၁၉၇၈ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးရှုံးပွဲကြုံဆုံခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာမနေ့ညတုန်းကမိုချင်ဂလက်ဘတ်ကိုဂျာမန်ပိုကယ်ဖလားဒုတိယအဆင့်တွင်၅-၀ဖြင့်အရှက်တကွဲဂိုးပြတ်ရှုံးနိမ့်ကာ၁၉၇၈ခုနှစ်နောက်ပိုင်းအဆိုးရွားဆုံးအရှုံးနှင့်ရင်ဆိုင်ခဲ့ရပါတယ်။

မိုချင်ဂလက်ဘတ်ဟာပွဲအစ၂မိနစ်တွင်ပင်ဦးဆောင်ဂိုးရရှိပြီးနောက်၂၁မိနစ်အတွင်းတွင်သုံးဂိုးရယူနိုင်ခဲ့ပါတယ်။

ကိုနေးကကလပ်အတွက်သူ့ရဲ့ပထမဆုံးဂိုးကိုသွင်းယူပြီးနောက်ရာမီဘင်ဆီဘိုင်နီကဒုတိယဂိုးကိုဟော့ဖ်မန်းရဲ့ဖြတ်တင်ဘောမှလည်းကောင်း၊တတိယဂိုးကိုပင်နယ်တီမှလည်းကောင်းသွင်းယူခဲ့ပါတယ်။

ဘရဲလ်အမ်ဘိုလိုကဘိုင်ယန်နောက်တန်းအမှားကနေစတုတ္ထဂိုးနဲ့လူကာနက်ဇ်ရဲ့ဖြတ်တင်ဘောကနေပဥ္စမဂိုးသွင်းယူခဲ့ကြပါတယ်။

ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာဆာလီဟာမစ်ဇစ်က “အရမ်းတုန်လှုပ်ရပါတယ်။ကျွန်တော်တို့ဘာမှမလုပ်နိုင်ခဲ့ကြဘူး။ပထမပိုင်းမှာဘောလုံးဖျက်ထုတ်မှု၊ထိပ်တိုက်တွေ့မှုတစ်ကြိမ်မှတောင်မနိုင်ခဲ့ပါဘူး။အားလုံးကမှားပြီးရင်းမှားရင်းဖြစ်နေခဲ့တယ်။အခြေအနေအရပ်ရပ်တိုင်းမှာလွဲချော်နေခဲ့ကြတယ်”လို့ပြောကြားသွားပါတယ်။

မိုချင်ဂလက်ဘတ်ဟာဂိုးပေါက်တည့်ကန်ချက်၆ကြိမ်တွင်၅ဂိုးရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်ဟာတစ်ဂိုးမျှမရရှိခဲ့ပေမယ့်လည်းဘောလုံးပိုင်ဆိုင်မှုပိုမိုရရှိကာအခွင့်အရေးလည်းရခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာနည်းပြနာဂယ်မန်းလက်အောက်မှာဒုတိယမြောက်ရှုံးပွဲကြုံခဲ့တာဖြစ်ပြီး၈၅ပွဲဆက်ဂိုးသွင်းနိုင်တဲ့မှတ်တမ်းလည်းရပ်တန့်သွားပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ၁၉၇၈ခုနှစ်တုန်းကရှော်လ်ကေးကို၇-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်အကြီးမားဆုံးရှုံးပွဲကြုံခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်ပိုကယ်ဖလားအကြိမ်၂၀အထိရယူထားတဲ့ဘိုင်ယန်ဟာပိုကယ်ဖလားပြိုင်ပွဲမှာအကြီးမားဆုံးအရှုံးနဲ့ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။

မိုချင်ဂလက်ဘတ်ဟာနောက်ဆုံးရှစ်ပွဲမှာလေးပွဲအထိရှုံးနိမ့်ထားပြီးဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားအလယ်ပိုင်းမှာရုန်းကန်နေရတဲ့အသင်းဖြစ်ပါတယ်။

ZawGyi

၁၉၇၈ ခုႏွစ္ေနာက္ပိုင္း အႀကီးမားဆုံးရႈံးပြဲႀကဳံဆုံခဲ့ရတဲ့ ဘိုင္ယန္ျမဴးနစ္

ဘိုင္ယန္ျမဴးနစ္ဟာမေန႔ညတုန္းကမိုခ်င္ဂလက္ဘတ္ကိုဂ်ာမန္ပိုကယ္ဖလားဒုတိယအဆင့္တြင္၅-၀ျဖင့္အရွက္တကြဲဂိုးျပတ္ရႈံးနိမ့္ကာ၁၉၇၈ခုႏွစ္ေနာက္ပိုင္းအဆိုး႐ြားဆုံးအရႈံးႏွင့္ရင္ဆိုင္ခဲ့ရပါတယ္။

