၁၉၉၆ အိုလံပစ်ပြိုင်ပွဲမှာ ရော်နယ်ဒင်ဟိုအမည်နဲ့ ဝင်ကစားခဲ့ဖူးတဲ့ ရော်နယ်ဒို

ရော်နယ်ဒိုလူးဝစ်နာဇာရီယိုဒီလီမာကကမ္ဘာ့ဘောလုံးလောကမှာရော်နယ်ဒိုအဖြစ် နာမည်ကြီးတဲ့သူဖြစ်ပါတယ်။သမိုင်းတစ်လျှောက်အကောင်းဆုံးတိုက်စစ်မှူးအဖြစ်လည်းသတ်မှတ်ခြင်းခံထားရသူဖြစ်ပါတယ်။ဒါပေမယ့်သူဟာအံ့ဩဖို့ကောင်းစွာဘဲနိုင်ငံတကာဘောလုံးသမားဘဝကိုစတင်ခဲ့တုန်းကယင်းအမည်နဲ့မဟုတ်ပါဘူး။သူဟာရော်နယ်ဒင်ဟိုဆိုတဲ့အမည်နဲ့စတင်ခဲ့ရတာလည်းဖြစ်ပါတယ်။

သူဟာ ဂျူဗင်တပ်စူပါစတားခရစ္စတီယာနိုရော်နယ်ဒိုထွက်ပေါ်လာပြီးတဲ့နောက် R9 လို့လည်း လူသိများတဲ့သူဖြစ်ပါတယ်။သူဟာသူ့မျိုးဆက်တိုက်စစ်မှူးတွေထဲမှာအကောင်းဆုံးတိုက်စစ်မှူးအဖြစ်သတ်မှတ်ခြင်းခံခဲ့ရတဲ့သူဖြစ်ပါတယ်။တကယ်လို့များသူ့ကစားသမားဘဝမှာကြီးမားတဲ့ဒဏ်ရာမကြုံတွေ့ရဘူးဆိုရင်ဘောလုံးလောကမှာရော်နယ်ဒိုလုပ်ပြခဲ့တဲ့အံ့ဩစရာကောင်းတာတွေအများကြီးကြုံရဦးမှာလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်းရော်နယ်ဒိုဟာနိုင်ငံတကာပြိုင်ပွဲကြီးခြေလှမ်းစတင်လှမ်းတုန်းက ရော်နယ်ဒိုအမည်နဲ့ကစားခဲ့တာမဟုတ်ပါဘူး။ရော်နယ်ဒင်ဟိုဆိုတဲ့အမည်နဲ့ကစားခဲ့တာပါ။

သူဟာအသက်၁၇နှစ်အရွယ်မှာအမေရိကန်မှာကျင်းပတဲ့၁၉၉၄ကမ္ဘာ့ဖလားပြိုင်ပွဲမှာဘရာဇီးနှင့်အတူချန်ပီယံဖြစ်ခဲ့ပါတယ်။သူဟာတစ်ပွဲမျှမကစားခဲ့ရပေမယ့်ယင်းတုန်းကကျောအမည်ကရော်နယ်ဒိုရိုဒရီဂူဒီဂျီးဆပ်စ်ဖြစ်ပါတယ်။

နောက်နှစ်နှစ်အကြာမှာရော်နယ်ဒိုဟာအိုလံပစ်ပြိုင်ပွဲမှာဘရာဇီးအသင်းနှင့်အတူဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။

အဲဒီတုန်းကမစ်ဒယ်ဘရော့ဂန္ထဝင်‌ဂျူနင်ဟိုကကျောနံပါတ်၉ကိုဝတ်ဆင်ပြီးရော်နယ်ဒိုကကျောနံပါတ်၁၈ကိုဝတ်ဆင်ကစားခဲ့ပါတယ်။ဒါပေမယ့်သူဟာကျောအမည်မှာရော်နယ်ဒင်ဟိုဆိုတဲ့အမည်နဲ့ကစားခဲ့ရပါတယ်။ပြောရမယ်ဆိုရင်တော့ရော်နယ်ဒိုအငယ်စားပေါ့။အဲဒီတုန်းကဘရာဇီးနောက်ခံလူရော်နယ်ဒိုဂူယာရိုကရော်နယ်ဒိုအမည်ကိုသုံးနေတာကြောင့်ရော်နယ်ဒိုဟာရော်နယ်ဒင်ဟိုဆိုတဲ့အမည်ကိုသုံးခဲ့ရတာပါ။

ယင်းပြိုင်ပွဲမှာရော်နယ်ဒိုဟာငါးဂိုးသွင်းယူပြီးဘရာဇီးအိုလံပစ်အသင်းကိုကြေးတံဆိပ်ဆုဆွတ်ခူးနိုင်အောင်ကူညီခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ရော်နယ်ဒိုဟာသူ့မူရင်းအမည်ဖြစ်တဲ့ရော်နယ်ဒိုအမည်နဲ့ကစားခဲ့ပါတယ်။တစ်ဖက်တွင်ရော်နယ်ဒင်ဟိုအမည်နဲ့ထင်ပေါ်ကျော်ကြားတဲ့ဘရာဇီးကစားသမားတစ်ဦးထွက်ပေါ်လာခဲ့ပါတယ်။ရော်နယ်ဒိုဟာရော်နယ်ဒင်ဟိုနဲ့အတူတွဲပြီး၂၀၀၂ကမ္ဘာ့ဖလားဆွတ်ခူးခဲ့ပါတယ်။

