၂၀၀၂ကမ္ဘာ့ဖလားမှဆံပင်စတိုင်အတွက် တစ်ကမ္ဘာလုံးမှ မိခင်များကို ရော်နယ်ဒိုတောင်းပန်

ဘရာဇီးဂန္ထဝင်တိုက်စစ်မှူးရော်နယ်ဒိုဟာ၂၀၀၂ကမ္ဘာ့ဖလားတုန်းကသူ့ရဲ့နာမည်ကျော်ဆံပင်စတိုင်အတွက်တစ်ကမ္ဘာလုံးမှမိခင်များကိုတောင်းပန်လိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်းဟာဂျပန်နှင့်တောင်ကိုရီးယားတို့ကပူးတွဲအိမ်ရှင်အဖြစ်ကျင်းပတဲ့၂၀၀၂ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဘရာဇီးကိုကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင်အဓိကနေရာစွမ်းဆောင်ကူညီခဲ့သူလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုဟာတူရကီနှင့်ရင်ဆိုင်ကစားရတဲ့ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှစတင်ကာခေါင်းရဲ့ရှေ့ဘက်အပိုင်းမှလွဲပြီးကျန်နေရာမှာဆံပင်များကိုရိတ်ခဲ့ပါတယ်။

ဘာကြောင့်ရော်နယ်ဒိုယင်းသို့လုပ်ရသလဲ?ရော်နယ်ဒိုကသူဟာယင်းပွဲမတိုင်မီတုန်းကဒဏ်ရာပြဿနာနှင့်ရင်ဆိုင်ခဲ့ရကြောင်းဆိုသွားပြီးယင်းနှင့်ပတ်သက်ပြီးမီဒီယာများသို့မပြောကြားလိုကြောင်းဆိုသွာပါတယ်။

ရော်နယ်ဒိုက “ကျွန်တော့်ကစားဖော်တွေကိုဒီဆံပင်ပုံကိုကြိုက်လားလို့မေးတော့သူတို့ကမကြိုက်ဘူးလို့ဖြေပါတယ်။အရမ်းဆိုးတယ်။ရိတ်ပစ်လိုက်ဖို့ပြောကြတယ်။ဒါပေမယ့်ဂျာနယ်လစ်တွေကဆံပင်စတိုင်ကိုမြင်သွားတော့ကျွန်တော့်ဒဏ်ရာကိုမေ့သွားတယ်။ကျွန်တော့်ဆံပင်ပုံအတိုင်းလိုက်လုပ်တဲ့ကလေးတွေရဲ့မိခင်တွေကိုတောင်းပန်ပါတယ်”လို့ပြောကြားသွားပါတယ်။

ရော်နယ်ဒိုဟာ၂၀၀၂ကမ္ဘာ့ဖလားပြိုင်ပွဲမှာ၈ဂိုးသွင်းယူခဲ့ပြီးဘရာဇီးဟာလည်းငါးကြိမ်မြောက်ကမ္ဘာ့ဖလားကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာဗိုလ်လုပွဲမှာဂျာမနီအား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာအနိုင်ဂိုးနှစ်ဂိုးလုံးကိုသွင်းယူခဲ့ပါတယ်။သူဟာ၂၀၀၂ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာအင်တာမီလန်မှရီးရဲလ်မက်ဒရစ်သို့ပြောင်းခဲ့ပါတယ်။

၂၀၀၂ကမ္ဘာ့ဖလားဟာဒူးဒဏ်ရာကြောင့်ကာလရှည်ကြာအနားယူခဲ့ရတဲ့ရော်နယ်ဒိုအတွက်အကြီးကျယ်ဆုံးတစ်ကျော့ပြန်လာမှုလည်းဖြစ်ပါတယ်။

သူဟာဘရာဇီးအသင်းအတွက်၉၈ပွဲကစားရာမှာ၆၂ဂိုးသွင်းယူပြီးဘရာဇီးသမိုင်းတွင်တတိယဂိုးအများဆုံးသွင်းယူထားတဲ့ကစားသမားအဖြစ်ရပ်တည်နေပါတယ်။

