
ခရစ္စတီယာနိုရော်နယ်ဒိုဟာတနင်္လာနေ့တွင်ကျင်းပမယ့် Ballon d’Or ဆုပေးပွဲအခမ်းအနားသို့ ကစားဖော်ဟောင်းကာရမ်ဘန်ဇီးမားကိုအားပေးရန်အတွက် တက်ရောက်သွားမည်ဖြစ်ကြောင်းသိရပါတယ်။
အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာ၂၀၁၇ခုနှစ်တုန်းကသူ့နောက်ဆုံးအကြိမ် Ballon d’Or ဆုဆွတ်ခူးပြီးနောက်ပိုင်းတွင် Ballon d’Or ဆုပေးပွဲအခမ်းအနားသို့တက်ရောက်ခဲ့ခြင်းမရှိပါဘူး။
ခရစ္စတီယာနိုရော်နယ်ဒိုဟာပြီးခဲ့တဲ့ရာသီတုန်းက ယူနိုက်တက်အတွက်၂၄ဂိုးသွင်းယူကာ Ballon d’Or ဆုအတွက်ဆန်ကာတင်စာရင်းတွင်ပါဝင်နေပါတယ်။
သူဟာယခုနှစ် Ballon d’Or ဆုပေးပွဲတွင်ဆုရရှိလာမှာမဟုတ်ပေမဲ့လည်း ဆုပေးပွဲအခမ်းအနားသို့တက်ရောက်လာပါမယ်။
လက်ရှိအချိန်တွင် Ballon d’Or ဆုကိုဆွတ်ခူးရန် ကာရမ်ဘန်ဇီးမားကရေပန်းအစားဆုံးဖြစ်နေပါတယ်။ကာရမ်ဘန်ဇီးမားဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက၄၆ပွဲတွင်၄၄ဂိုးသွင်းယူပြီးရီးရဲလ်မက်ဒရစ်ကိုလာလီဂါဖလားနှင့်ချန်ပီယံလိဂ်ဖလားရရှိအောင်ကူညီနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
ရော်နယ်ဒိုဟာကာရမ်ဘန်ဇီးမားနှင့်အတူ ရီးရဲလ်မက်ဒရစ်တွင်ကိုးနှစ်ကြာအတူတွဲကစားလာခဲ့သူဖြစ်ပြီးထိုစဉ်ကတည်းကအလွန်ရင်းနှီးကြတဲ့သူငယ်ချင်းများဖြစ်လာခဲ့ကြပါတယ်။
သူဟာသူ့ရဲ့ကစားဖော်ဟောင်းဘန်ဇီးမားကို Ballon d’Or ဆုရရှိသည်ကိုကိုယ်တိုင်ကြည့်ရှုအားပေးလိုမှုနှင့်အတူပဲရစ်တွင်ကျင်းပမဲ့ ဆုပေးပွဲအခမ်းအနားသို့တက်ရောက်လာမှာဖြစ်ကြောင်း Le Parisien ကဖော်ပြလာပါတယ်။
ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ၂၀၁၈ခုနှစ်၊၂၀၁၉ခုနှစ်နှင့်၂၀၂၁ခုနှစ်တို့တွင် သူဆုမရရှိရန်သေချာသွားပြီးနောက် Ballon d’Or ဆုပေးပွဲအခမ်းအနားသို့မတက်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။
ZawGyi
၂၀၁၇ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ Ballon d’Or ဆုေပးပြဲအခမ္းအနားသို႔ ခရစၥတီယာႏိုေရာ္နယ္ဒို တက္ေရာက္မည္
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာတနလၤာေန႔တြင္က်င္းပမယ့္ Ballon d’Or ဆုေပးပြဲအခမ္းအနားသို႔ ကစားေဖာ္ေဟာင္းကာရမ္ဘန္ဇီးမားကိုအားေပးရန္အတြက္ တက္ေရာက္သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။
အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၂၀၁၇ခုႏွစ္တုန္းကသူ႔ေနာက္ဆုံးအႀကိမ္ Ballon d’Or ဆုဆြတ္ခူးၿပီးေနာက္ပိုင္းတြင္ Ballon d’Or ဆုေပးပြဲအခမ္းအနားသို႔တက္ေရာက္ခဲ့ျခင္းမရွိပါဘူး။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာၿပီးခဲ့တဲ့ရာသီတုန္းက ယူႏိုက္တက္အတြက္၂၄ဂိုးသြင္းယူကာ Ballon d’Or ဆုအတြက္ဆန္ကာတင္စာရင္းတြင္ပါဝင္ေနပါတယ္။
သူဟာယခုႏွစ္ Ballon d’Or ဆုေပးပြဲတြင္ဆုရရွိလာမွာမဟုတ္ေပမဲ့လည္း ဆုေပးပြဲအခမ္းအနားသို႔တက္ေရာက္လာပါမယ္။
လက္ရွိအခ်ိန္တြင္ Ballon d’Or ဆုကိုဆြတ္ခူးရန္ ကာရမ္ဘန္ဇီးမားကေရပန္းအစားဆုံးျဖစ္ေနပါတယ္။ကာရမ္ဘန္ဇီးမားဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းက၄၆ပြဲတြင္၄၄ဂိုးသြင္းယူၿပီးရီးရဲလ္မက္ဒရစ္ကိုလာလီဂါဖလားႏွင့္ခ်န္ပီယံလိဂ္ဖလားရရွိေအာင္ကူညီႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။
ေရာ္နယ္ဒိုဟာကာရမ္ဘန္ဇီးမားႏွင့္အတူ ရီးရဲလ္မက္ဒရစ္တြင္ကိုးႏွစ္ၾကာအတူတြဲကစားလာခဲ့သူျဖစ္ၿပီးထိုစဥ္ကတည္းကအလြန္ရင္းႏွီးၾကတဲ့သူငယ္ခ်င္းမ်ားျဖစ္လာခဲ့ၾကပါတယ္။
သူဟာသူ႔ရဲ႕ကစားေဖာ္ေဟာင္းဘန္ဇီးမားကို Ballon d’Or ဆုရရွိသည္ကိုကိုယ္တိုင္ၾကည့္ရႈအားေပးလိုမႈႏွင့္အတူပဲရစ္တြင္က်င္းပမဲ့ ဆုေပးပြဲအခမ္းအနားသို႔တက္ေရာက္လာမွာျဖစ္ေၾကာင္း Le Parisien ကေဖာ္ျပလာပါတယ္။
ေပၚတူဂီအသင္းေခါင္းေဆာင္ဟာ၂၀၁၈ခုႏွစ္၊၂၀၁၉ခုႏွစ္ႏွင့္၂၀၂၁ခုႏွစ္တို႔တြင္ သူဆုမရရွိရန္ေသခ်ာသြားၿပီးေနာက္ Ballon d’Or ဆုေပးပြဲအခမ္းအနားသို႔မတက္ေရာက္လာခဲ့တာလည္းျဖစ္ပါတယ္။