၁၉၉၆ ခုနှစ်နောက်ပိုင်းတွင် စီးရီးအေတစ်ပွဲတည်းတွင် ၈ ဂိုးသွင်းနိုင်တဲ့ပထမဆုံးအသင်းဖြစ်လာတဲ့ အတ္တလန္တာ

အတ္တလန္တာအသင်းဟာမနေ့ညတုန်းကဆာလာနီတာနာကိုဂိုးပြတ်အနိုင်ယူပြီးနောက်၁၉၉၆ခုနှစ်နောက်ပိုင်းတွင်စီးရီးအေတစ်ပွဲတည်းတွင်၈ဂိုးသွင်းယူနိုင်တဲ့ပထမဆုံးအသင်းဖြစ်လာပါတယ်။

အတ္တလန္တာအတွက်ဂိုးများကိုဘိုဂါ၊လုပ်ခ်မန်း(၂)၊စကယ်ဗီနီ၊ကော့ပ်မိုင်နာ၊ဟိုလန်း၊ဒေါ့ဆန်းတို့စ်လောရန်ကိုဒါဆေးလ်ဗား၊ဇာတီယာတို့ကသွင်းယူခဲ့ကြပြီးဆာလာနီတာနာအတွက်နှစ်သိမ့်ဂိုးနှစ်ဂိုးကိုဒိုင်ယာနှင့်ကာဗီဂလီယာတို့ကသွင်းယူခဲ့ကြပါတယ်။

အတ္တလန္တာဟာပထမပိုင်းမှာလည်းဆာလာနီတာနာကို၅-၁ဂိုးဖြင့်အနိုင်ရရှိနေခဲ့တာဖြစ်ပြီးဒုတိယပိုင်းတွင်ဂိုးများထပ်မံသွင်းယူခဲ့တာဖြစ်ပါတယ်။

အတ္တလန္တာဟာလွန်ခဲ့တဲ့၂၆နှစ်တုန်းကအင်တာမီလန်ကပါဒိုဗာကို၈-၂ဂိုးဖြင့်အနိုင်ရရှိပြီးနောက်စီးရီးအေတွင်၈ဂိုးသွင်းနိုင်တဲ့ပထမဆုံးအသင်းဖြစ်ပါတယ်။

အတ္တလန္တာဟာဆာလာနီတာနာကိုအနိုင်ယူပြီးနောက်စီးရီးအေအမှတ်ပေးဇယားအဆင့်၆နေရာတွင်ဆက်လက်ရပ်တည်နေပါတယ်။

ZawGyi

၁၉၉၆ ခုႏွစ္ေနာက္ပိုင္းတြင္ စီးရီးေအတစ္ပြဲတည္းတြင္ ၈ ဂိုးသြင္းႏိုင္တဲ့ပထမဆုံးအသင္းျဖစ္လာတဲ့ အတၱလႏၲာ

အတၱလႏၲာအသင္းဟာမေန႔ညတုန္းကဆာလာနီတာနာကိုဂိုးျပတ္အႏိုင္ယူၿပီးေနာက္၁၉၉၆ခုႏွစ္ေနာက္ပိုင္းတြင္စီးရီးေအတစ္ပြဲတည္းတြင္၈ဂိုးသြင္းယူႏိုင္တဲ့ပထမဆုံးအသင္းျဖစ္လာပါတယ္။

အတၱလႏၲာအတြက္ဂိုးမ်ားကိုဘိုဂါ၊လုပ္ခ္မန္း(၂)၊စကယ္ဗီနီ၊ေကာ့ပ္မိုင္နာ၊ဟိုလန္း၊ေဒါ့ဆန္းတို႔စ္ေလာရန္ကိုဒါေဆးလ္ဗား၊ဇာတီယာတို႔ကသြင္းယူခဲ့ၾကၿပီးဆာလာနီတာနာအတြက္ႏွစ္သိမ့္ဂိုးႏွစ္ဂိုးကိုဒိုင္ယာႏွင့္ကာဗီဂလီယာတို႔ကသြင္းယူခဲ့ၾကပါတယ္။

အတၱလႏၲာဟာပထမပိုင္းမွာလည္းဆာလာနီတာနာကို၅-၁ဂိုးျဖင့္အႏိုင္ရရွိေနခဲ့တာျဖစ္ၿပီးဒုတိယပိုင္းတြင္ဂိုးမ်ားထပ္မံသြင္းယူခဲ့တာျဖစ္ပါတယ္။

အတၱလႏၲာဟာလြန္ခဲ့တဲ့၂၆ႏွစ္တုန္းကအင္တာမီလန္ကပါဒိုဗာကို၈-၂ဂိုးျဖင့္အႏိုင္ရရွိၿပီးေနာက္စီးရီးေအတြင္၈ဂိုးသြင္းႏိုင္တဲ့ပထမဆုံးအသင္းျဖစ္ပါတယ္။

အတၱလႏၲာဟာဆာလာနီတာနာကိုအႏိုင္ယူၿပီးေနာက္စီးရီးေအအမွတ္ေပးဇယားအဆင့္၆ေနရာတြင္ဆက္လက္ရပ္တည္ေနပါတယ္။