မိုခ်င္ဂလက္ဘတ္ဟာပြဲအစ၂မိနစ္တြင္ပင္ဦးေဆာင္ဂိုးရရွိၿပီးေနာက္၂၁မိနစ္အတြင္းတြင္သုံးဂိုးရယူႏိုင္ခဲ့ပါတယ္။

ကိုေနးကကလပ္အတြက္သူ႔ရဲ႕ပထမဆုံးဂိုးကိုသြင္းယူၿပီးေနာက္ရာမီဘင္ဆီဘိုင္နီကဒုတိယဂိုးကိုေဟာ့ဖ္မန္းရဲ႕ျဖတ္တင္ေဘာမွလည္းေကာင္း၊တတိယဂိုးကိုပင္နယ္တီမွလည္းေကာင္းသြင္းယူခဲ့ပါတယ္။

ဘရဲလ္အမ္ဘိုလိုကဘိုင္ယန္ေနာက္တန္းအမွားကေနစတုတၳဂိုးနဲ႔လူကာနက္ဇ္ရဲ႕ျဖတ္တင္ေဘာကေနပၪၥမဂိုးသြင္းယူခဲ့ၾကပါတယ္။

ဘိုင္ယန္ျမဴးနစ္အားကစားဒါ႐ိုက္တာဆာလီဟာမစ္ဇစ္က “အရမ္းတုန္လႈပ္ရပါတယ္။ကြၽန္ေတာ္တို႔ဘာမွမလုပ္ႏိုင္ခဲ့ၾကဘူး။ပထမပိုင္းမွာေဘာလုံးဖ်က္ထုတ္မႈ၊ထိပ္တိုက္ေတြ႕မႈတစ္ႀကိမ္မွေတာင္မႏိုင္ခဲ့ပါဘူး။အားလုံးကမွားၿပီးရင္းမွားရင္းျဖစ္ေနခဲ့တယ္။အေျခအေနအရပ္ရပ္တိုင္းမွာလြဲေခ်ာ္ေနခဲ့ၾကတယ္”လို႔ေျပာၾကားသြားပါတယ္။

မိုခ်င္ဂလက္ဘတ္ဟာဂိုးေပါက္တည့္ကန္ခ်က္၆ႀကိမ္တြင္၅ဂိုးရရွိသြားခဲ့တာလည္းျဖစ္ပါတယ္။ဘိုင္ယန္ျမဴးနစ္ဟာတစ္ဂိုးမွ်မရရွိခဲ့ေပမယ့္လည္းေဘာလုံးပိုင္ဆိုင္မႈပိုမိုရရွိကာအခြင့္အေရးလည္းရခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာနည္းျပနာဂယ္မန္းလက္ေအာက္မွာဒုတိယေျမာက္ရႈံးပြဲႀကဳံခဲ့တာျဖစ္ၿပီး၈၅ပြဲဆက္ဂိုးသြင္းႏိုင္တဲ့မွတ္တမ္းလည္းရပ္တန႔္သြားပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာ၁၉၇၈ခုႏွစ္တုန္းကေရွာ္လ္ေကးကို၇-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္အႀကီးမားဆုံးရႈံးပြဲႀကဳံခဲ့တာျဖစ္ပါတယ္။ဒါ့အျပင္ပိုကယ္ဖလားအႀကိမ္၂၀အထိရယူထားတဲ့ဘိုင္ယန္ဟာပိုကယ္ဖလားၿပိဳင္ပြဲမွာအႀကီးမားဆုံးအရႈံးနဲ႔ရင္ဆိုင္ခဲ့ရတာလည္းျဖစ္ပါတယ္။

မိုခ်င္ဂလက္ဘတ္ဟာေနာက္ဆုံးရွစ္ပြဲမွာေလးပြဲအထိရႈံးနိမ့္ထားၿပီးဘြန္ဒက္စ္လီဂါအမွတ္ေပးဇယားအလယ္ပိုင္းမွာ႐ုန္းကန္ေနရတဲ့အသင္းျဖစ္ပါတယ္။