၂၀၁၀ ကမ္ဘာ့ဖလားတုန်းက လမ်းပတ်ရဲ့ဂိုးကို ခွင့်မပြုခဲ့ပြီးနောက် ဂျပန်ဂိုးက ဂျာမနီတို့ ဝဋ်ပြန်လည်စေသလား?
ဂျပန်အသင်းဟာစပိန်အသင်းနှင့်ပွဲစဉ်တွင်အငြင်းပွားဖွယ်ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ကမ္ဘာ့ဖလားရှုံးထွက်အဆင့်သို့အုပ်စုဗိုလ်အဖြစ်တက်ရောက်သွားခဲ့ပါတယ်။ဂျပန်ရဲ့စပိန်နိုင်ပွဲကြောင့်ဂျာမနီဟာကော်စတာရီကာကိုအနိုင်ရခဲ့ပေမဲ့အုပ်စုအဆင့်မှပင်လှည့်ပြန်သွားခဲ့ရပြီဖြစ်ပါတယ်။
မနေ့ညတုန်းကအုပ်စု(င)ပွဲစဉ်များကဒိုဟာကမ္ဘာ့ဖလားပြိုင်ပွဲအတွက်အမှတ်ရစရာညတစ်ညဖြစ်ခဲ့ပါတယ်။
ဂျာမနီဟာကော်စတာရီကာကိုဂနာဘရီ၊ကိုင်ဟာဗတ်ဇ်(၂ဂိုး)၊ဖူးလ်ရုတို့ရဲ့ဂိုးဖြင့်၄-၂ဖြင့်အနိုင်ရခဲ့ပါတယ်။
ဒါပေမဲ့ဂျာမနီဟာအေအိုတာနာကာရဲ့အငြင်းပွားဖွယ်ဂိုးကြောင့်စပိန်ကို၂-၁ဂိုးဖြင့်အနိုင်ရခဲ့ပါတယ်။
တာနာကာဟာမီတိုမာရဲ့ဂိုးလွန်ဘောလိုယူဆရတဲ့ဘောလုံးမှတဆင့်အပိုင်ပိတ်သွင်းကာအနိုင်ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။
ယင်းဂိုးကိုကွင်းအတွင်းဒိုင်လူကြီးကခွင့်မပြုခဲ့ပေမဲ့လည်းVAR ကစစ်ဆေးမှုပြုလုပ်ပြီးနောက်ဂိုးအဖြစ်ခွင့်ပြုခဲ့ပါတယ်။
ယင်းဂိုးကြောင့်ဂျာမနီအသင်းမှာလည်းကမ္ဘာ့ဖလားအုပ်စုအဆင့်မှပင်ထွက်ခဲ့ရပါတယ်။ဂျာမနီအသင်းဟာကမ္ဘာ့ဖလားအုပ်စုအဆင့်မှနှစ်ကြိမ်ဆက်ထွက်ခွာခဲ့ရတာလည်းဖြစ်ပါတယ်။
ပရိသတ်များကတော့ဂျာမနီအသင်းဟာ၂၀၁၀ကမ္ဘာ့ဖလားတုန်းကအင်္ဂလန်အသင်းကိုရှုံးထွက်အဆင့်မှဖြုတ်ချတုန်းကဝဋ်ပြန်လည်ခံလာရတာလို့ဆိုနေကြပါတယ်။
၂၀၁၀ကမ္ဘာ့ဖလားရှုံးထွက်တုန်းကဂျာမနီဟာအင်္ဂလန်ကို၂-၀ဂိုးဖြင့်ဦးဆောင်နေခဲ့ပြီးမက်သရူးအပ်ဆန်ကအင်္ဂလန်အတွက်ချေပခဲ့ပါတယ်။ယင်းနောက်အင်္ဂလန်ဟာဖရန့်လမ်းပတ်ရဲ့ကန်ချက်ဖြင့်ချေပဂိုးရခဲ့ပါတယ်။ဒါပေမဲ့ဒိုင်လူကြီးကဘောလုံးကိုဂိုးစည်းမကျော်ဆိုပြီးဆုံးဖြတ်ခဲ့တာကြောင့်အင်္ဂလန်တို့ချေပဂိုးနဲ့ဝေးခဲ့ရပါတယ်။ယင်းနောက်ဂျာမနီကအင်္ဂလန်ကို၄-၁ဖြင့်အနိုင်ရကာရှုံးထွက်အဆင့်သို့တက်သွားခဲ့ပါတယ်။
ထိုစဉ်တုန်းကအင်္ဂလန်အသင်းမှာနည်းပညာပိုင်းအားနည်းချက်ကြောင့်ထွက်ခဲ့ရတာဖြစ်‌ပါတယ်။ဒါပေမဲ့ယခုဂျာမနီကတော့နည်းပညာပိုင်းအားသာချက်ကြောင့်ပြိုင်ပွဲမှထွက်ခွာခဲ့ရတာဖြစ်ပါတယ်။
ပရိသတ်တွေကတော့ဂျာမနီတို့ဝဋ်ပြန်လည်တာခံရပြီလို့ပြောဆိုနေကြပါတယ်။
ZawGyi
ဂျာမနီဟာကော်စတာရီကာကိုဂနာဘရီ၊ကိုင်ဟာဗတ်ဇ်(၂ဂိုး)၊ဖူးလ်ရုတို့ရဲ့ဂိုးဖြင့်၎-၂ဖြင့်အနိုင်ရခဲ့ပါတယ်။