ZawGyi

၂၀၀၂ကမာၻ႔ဖလားမွဆံပင္စတိုင္အတြက္ တစ္ကမာၻလုံးမွ မိခင္မ်ားကို ေရာ္နယ္ဒိုေတာင္းပန္

ဘရာဇီးဂႏၴဝင္တိုက္စစ္မႉးေရာ္နယ္ဒိုဟာ၂၀၀၂ကမာၻ႔ဖလားတုန္းကသူ႔ရဲ႕နာမည္ေက်ာ္ဆံပင္စတိုင္အတြက္တစ္ကမာၻလုံးမွမိခင္မ်ားကိုေတာင္းပန္လိုက္ပါတယ္။

ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးေဟာင္းဟာဂ်ပန္ႏွင့္ေတာင္ကိုရီးယားတို႔ကပူးတြဲအိမ္ရွင္အျဖစ္က်င္းပတဲ့၂၀၀၂ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ဘရာဇီးကိုကမာၻ႔ဖလားခ်န္ပီယံျဖစ္ေအာင္အဓိကေနရာစြမ္းေဆာင္ကူညီခဲ့သူလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာတူရကီႏွင့္ရင္ဆိုင္ကစားရတဲ့ကမာၻ႔ဖလားဆီမီးဖိုင္နယ္ပြဲစဥ္မွစတင္ကာေခါင္းရဲ႕ေရွ႕ဘက္အပိုင္းမွလြဲၿပီးက်န္ေနရာမွာဆံပင္မ်ားကိုရိတ္ခဲ့ပါတယ္။

ဘာေၾကာင့္ေရာ္နယ္ဒိုယင္းသို႔လုပ္ရသလဲ?ေရာ္နယ္ဒိုကသူဟာယင္းပြဲမတိုင္မီတုန္းကဒဏ္ရာျပႆနာႏွင့္ရင္ဆိုင္ခဲ့ရေၾကာင္းဆိုသြားၿပီးယင္းႏွင့္ပတ္သက္ၿပီးမီဒီယာမ်ားသို႔မေျပာၾကားလိုေၾကာင္းဆိုသြာပါတယ္။

ေရာ္နယ္ဒိုက “ကြၽန္ေတာ့္ကစားေဖာ္ေတြကိုဒီဆံပင္ပုံကိုႀကိဳက္လားလို႔ေမးေတာ့သူတို႔ကမႀကိဳက္ဘူးလို႔ေျဖပါတယ္။အရမ္းဆိုးတယ္။ရိတ္ပစ္လိုက္ဖို႔ေျပာၾကတယ္။ဒါေပမယ့္ဂ်ာနယ္လစ္ေတြကဆံပင္စတိုင္ကိုျမင္သြားေတာ့ကြၽန္ေတာ့္ဒဏ္ရာကိုေမ့သြားတယ္။ကြၽန္ေတာ့္ဆံပင္ပုံအတိုင္းလိုက္လုပ္တဲ့ကေလးေတြရဲ႕မိခင္ေတြကိုေတာင္းပန္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ေရာ္နယ္ဒိုဟာ၂၀၀၂ကမာၻ႔ဖလားၿပိဳင္ပြဲမွာ၈ဂိုးသြင္းယူခဲ့ၿပီးဘရာဇီးဟာလည္းငါးႀကိမ္ေျမာက္ကမာၻ႔ဖလားကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။

သူဟာဗိုလ္လုပြဲမွာဂ်ာမနီအား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာအႏိုင္ဂိုးႏွစ္ဂိုးလုံးကိုသြင္းယူခဲ့ပါတယ္။သူဟာ၂၀၀၂ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာအင္တာမီလန္မွရီးရဲလ္မက္ဒရစ္သို႔ေျပာင္းခဲ့ပါတယ္။

၂၀၀၂ကမာၻ႔ဖလားဟာဒူးဒဏ္ရာေၾကာင့္ကာလရွည္ၾကာအနားယူခဲ့ရတဲ့ေရာ္နယ္ဒိုအတြက္အႀကီးက်ယ္ဆုံးတစ္ေက်ာ့ျပန္လာမႈလည္းျဖစ္ပါတယ္။

သူဟာဘရာဇီးအသင္းအတြက္၉၈ပြဲကစားရာမွာ၆၂ဂိုးသြင္းယူၿပီးဘရာဇီးသမိုင္းတြင္တတိယဂိုးအမ်ားဆုံးသြင္းယူထားတဲ့ကစားသမားအျဖစ္ရပ္တည္ေနပါတယ္။