၂၀၁၄ ခုနှစ်ကတည်းကပျောက်ကင်းခြင်းမရှိဘဲ တဖြည်းဖြည်းပိုပိုဆိုးလာတဲ့ ဒဏ်ရာတစ်ခု ရရှိနေတဲ့ ရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာကြီးမားတဲ့ဒူးဒဏ်ရာပြဿနာနှင့်ဘောလုံးကစားလာခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ခရစ္စတီယာနိုရော်နယ်ဒိုဟာယင်းဒူးဒဏ်ရာကို၂၀၁၄ခုနှစ်တုန်းကရရှိခဲ့တာဖြစ်ပြီးဒဏ်ရာမှပျောက်ကင်းခြင်းမရှိကြောင်းသိရပါတယ်။

Ballon d’Or ဆုငါးကြိမ်ရခရစ္စတီယာနိုရော်နယ်ဒိုဟာမကြာသေးမီတုန်းကအိုင်ယာလန်နှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်၂ဂိုးသွင်းယူနိုင်ပြီးနောက်နိုင်ငံတကာဂိုး၁၁၁ဂိုးဖြင့်ဘောလုံးသမိုင်းတွင်နိုင်ငံတကာဂိုးအများဆုံးသွင်းယူသူအဖြစ်မှတ်တမ်းရေးထိုးလာနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာယနေ့ညနယူးကာဆယ်နှင့်ပွဲစဉ်တွင်မန်ယူအတွက်ဒုတိယအကြိမ်မြောက်ပထမဆုံးပွဲအားကစားပါမယ်။

ဒါပေမယ့်လည်းယနေ့ထွက်ပေါ်လာတဲ့သတင်းအရခရစ္စတီယာနိုရော်နယ်ဒိုဟာ၂၀၁၄ခုနှစ်ကတည်းကဘယ်ဖက်ဒူးအရွတ်ဒဏ်ရာရရှိလာခဲ့ခြင်းဖြစ်ပြီးယင်းဒဏ်ရာမှာပျောက်ကင်းလာခြင်းမရှိကြောင်းသိရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဒူးဒဏ်ရာအတွက်ဆေးမရှိကြောင်းလည်းသိရပါတယ်။ခရစ္စတီယာနိုရော်နယ်ဒိုဟာယခင်တုန်းကတောင်ပံကစားသမားတစ်ဦးအဖြစ်လူသိများခဲ့သော်လည်းယင်းဒဏ်ရာရရှိပြီးနောက်ပိုင်းတွင်ဒူးအသုံးပြုရမှုလျှော့ပါးလာစေရန်အတွက်တိုက်စစ်မှူးအဖြစ်ပြောင်းကစားလာခဲ့ခြင်းဖြစ်ပါတယ်။

ဒါပေမယ့်တစ်ဖက်တွင်ယင်းဒူးဒဏ်ရာမှာအသုံးပြုတိုင်းတဖြည်းဖြည်းပိုမိုဆိုးရွားလာနေကြောင်းသိရပါတယ်။

ZawGyi

၂၀၁၄ ခုႏွစ္ကတည္းကေပ်ာက္ကင္းျခင္းမရွိဘဲ တျဖည္းျဖည္းပိုပိုဆိုးလာတဲ့ ဒဏ္ရာတစ္ခု ရရွိေနတဲ့ ေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာႀကီးမားတဲ့ဒူးဒဏ္ရာျပႆနာႏွင့္ေဘာလုံးကစားလာခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယင္းဒူးဒဏ္ရာကို၂၀၁၄ခုႏွစ္တုန္းကရရွိခဲ့တာျဖစ္ၿပီးဒဏ္ရာမွေပ်ာက္ကင္းျခင္းမရွိေၾကာင္းသိရပါတယ္။

Ballon d’Or ဆုငါးႀကိမ္ရခရစၥတီယာႏိုေရာ္နယ္ဒိုဟာမၾကာေသးမီတုန္းကအိုင္ယာလန္ႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲတြင္၂ဂိုးသြင္းယူႏိုင္ၿပီးေနာက္ႏိုင္ငံတကာဂိုး၁၁၁ဂိုးျဖင့္ေဘာလုံးသမိုင္းတြင္ႏိုင္ငံတကာဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္မွတ္တမ္းေရးထိုးလာႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

သူဟာယေန႔ညနယူးကာဆယ္ႏွင့္ပြဲစဥ္တြင္မန္ယူအတြက္ဒုတိယအႀကိမ္ေျမာက္ပထမဆုံးပြဲအားကစားပါမယ္။

ဒါေပမယ့္လည္းယေန႔ထြက္ေပၚလာတဲ့သတင္းအရခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၂၀၁၄ခုႏွစ္ကတည္းကဘယ္ဖက္ဒူးအ႐ြတ္ဒဏ္ရာရရွိလာခဲ့ျခင္းျဖစ္ၿပီးယင္းဒဏ္ရာမွာေပ်ာက္ကင္းလာျခင္းမရွိေၾကာင္းသိရပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ဒူးဒဏ္ရာအတြက္ေဆးမရွိေၾကာင္းလည္းသိရပါတယ္။ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယခင္တုန္းကေတာင္ပံကစားသမားတစ္ဦးအျဖစ္လူသိမ်ားခဲ့ေသာ္လည္းယင္းဒဏ္ရာရရွိၿပီးေနာက္ပိုင္းတြင္ဒူးအသုံးျပဳရမႈေလွ်ာ့ပါးလာေစရန္အတြက္တိုက္စစ္မႉးအျဖစ္ေျပာင္းကစားလာခဲ့ျခင္းျဖစ္ပါတယ္။

ဒါေပမယ့္တစ္ဖက္တြင္ယင္းဒူးဒဏ္ရာမွာအသုံးျပဳတိုင္းတျဖည္းျဖည္းပိုမိုဆိုး႐ြားလာေနေၾကာင္းသိရပါတယ္။