၁၈လ အကြာတွင် မန်ချက်စတာယူနိုက်တက်နည်းပြဖြစ်လာနိုင်တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာနောက်၁၈လအကြာတွင်မန်ယူနည်းပြဖြစ်လာနိုင်ကြောင်းခန့်မှန်းချက်များထွက်ပေါ်လာပါတယ်။

စပါးစ်နည်းပြဟောင်းတမ်ရှားဝုဒ်ကရော်နယ်ဒိုမှာမဝေးတော့တဲ့ကာလအတွင်းတွင်မန်ချက်စတာယူနိုက်တက်နည်းပြရာထူးကိုရယူရန်အသင့်ဖြစ်လာမယ်လို့ပြောကြားလိုက်တာလည်းဖြစ်ပါတယ်။

၎င်းကအသက်၃၆နှစ်ရှိစူပါစတားမှာကစားသမားဘဝမှအနားယူပြီးချိန်တွင်နည်းပြလောကသို့ဝင်ရောက်လာမှာသေချာနေကြောင်းပြောကြားလာပါတယ်။

တမ်ရှားဝုဒ်က “ကွင်းဘေးစည်းမှာရော်နယ်ဒိုရှိတာကောင်းပါတယ်။အိုလီကလည်းဒါကိုလက်ခံလာမှာပါ။သူ့ကိုကလပ်သို့ခေါ်ယူလိုက်ရင်သူနဲ့အတူဘာတွေပါလာမလဲဆိုတာအားလုံးလည်းသိထားပြီးသားပါ။အခုရော်နယ်ဒိုကပထမအကြိမ်အိုးထရက်ဖို့ဒ်မှာကစားခဲ့တဲ့ရော်နယ်ဒိုနဲ့လုံးဝကွဲပြားပါတယ်။သူဘာလိုအပ်လဲသူသိတယ်။နည်းပြလုပ်ဖို့လိုအပ်လာရင်သူလုပ်လာမှာပါ။ဟိုဆေးမော်ရင်ဟိုနဲ့အတူရှိနေတဲ့အခါကွင်းဘေးစည်းမှာသူမတ်တပ်ရပ်ပြီးအော်ဟစ်ပြောနေမယ်လို့မထင်ဘူး။ဘာကြောင့်အဲဒီလိုလုပ်ရလဲဆိုတာသူ့ကိုမေးကြည့်မှသိပါမယ်။လက်ရွေးစင်အသင်းအဆင့်မှာလည်းသူဒါမျိုးလုပ်ခဲ့တယ်။ယူရိုမှာပေါ့။ဒီကောင်လေးကနည်းပြဖြစ်လာဖို့ရာနှုန်းပြည့်သေချာတဲ့သူပါ”လို့ပြောကြားသွားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာပြီးခဲ့တဲ့အပတ်တုန်းကဆွစ်ဇာလန်မှာယန်းဘွိုင်းစ်အား၂-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်မှာလူစားလဲခြင်းခံရပြီးနောက်ကွင်းဘေးစည်းတွင်ကစားဖော်များကိုညွှန်ကြားခဲ့တာဖြစ်ပါတယ်။

ZawGyi

၁၈လ အၾကာတြင္ မန္ခ်က္စတာယူႏိုက္တက္နည္းျပျဖစ္လာႏိုင္တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေနာက္၁၈လအၾကာတြင္မန္ယူနည္းျပျဖစ္လာႏိုင္ေၾကာင္းခန႔္မွန္းခ်က္မ်ားထြက္ေပၚလာပါတယ္။

စပါးစ္နည္းျပေဟာင္းတမ္ရွားဝုဒ္ကေရာ္နယ္ဒိုမွာမေဝးေတာ့တဲ့ကာလအတြင္းတြင္မန္ခ်က္စတာယူႏိုက္တက္နည္းျပရာထူးကိုရယူရန္အသင့္ျဖစ္လာမယ္လို႔ေျပာၾကားလိုက္တာလည္းျဖစ္ပါတယ္။

၎ကအသက္၃၆ႏွစ္ရွိစူပါစတားမွာကစားသမားဘဝမွအနားယူၿပီးခ်ိန္တြင္နည္းျပေလာကသို႔ဝင္ေရာက္လာမွာေသခ်ာေနေၾကာင္းေျပာၾကားလာပါတယ္။

တမ္ရွားဝုဒ္က “ကြင္းေဘးစည္းမွာေရာ္နယ္ဒိုရွိတာေကာင္းပါတယ္။အိုလီကလည္းဒါကိုလက္ခံလာမွာပါ။သူ႔ကိုကလပ္သို႔ေခၚယူလိုက္ရင္သူနဲ႔အတူဘာေတြပါလာမလဲဆိုတာအားလုံးလည္းသိထားၿပီးသားပါ။အခုေရာ္နယ္ဒိုကပထမအႀကိမ္အိုးထရက္ဖို႔ဒ္မွာကစားခဲ့တဲ့ေရာ္နယ္ဒိုနဲ႔လုံးဝကြဲျပားပါတယ္။သူဘာလိုအပ္လဲသူသိတယ္။နည္းျပလုပ္ဖို႔လိုအပ္လာရင္သူလုပ္လာမွာပါ။ဟိုေဆးေမာ္ရင္ဟိုနဲ႔အတူရွိေနတဲ့အခါကြင္းေဘးစည္းမွာသူမတ္တပ္ရပ္ၿပီးေအာ္ဟစ္ေျပာေနမယ္လို႔မထင္ဘူး။ဘာေၾကာင့္အဲဒီလိုလုပ္ရလဲဆိုတာသူ႔ကိုေမးၾကည့္မွသိပါမယ္။လက္ေ႐ြးစင္အသင္းအဆင့္မွာလည္းသူဒါမ်ိဳးလုပ္ခဲ့တယ္။ယူ႐ိုမွာေပါ့။ဒီေကာင္ေလးကနည္းျပျဖစ္လာဖို႔ရာႏႈန္းျပည့္ေသခ်ာတဲ့သူပါ”လို႔ေျပာၾကားသြားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာၿပီးခဲ့တဲ့အပတ္တုန္းကဆြစ္ဇာလန္မွာယန္းဘြိဳင္းစ္အား၂-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္မွာလူစားလဲျခင္းခံရၿပီးေနာက္ကြင္းေဘးစည္းတြင္ကစားေဖာ္မ်ားကိုၫႊန္ၾကားခဲ့တာျဖစ္ပါတယ္။