ်င္တာကဒါကိုမႀကိဳက္ဘူး(အနာဂတ္ေရရွည္မရွိမႈ)။ငါ့ကိုအယုံအၾကည္မရွိတာလားလို႔ ေတြးမိတယ္။ကိုယ့္ႏိုင္ငံကထြက္ခြာဖို႔လိုအပ္ေနတယ္။မိသားစုကိုလည္းခ်န္ထားခဲ့ရတယ္။စတုတၳအဆင့္ေနရာနဲ႔ လည္းအမွတ္အမ်ားႀကီးကြာေနတယ္။ဒါေပမယ့္ကြၽန္ေတာ္ကေတာ့ကိုယ့္သာအေကာင္းဆုံးလုပ္ရင္သူတို႔ဘက္က ကိုယ့္ကိုႀကိဳက္လာမွာဘဲလို႔ေတြးမိတယ္။က်ဳပ္သာအေကာင္းဆုံးမလုပ္ႏိုင္ရင္ဘယ္နည္းနဲ႔မဆိုထုတ္မွာဘဲ။ငါးႏွစ္ စာခ်ဳပ္ရွိလည္းထုတ္မွာဘဲ။ကိုယ့္ကိုယ္ကိုယုံၾကည္မႈဖို႔ကအဓိကပါ။ကလပ္နဲ႔အသင္းအေပၚယုံၾကည္မႈရွိဖို႔ကအဓိက ပါ။ကြၽန္ေတာ္ကယုံတယ္။ဒီေတာ့ဘာမ်ားစိုးရိမ္စရာရွိမွာလဲ”လို႔ေျပာၾကားသြားပါတယ္။

တူခ်ယ္လက္ထက္တြင္ခ်ဲလ္ဆီးဟာ၇ပြဲဆက္တိုက္ရႈံးပြဲမရွိေသးပါဘူး။ခ်ဲလ္ဆီးဟာေနာက္ဆုံးကစားတဲ့အက္သလက္တီကိုႏွင့္ခ်န္ပီယံလိဂ္ပြဲစဥ္မွာ၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။