
မာဆယ်လိုဘရိုဇိုဗစ်ဟာ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကသူကိုယ်တိုင်တင်ခဲ့တဲ့စံချိန်ကိုတနင်္လာနေ့ညတုန်းကရိုက်ချိုးခဲ့ပါတယ်။
ခရိုအေးရှားဟာတနင်္လာနေ့ညတုန်းကဂျပန်ကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ရရှိကာကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်သို့တတိယအဆင့်သို့တက်ရောက်နိုင်ခဲ့ပါတယ်။
ခရိုအေးရှားဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဘရာဇီးနှင့်နှစ်ကြိမ်တိုင်တိုင်ရင်ဆိုင်ခဲ့ဖူးပြီးနောက်ဆုံးအကြိမ်ရင်ဆိုင်ခဲ့တာဆီမီးဖိုင်နယ်မှာဖြစ်ပါတယ်။
၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကခရိုအေးရှားဟာကမ္ဘာ့ဖလားပြိုင်ပွဲဗိုလ်လုပွဲအဆင့်သို့တက်ရောက်ခဲ့တယ်ဆိုပေမဲ့လည်းရှုံးထွက်အဆင့်မှာဘယ်အသင်းကိုမှမိနစ်၉၀အတွင်းအနိုင်မရခဲ့ပါဘူး။
ခရိုအေးရှားဟာ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကရှုံးထွက်အဆင့်မှာအချိန်ပို(သို့မဟုတ်)ပင်နယ်တီအဆုံးအဖြတ်ဖြင့်သာအနိုင်ရခဲ့တာဖြစ်ပြီးဗိုလ်လုပွဲမှာပြင်သစ်ကို၄-၂ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။
ပြီးခဲ့တဲ့၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကအင်တာမီလန်ကစားသမားဘရိုဇိုဗစ်ဟာအင်္ဂလန်ကိုအနိုင်ရရှိတဲ့ဆီမီးဖိုင်နယ်ပွဲစဉ်မှာ၁၆.၃ကီလိုမီတာပြေးလွှားပြီးကမ္ဘာ့ဖလားသမိုင်းမှာပြေးလွှားမှုအများဆုံးကစားသမားအဖြစ်သမိုင်းမှတ်တမ်းရေးထိုးခဲ့ပါတယ်။
သူဟာတနင်္လာနေ့တုန်းကဂျပန်ကိုအနိုင်ရရှိတဲ့ကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာတော့မိနစ်၁၂၀အတွင်းမှာ၁၆.၇ကီလိုပြေးလွှားကာယခင်သူတင်ခဲ့တဲ့စံချိန်ကိုရိုက်ချိုးနိုင်ခဲ့ပါတယ်။
ခရိုအေးရှားဟာဂျပန်ကိုမိနစ်၁၂၀အတွင်းတစ်ဂိုးစီသရေကျပြီးနောက်ပင်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ရရှိကာကွာတားဖိုင်နယ်သို့တက်ရောက်လာခဲ့ပါတယ်။ခရိုအေးရှားဟာလာမယ့်ဒီဇင်ဘာလ၉ရက်နေ့သောကြာနေ့မှာဘရာဇီးနှင့်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲကစားရပါမယ်။
ZawGyi
၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက တင္ခဲ့တဲ့ စံခ်ိန္ကို ကိုယ္တိုင္႐ိုက္ခ်ိဳးလိုက္တဲ့ ခ႐ိုေအးရွားရဲ႕ဘ႐ိုဇိုဗစ္
မာဆယ္လိုဘ႐ိုဇိုဗစ္ဟာ၂၀၁၈ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကသူကိုယ္တိုင္တင္ခဲ့တဲ့စံခ်ိန္ကိုတနလၤာေန႔ညတုန္းက႐ိုက္ခ်ိဳးခဲ့ပါတယ္။
ခ႐ိုေအးရွားဟာတနလၤာေန႔ညတုန္းကဂ်ပန္ကိုပင္နယ္တီအဆုံးအျဖတ္ျဖင့္အႏိုင္ရရွိကာကမာၻ႔ဖလားကြာတားဖိုင္နယ္အဆင့္သို႔တတိယအဆင့္သို႔တက္ေရာက္ႏိုင္ခဲ့ပါတယ္။
ခ႐ိုေအးရွားဟာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ဘရာဇီးႏွင့္ႏွစ္ႀကိမ္တိုင္တိုင္ရင္ဆိုင္ခဲ့ဖူးၿပီးေနာက္ဆုံးအႀကိမ္ရင္ဆိုင္ခဲ့တာဆီမီးဖိုင္နယ္မွာျဖစ္ပါတယ္။
၂၀၁၈ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကခ႐ိုေအးရွားဟာကမာၻ႔ဖလားၿပိဳင္ပြဲဗိုလ္လုပြဲအဆင့္သို႔တက္ေရာက္ခဲ့တယ္ဆိုေပမဲ့လည္းရႈံးထြက္အဆင့္မွာဘယ္အသင္းကိုမွမိနစ္၉၀အတြင္းအႏိုင္မရခဲ့ပါဘူး။
ခ႐ိုေအးရွားဟာ၂၀၁၈ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကရႈံးထြက္အဆင့္မွာအခ်ိန္ပို(သို႔မဟုတ္)ပင္နယ္တီအဆုံးအျဖတ္ျဖင့္သာအႏိုင္ရခဲ့တာျဖစ္ၿပီးဗိုလ္လုပြဲမွာျပင္သစ္ကို၄-၂ျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့၂၀၁၈ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကအင္တာမီလန္ကစားသမားဘ႐ိုဇိုဗစ္ဟာအဂၤလန္ကိုအႏိုင္ရရွိတဲ့ဆီမီးဖိုင္နယ္ပြဲစဥ္မွာ၁၆.၃ကီလိုမီတာေျပးလႊားၿပီးကမာၻ႔ဖလားသမိုင္းမွာေျပးလႊားမႈအမ်ားဆုံးကစားသမားအျဖစ္သမိုင္းမွတ္တမ္းေရးထိုးခဲ့ပါတယ္။
သူဟာတနလၤာေန႔တုန္းကဂ်ပန္ကိုအႏိုင္ရရွိတဲ့ကမာၻ႔ဖလား၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္မွာေတာ့မိနစ္၁၂၀အတြင္းမွာ၁၆.၇ကီလိုေျပးလႊားကာယခင္သူတင္ခဲ့တဲ့စံခ်ိန္ကို႐ိုက္ခ်ိဳးႏိုင္ခဲ့ပါတယ္။
ခ႐ိုေအးရွားဟာဂ်ပန္ကိုမိနစ္၁၂၀အတြင္းတစ္ဂိုးစီသေရက်ၿပီးေနာက္ပင္နယ္တီအဆုံးအျဖတ္ျဖင့္အႏိုင္ရရွိကာကြာတားဖိုင္နယ္သို႔တက္ေရာက္လာခဲ့ပါတယ္။ခ႐ိုေအးရွားဟာလာမယ့္ဒီဇင္ဘာလ၉ရက္ေန႔ေသာၾကာေန႔မွာဘရာဇီးႏွင့္ကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲကစားရပါမယ္။