၂၀၁၃ ခုနှစ်တုန်းက သူ့ကို ဦးနှောက်မရှိသူလို့ ပြောဆိုခဲ့တဲ့ နည်းပြရှေ့သို့ သွားကာ အောင်ပွဲခံပြီး ကလဲ့စားချေခဲ့တဲ့ ဘာလော့တယ်လီ

မာရီယိုဘာလော့တယ်လီဟာတစ်ခါတုန်းကသူ့ကိုဦးနှောက်မရှိသူဟုပြောကြားခဲ့တဲ့နည်းပြရှေ့သို့သွားရောက်ကာအောင်ပွဲခံပြီးကလဲ့စားချေမှုပြုလုပ်ခဲ့ပါတယ်။

ဘာလော့တယ်လီဟာကစားသမားဘဝတစ်ယောက် အခြားအသင်းနည်းပြနှင့်သာမကကိုယ့်အသင်းနည်းပြနှင့်ပါ ပြဿနာတက်ခဲ့တဲ့အပြင် ပြိုင်ဘက်ပရိသတ်များနှင့်လည်းအကြိမ်ကြိမ်ပြဿနာတက်ခဲ့ဖူးသူဖြစ်ပါတယ်။

သူဟာ၂၀၁၃ခုနှစ်တုန်းကမန်စီးတီးတွင်ကစားစဉ်တုန်းကအမေရိကန်ခြေစမ်းပွဲခရီးစဉ်မှာပါဝင်ကစားခဲ့ပါတယ်။သူဟာအမေရိကန်ရာသီကြိုခရီးစဉ်အဖွင့်ပွဲအဖြစ်အယ်လ်အေဂလက်ဆီနှင့်ပွဲမှာဂိုးသမားနှင့်တစ်ဦးချင်းတွေ့တဲ့အနေအထားမျိုးမှာနောက်ပေါက်နဲ့ဂိုးသွင်းပြီးအတတ်ဆန်းခဲ့ပါတယ်။

ယင်းဖြစ်ရပ်ကြောင့်မန်စီးတီးတိုက်စစ်မှူးဟာချက်ချင်းပင်လူစားလဲခြင်းခံခဲ့ရပြီးထိုစဉ်ကအစီအစဉ်တင်ဆက်သူအဖြစ်တာဝန်ထမ်းဆောင်နေတဲ့တူရကီလက်ရွေးစင်ဟောင်း ဆာဂျန်ယယ်ကင်ကဘာလော့တယ်လီကိုဦးနှောက်မရှိသူလို့ဝေဖန်ခဲ့ပါတယ်။

ဘာလော့တယ်လီဟာတူရကီကလပ်အဒါနာဒီမာစပေါ်မှာကစားနေပြီးယယ်ကင်ကလည်းဘီဆစ်တပ်အသင်းကိုကိုင်တွယ်နေပါတယ်။

၎င်းတို့ဟာအင်္ဂါနေ့ညတုန်းကပြန်လည်ထိပ်တိုက်ပြန်လည်ဆုံစည်းခဲ့ကြပါတယ်။

ဘီဆစ်တပ်ကပွဲကို၃-၀ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပါတယ်။ဒါပေမယ့်မားသီးယပ်စ်ဗာဂက်စ်ကပထမချေပဂိုးသွင်းခဲ့ပါတယ်။ယင်းနောက်၇၉မိနစ်မှာဘာလော့တယ်လီကဒုတိယချေပဂိုးသွင်းခဲ့ပါတယ်။ဘာလော့တယ်လီဟာဂိုးသွင်းယူပြီးနောက်ယယ်ကင်ရှိရာသို့ပြေးသွားကာဦးနှောက်ကိုလက်ညှိုးထိုးပြီးအောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။ ယင်းနောက်နာကျင်အချိန်ပိုမှာအက်စ်ဆွမ်ဘာလွန်ဂါကတတိယချေပဂိုးသွင်းယူခဲ့လို့သုံးဂိုးစီသရေဖြင့်ပြီးသွားပါတယ်။

ZawGyi







