၂၀၁၇ နှစ်တုန်းက ဗလက်ကာယအမှုဖြင့် စွပ်စွဲခံရမှုမှ လွတ်မြောက်သွားပြီဖြစ်တဲ့ ဘာလော့တယ်လီ

မာရီယိုဘာလော့တယ်လီဟာအသက်၁၆နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးကသူမကိုဗလက်ကာယပြုလုပ်ခဲ့တယ်လို့စွပ်စွဲမှုမှလွတ်မြောက်သွားခဲ့ပြီဖြစ်တဲ့အပြင်ပေါင်၈၅၀၀၀ခြိမ်းခြောက်ငွေညှစ်ခံခဲ့ရကြောင်းတရားသူကြီးကဆုံးဖြတ်လိုက်ပါတယ်။

လီဗာပူးနှင့်အီတလီတိုက်စစ်မှူးဟောင်းဟာ၂၀၁၇ခုနှစ်၊ဇူလိုင်လတုန်းကအားလပ်ရက်တွင်ဆယ်ကျော်သက်မိန်းကလေးတစ်ဦးနှင့်ပျော်ပါးခဲ့ပါတယ်။

ထိုစဉ်ကနိုက်စ်တွင်ကစားနေတဲ့ဘာလော့တယ်လီဟာနောက်ပိုင်းမှာတော့သူ့ကိုငွေညှစ်နေတယ်ဆိုပြီးရဲစခန်းမှာအမှုဖွင့်ခဲ့ပါတယ်။ယင်းနောက်အမျိုးသမီးငယ်ရဲ့ရှေ့နေအဖွဲ့ကလည်းဗလက်ကာယလုပ်ခဲ့တယ်ဆိုပြီးပြန်လည်စွပ်စွဲခဲ့ပါတယ်။

ယခုအခါတရားရုံးကမျက်မြင်သက်သေများ၊အပြန်အလှန်ဖုန်းပြောဆိုထားတဲ့အသံဖိုင်များကိုစစ်ဆေးမှုများပြုလုပ်ပြီးနောက်ဘာလော့တယ်လီဟာငွေညှစ်ခြင်းခံခဲ့ရကြောင်းနှင့်ဘာလော့တယ်လီတွင်အပြစ်မရှိကြောင်းဆုံးဖြတ်ကာအမှုကိုပိတ်လိုက်ပြီဖြစ်ပါတယ်။

ZawGyi




