၂နှစ်၁ကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေး အစီအစဉ်ကို ရော်နယ်ဒိုထောက်ခံ

ကမ္ဘာ့ဖလားနှစ်ကြိမ်ရရော်နယ်ဒိုဟာအာစင်ဝင်းဂါးရဲ့အငြင်းပွားဖွယ်ရာ၂နှစ်၁ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေးအစီအစဉ်ကိုထောက်ခံမှုပြုလုပ်လာပါတယ်။ဘရာဇီးဂန္ထဝင်တိုက်စစ်မှူးက၂နှစ်၁ကြိမ်ကမ္ဘာ့ဖလားကျင်းပရေးအစီအစဉ်ကိုကမ္ဘာ့အကောင်းဆုံးကစားသမားများအနေဖြင့်ကြိုဆိုသင့်ကြောင်းလည်းပြောကြားသွားပါတယ်။

ဖီဖာတွင်ကမ္ဘာ့ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးဌာနအကြီးအကဲအဖြစ်တာဝန်ယူနေတဲ့အာစင်ဝင်းဂါးဟာ၂နှစ်၁ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းရေးအတွက်ဦးဆောင်လှုပ်ရှားနေပါတယ်။

အသက်၄၄နှစ်ရှိရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်းက “နိုင်ငံသစ်တွေအတွက်ခြေစစ်ပွဲအောင်မြင်ရေးအခွင့်အရေးသစ်ဖြစ်ပါတယ်။မက်ဆီကိုပဲမေးမေး၊ရော်နယ်ဒိုကိုပဲမေးမေး၊ဒါကသူတို့အတွက်ကမ္ဘာ့ဖလားချန်ပီယံဖြစ်ရေးအခွင့်အရေးပိုများလာမှာဖြစ်လို့ ထောက်ခံလာမှာပါ။ကျွန်တော်ကတော့ထောက်ခံမယ်လို့ယုံကြည်တယ်”လို့ပြောကြားသွားပါတယ်။

ဖီဖာရဲ့၂နှစ်၁ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေးအစီအစဉ်ကိုဥရောပလိဂ်အဖွဲ့ကတော့ကန့်ကွက်ကြောင်းကြေညာထားပါတယ်။ဒါ့အပြင်ယူအီးအက်ဖ်အေကလည်းဖီဖာရဲ့အစီအစဉ်ကိုကန့်ကွက်နေပါတယ်။

လက်ရှိအနေအထားအရ၂နှစ်၁ကြိမ်ကမ္ဘာ့ဖလားကျင်းပရေးကိုဥရောပနိုင်ငံအများစုကကန့်ကွက်ကြပေမယ့်ဥရောပနိုင်ငံမဟုတ်တဲ့ဘောလုံးအင်အားငယ်နိုင်ငံများကတော့ထောက်ခံကြပါတယ်။

ဖီဖာဟာ၂၀၂၆ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်းတွင်၂နှစ်၁ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန်စီစဉ်ထားတာဖြစ်ပြီးလာမယ့်နှစ်အတွင်းမှာဖီဖာအဖွဲ့ဝင်နိုင်ငံပေါင်းနှစ်ရာကျော်တို့ရဲ့မဲဖြင့်ဆုံးဖြတ်သွားဖို့ရှိနေပါတယ်။

ZawGyi

၂ႏွစ္၁ႀကိမ္ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပေရးအစီအစဥ္ကို ေရာ္နယ္ဒိုေထာက္ခံ

ကမာၻ႔ဖလားႏွစ္ႀကိမ္ရေရာ္နယ္ဒိုဟာအာစင္ဝင္းဂါးရဲ႕အျငင္းပြားဖြယ္ရာ၂ႏွစ္၁ႀကိမ္ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပေရးအစီအစဥ္ကိုေထာက္ခံမႈျပဳလုပ္လာပါတယ္။ဘရာဇီးဂႏၴဝင္တိုက္စစ္မႉးက၂ႏွစ္၁ႀကိမ္ကမာၻ႔ဖလားက်င္းပေရးအစီအစဥ္ကိုကမာၻ႔အေကာင္းဆုံးကစားသမားမ်ားအေနျဖင့္ႀကိဳဆိုသင့္ေၾကာင္းလည္းေျပာၾကားသြားပါတယ္။

ဖီဖာတြင္ကမာၻ႔ေဘာလုံးဖြံ႕ၿဖိဳးတိုးတက္ေရးဌာနအႀကီးအကဲအျဖစ္တာဝန္ယူေနတဲ့အာစင္ဝင္းဂါးဟာ၂ႏွစ္၁ႀကိမ္ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းေရးအတြက္ဦးေဆာင္လႈပ္ရွားေနပါတယ္။

အသက္၄၄ႏွစ္ရွိရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးေဟာင္းက “ႏိုင္ငံသစ္ေတြအတြက္ေျခစစ္ပြဲေအာင္ျမင္ေရးအခြင့္အေရးသစ္ျဖစ္ပါတယ္။မက္ဆီကိုပဲေမးေမး၊ေရာ္နယ္ဒိုကိုပဲေမးေမး၊ဒါကသူတို႔အတြက္ကမာၻ႔ဖလားခ်န္ပီယံျဖစ္ေရးအခြင့္အေရးပိုမ်ားလာမွာျဖစ္လို႔ ေထာက္ခံလာမွာပါ။ကြၽန္ေတာ္ကေတာ့ေထာက္ခံမယ္လို႔ယုံၾကည္တယ္”လို႔ေျပာၾကားသြားပါတယ္။

ဖီဖာရဲ႕၂ႏွစ္၁ႀကိမ္ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပေရးအစီအစဥ္ကိုဥေရာပလိဂ္အဖြဲ႕ကေတာ့ကန႔္ကြက္ေၾကာင္းေၾကညာထားပါတယ္။ဒါ့အျပင္ယူအီးအက္ဖ္ေအကလည္းဖီဖာရဲ႕အစီအစဥ္ကိုကန႔္ကြက္ေနပါတယ္။

လက္ရွိအေနအထားအရ၂ႏွစ္၁ႀကိမ္ကမာၻ႔ဖလားက်င္းပေရးကိုဥေရာပႏိုင္ငံအမ်ားစုကကန႔္ကြက္ၾကေပမယ့္ဥေရာပႏိုင္ငံမဟုတ္တဲ့ေဘာလုံးအင္အားငယ္ႏိုင္ငံမ်ားကေတာ့ေထာက္ခံၾကပါတယ္။

ဖီဖာဟာ၂၀၂၆ခုႏွစ္ကမာၻ႔ဖလားၿပိဳင္ပြဲေနာက္ပိုင္းတြင္၂ႏွစ္၁ႀကိမ္ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပရန္စီစဥ္ထားတာျဖစ္ၿပီးလာမယ့္ႏွစ္အတြင္းမွာဖီဖာအဖြဲ႕ဝင္ႏိုင္ငံေပါင္းႏွစ္ရာေက်ာ္တို႔ရဲ႕မဲျဖင့္ဆုံးျဖတ္သြားဖို႔ရွိေနပါတယ္။