၂နှစ်၁ကြိမ်ကမ္ဘာ့ဖလားကျင်းပရေးအစီအစဉ်ကို ဝင်းဂါးထောက်ခံ

အာစင်ဝင်းဂါးက၂နှစ်လျှင်၁ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေးအစီအစဉ်ကိုထောက်ခံ ကြောင်းပြောကြားလိုက်လာပါတယ်။

အာဆင်နယ်ဂန္ထဝင်နည်းပြက၂နှစ်လျှင်၁ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပကာနိုင်ငံတကာဘောလုံးပြက္ခဒိန်ကိုပြောင်းလဲရေးအစီအစဉ်အပေါ်ထောက်ခံလိုက်တာလည်းဖြစ်ပါတယ်။

ဖီဖာဟာလက်ရှိအချိန်တွင်ကျင်းပနေတဲ့၄နှစ်၁ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲစနစ်အား၂နှစ်လျှင်၁ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန်အတွက်လေ့လာဆန်းစစ်မှုများပြုလုပ်နေပါတယ်။

တကယ်လို့များဖီဖာကသာ၂နှစ်လျှင်၁ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမည်ဆိုပါကနွေရာသီရောက်တိုင်းနိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုရှိနေတော့မှာဖြစ်ပါတယ်။

ဝင်းဂါးကကမ္ဘာ့ဖလားပြိုင်ပွဲခြေစစ်ပွဲအရေအတွက်လျှော့ချခြင်း၊ရှုံးထွက်အဆင့်ပွဲစဉ်များပိုမိုများလာစေခြင်းတို့ပြုလုပ်မည်ဆိုပါကကစားသမားများမှာလည်းပွဲအရေအတွက်နည်းပါးစွာကစားနိုင်မယ်လို့ဆိုသွားပါတယ်။

ဖီဖာဟာ၂နှစ်လျှင်၁ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမှုကြောင့်ဝင်ငွေများပြားလာပါကဘောလုံးလောကဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်ဆောင်နိုင်မယ်လို့ယုံကြည်နေတာလည်းဖြစ်ပါတယ်။

ဒါပေမယ့်ကစားသမားများကတော့နားချိန်နည်းပါးပြီးပိုမိုကစားလာနိုင်မှုကြောင့်ကန့်ကွက်လျက်ရှိကြပါတယ်။

ZawGyi




ဖီဖာဟာလက်ရှိအချိန်တွင်ကျင်းပနေတဲ့၎နှစ်၁ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲစနစ်အား၂နှစ်လျှင်၁ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန်အတွက်လေ့လာဆန်းစစ်မှုများပြုလုပ်နေပါတယ်။