ZawGyi

၁၉၉၆ အိုလံပစ္ၿပိဳင္ပြဲမွာ ေရာ္နယ္ဒင္ဟိုအမည္နဲ႔ ဝင္ကစားခဲ့ဖူးတဲ့ ေရာ္နယ္ဒို

ေရာ္နယ္ဒိုလူးဝစ္နာဇာရီယိုဒီလီမာကကမာၻ႔ေဘာလုံးေလာကမွာေရာ္နယ္ဒိုအျဖစ္ နာမည္ႀကီးတဲ့သူျဖစ္ပါတယ္။သမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးတိုက္စစ္မႉးအျဖစ္လည္းသတ္မွတ္ျခင္းခံထားရသူျဖစ္ပါတယ္။ဒါေပမယ့္သူဟာအံ့ဩဖို႔ေကာင္းစြာဘဲႏိုင္ငံတကာေဘာလုံးသမားဘဝကိုစတင္ခဲ့တုန္းကယင္းအမည္နဲ႔မဟုတ္ပါဘူး။သူဟာေရာ္နယ္ဒင္ဟိုဆိုတဲ့အမည္နဲ႔စတင္ခဲ့ရတာလည္းျဖစ္ပါတယ္။

သူဟာ ဂ်ဴဗင္တပ္စူပါစတားခရစၥတီယာႏိုေရာ္နယ္ဒိုထြက္ေပၚလာၿပီးတဲ့ေနာက္ R9 လို႔လည္း လူသိမ်ားတဲ့သူျဖစ္ပါတယ္။သူဟာသူ႔မ်ိဳးဆက္တိုက္စစ္မႉးေတြထဲမွာအေကာင္းဆုံးတိုက္စစ္မႉးအျဖစ္သတ္မွတ္ျခင္းခံခဲ့ရတဲ့သူျဖစ္ပါတယ္။တကယ္လို႔မ်ားသူ႔ကစားသမားဘဝမွာႀကီးမားတဲ့ဒဏ္ရာမႀကဳံေတြ႕ရဘူးဆိုရင္ေဘာလုံးေလာကမွာေရာ္နယ္ဒိုလုပ္ျပခဲ့တဲ့အံ့ဩစရာေကာင္းတာေတြအမ်ားႀကီးႀကဳံရဦးမွာလည္းျဖစ္ပါတယ္။

ဒါေပမယ့္လည္းေရာ္နယ္ဒိုဟာႏိုင္ငံတကာၿပိဳင္ပြဲႀကီးေျခလွမ္းစတင္လွမ္းတုန္းက ေရာ္နယ္ဒိုအမည္နဲ႔ကစားခဲ့တာမဟုတ္ပါဘူး။ေရာ္နယ္ဒင္ဟိုဆိုတဲ့အမည္နဲ႔ကစားခဲ့တာပါ။

သူဟာအသက္၁၇ႏွစ္အ႐ြယ္မွာအေမရိကန္မွာက်င္းပတဲ့၁၉၉၄ကမာၻ႔ဖလားၿပိဳင္ပြဲမွာဘရာဇီးႏွင့္အတူခ်န္ပီယံျဖစ္ခဲ့ပါတယ္။သူဟာတစ္ပြဲမွ်မကစားခဲ့ရေပမယ့္ယင္းတုန္းကေက်ာအမည္ကေရာ္နယ္ဒို႐ိုဒရီဂူဒီဂ်ီးဆပ္စ္ျဖစ္ပါတယ္။

ေနာက္ႏွစ္ႏွစ္အၾကာမွာေရာ္နယ္ဒိုဟာအိုလံပစ္ၿပိဳင္ပြဲမွာဘရာဇီးအသင္းႏွင့္အတူဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရရွိခဲ့ပါတယ္။

အဲဒီတုန္းကမစ္ဒယ္ဘေရာ့ဂႏၴဝင္‌ဂ်ဴနင္ဟိုကေက်ာနံပါတ္၉ကိုဝတ္ဆင္ၿပီးေရာ္နယ္ဒိုကေက်ာနံပါတ္၁၈ကိုဝတ္ဆင္ကစားခဲ့ပါတယ္။ဒါေပမယ့္သူဟာေက်ာအမည္မွာေရာ္နယ္ဒင္ဟိုဆိုတဲ့အမည္နဲ႔ကစားခဲ့ရပါတယ္။ေျပာရမယ္ဆိုရင္ေတာ့ေရာ္နယ္ဒိုအငယ္စားေပါ့။အဲဒီတုန္းကဘရာဇီးေနာက္ခံလူေရာ္နယ္ဒိုဂူယာ႐ိုကေရာ္နယ္ဒိုအမည္ကိုသုံးေနတာေၾကာင့္ေရာ္နယ္ဒိုဟာေရာ္နယ္ဒင္ဟိုဆိုတဲ့အမည္ကိုသုံးခဲ့ရတာပါ။

ယင္းၿပိဳင္ပြဲမွာေရာ္နယ္ဒိုဟာငါးဂိုးသြင္းယူၿပီးဘရာဇီးအိုလံပစ္အသင္းကိုေၾကးတံဆိပ္ဆုဆြတ္ခူးႏိုင္ေအာင္ကူညီခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ေရာ္နယ္ဒိုဟာသူ႔မူရင္းအမည္ျဖစ္တဲ့ေရာ္နယ္ဒိုအမည္နဲ႔ကစားခဲ့ပါတယ္။တစ္ဖက္တြင္ေရာ္နယ္ဒင္ဟိုအမည္နဲ႔ထင္ေပၚေက်ာ္ၾကားတဲ့ဘရာဇီးကစားသမားတစ္ဦးထြက္ေပၚလာခဲ့ပါတယ္။ေရာ္နယ္ဒိုဟာေရာ္နယ္ဒင္ဟိုနဲ႔အတူတြဲၿပီး၂၀၀၂ကမာၻ႔ဖလားဆြတ္ခူးခဲ့ပါတယ္။