၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် အပြောင်းအရွှေ့အတွက် အများဆုံးသုံးခဲ့တဲ့ နည်းပြ ၁၀ ဦးစာရင်းထွက်ပေါ်လာ

၂၀၀၀ခုနှစ်နောက်ပိုင်းတွင်အပြောင်းအရွှေ့ဈေးကွက်မှာပြောင်းရွှေ့ကြေးအများဆုံးအသုံးပြုခဲ့တဲ့နည်းပြ၁၀ဦးစာရင်းထွက်ပေါ်လာပါတယ်။ယင်းအထဲမှာပါဝင်တဲ့တစ်ချို့နည်းပြများကြောင့်ပရိသတ်များအံ့ဩခဲ့ရပါတယ်။

ယခုနွေရာသီအပြောင်းအရွှေ့မှာပီအက်စ်ဂျီနည်းပြမော်ရီစီယိုပိုချက်တီနိုဟာလီယွန်နယ်မက်ဆီ၊ဆာဂျီယိုရာမို့စ်၊ဂျီယန်လူကာဒွန်နာရမ်မာ၊ဂျော့ဂျီနာဝီနယ်ဒမ်၊ဟာကီမီတို့အားခေါ်ယူခဲ့ပြီးဘောလုံးသမိုင်းတွင်အအောင်မြင်ဆုံးအပြောင်းအရွှေ့လုပ်ဆောင်နိုင်မှုများထဲမှတစ်ခုအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

ယနေ့ထွက်ပေါ်လာတဲ့၂၀၀၀ခုနှစ်နောက်ပိုင်းအပြောင်းအရွှေ့စရိတ်အသုံးအများဆုံးနည်းပြထဲမှာထိပ်ဆုံးကပါဝင်နေသူနှစ်ဦးကတော့ပရိသတ်များအတွက်အံ့ဩသင့်စရာတော့မရှိပါဘူး။ထိပ်ဆုံးမှမော်ရင်ဟိုကအပြောင်းအရွှေ့အတွက်အသုံးပြုခဲ့တဲ့ပမာဏ‌ယူရို၁.၇၆ဘီလီယံဖြင့်ရပ်တည်နေပြီးဒုတိယနေရာမှာဂွါဒီယိုလာကယူရို၁.၅၂၉ဘီလီယံသုံးခဲ့ပါတယ်။မော်ရင်ဟိုဟာယင်းငွေကြေးများဖြင့်ကစားသမား၁၀၄ဦးခေါ်ယူခဲ့ပြီးဂွါဒီယိုလာကတော့၆၇ဦးခေါ်ယူခဲ့ပါတယ်။

တတိယနေရာမှာအေစီမီလန်၊ချဲလ်ဆီး၊ဘိုင်ယန်မြူးနစ်၊နာပိုလီ၊အဲဗာတန်၊ရီးရဲလ်မက်ဒရစ်တို့ကိုကိုင်တွယ်ခဲ့တဲ့ကာလိုအန်ဆယ်လော့တီကယူရို၁.၃၇ဘီလီယံဖြင့်ရပ်တည်နေပါတယ်။

စတုတ္ထနေရာမှာဘက်တစ်နည်းပြပယ်လီဂရီနီကယူရို၁.၁၆ဘီလီယံဖြင့်ရပ်တည်နေပါတယ်။ချီလီလူမျိုးနည်းပြဟာမန်စီးတီး၊ရီးရဲလ်မက်ဒရစ်တို့ကိုကိုင်တွယ်တုန်းကရော်နယ်ဒို၊ကီဗင်ဒီဘရိုင်း၊ကာကာ၊စတာလင်းတို့ကိုထိပ်တန်းကစားသမားများကိုခေါ်ယူခဲ့သူလည်းဖြစ်ပါတယ်။အဆင့်၅နေရာမှာဂျူဗင်တပ်နည်းပြမက်ဆီမိုအယ်လီဂရီကယူရို၁.၀၆ဘီလီယံဖြင့်ရပ်တည်နေပါတယ်။

၎င်းတို့ရဲ့နောက်တွင်ဆီမြွန်နီ(ယူရို၉၈၅သန်း)၊ကွန်တီ(ယူရို၉၄၄သန်း)၊ဝင်းဂါး(ယူရို၈၉၁သန်း)၊ဗယ်ဗာဒီ(ယူရို၈၆၄သန်း)၊အမ်မရီ(ယူရို၈၄၆သန်း)တို့ရပ်တည်နေပါတယ်။

ZawGyi






