၂၀၁၈ ခုနှစ်တုန်းက မိခင်ဖြစ်သူကို ပေးခဲ့တဲ့ကတိ တည်လာတော့မယ့် အိုဇေးလ်

မီဆတ်အိုဇေးလ်ဟာဖီနာဘာချီအပြောင်းအရွှေ့အပြီးသတ်ရေးအတွက်တူရကီသို့ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အာဆင်နယ်ကွင်းလယ်ဖန်တီးရှင်ဟာအထူးလေယာဉ်ဖြင့်အစ္စတန်ဘူလ်သို့ရောက်နေတာဖြစ်ပြီးယနေ့မှာဖီနာဘာချီသို့ပြောင်းရွှေ့ရေးအပြီးသတ်သွားပါမယ်။

မီဆတ်အိုဇေးလ်ဟာအာဆင်နယ်နှင့်ခြောက်လကျန်စာချုပ်ကိုဖျက်သိမ်းရန်သဘောတူညီမှုရရှိပြီးနောက်ဖီနာဘာချီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့သွားမှာလည်းဖြစ်ပါတယ်။

ဗြိတိန်မီဒီယာများရဲ့ဖော်ပြချက်အရ အိုဇေးလ်ဟာတစ်ပတ်လုပ်ခပေါင်၃၅၀၀၀၀တန်ခြောက်လကျန်စာချုပ်အ တွက်အာဆင်နယ်ထံမှနစ်နာကြေးပေါင်၇သန်းကျော်ရရှိမှာကြောင်းသိရပါတယ်။

အိုဇေးလ်က “အရမ်းစိတ်လှုပ်ရှားပြီးပျော်နေပါတယ်။ကျွန်တော်ကဖီနာဘာချီပရိသတ်တစ်ဦးပါ။ဘုရားသခင်က ဒီဝတ်စုံဝတ်ဆင်နိုင်အောင်လုပ်ပေးခဲ့တယ်။ကျွန်တော့်ဘက်ကလည်းအကောင်းဆုံးကြိုးစားသွားပါမယ်”လို့ပြောကြားသွားပါတယ်။

အိုဇေးလ်ဟာ ၂၀၁၈ခုနှစ်တုန်းကမိခင်ဖြစ်သူကိုအာဆင်နယ်မှထွက်ခွာလျှင်ဖီနာဘာချီသို့သွားရောက်ကစားပေး မယ်လို့ကတိပေးခဲ့သူလည်းဖြစ်ပါတယ်။အိုဇေးလ်ရောမိခင်ဖြစ်သူတို့ပါတူရကီထိပ်သီးကလပ်ဖီနာဘာချီအမာခံ ပရိသတ်များဖြစ်ကြပါတယ်။

၂၀၁၈ခုနှစ်တုန်းကအိုဇေးလ်ကမိခင်ဖြစ်သူကို “ကျွန်တော့်စာချုပ်အဆုံးသတ်သွားရင်(အာဆင်နယ်နဲ့)ဖီနာဘာချီ မှာကစားသွားမယ်လို့အမေ့ကိုကျွန်တော်ကတိပေးတယ်”လို့ပြောကြားခဲ့ဖူးပါတယ်။

ဂျာမနီလက်ရွေးစင်ဟောင်းဟာ၂၀၁၃ခုနှစ်တွင်ရီးရဲလ်မက်ဒရစ်မှရောက်လာပြီးနောက်အာဆင်နယ်အတွက်ပရီးမီးယားလိဂ်ပွဲ၁၈၄ပွဲကစားခဲ့ရာမှာ၃၃ဂိုးသွင်းယူပြီး၅၄ကြိမ်ဖန်တီးပေးခဲ့ပါတယ်။သူဟာမတ်လတုန်းကဝက်စ်ဟမ်းကို ၁-၀ဂိုးဖြင့်အနိုင်ရရှိပြီးကတည်းကအာဆင်နယ်မှာကစားခွင့်ပျောက်ဆုံးနေခဲ့သူဖြစ်ပါတယ်။

ZawGyi

၂၀၁၈ ခုႏွစ္တုန္းက မိခင္ျဖစ္သူကို ေပးခဲ့တဲ့ကတိ တည္လာေတာ့မယ့္ အိုေဇးလ္

မီဆတ္အိုေဇးလ္ဟာဖီနာဘာခ်ီအေျပာင္းအေ႐ႊ႕အၿပီးသတ္ေရးအတြက္တူရကီသို႔ေရာက္ရွိေနၿပီ ျဖစ္ပါတယ္။ အာဆင္နယ္ကြင္းလယ္ဖန္တီးရွင္ဟာအထူးေလယာဥ္ျဖင့္အစၥတန္ဘူလ္သို႔ေရာက္ေနတာျဖစ္ၿပီးယေန႔မွာဖီနာဘာခ်ီသို႔ေျပာင္းေ႐ႊ႕ေရးအၿပီးသတ္သြားပါမယ္။

မီဆတ္အိုေဇးလ္ဟာအာဆင္နယ္ႏွင့္ေျခာက္လက်န္စာခ်ဳပ္ကိုဖ်က္သိမ္းရန္သေဘာတူညီမႈရရွိၿပီးေနာက္ဖီနာဘာခ်ီသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းေ႐ႊ႕သြားမွာလည္းျဖစ္ပါတယ္။

ၿဗိတိန္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရ အိုေဇးလ္ဟာတစ္ပတ္လုပ္ခေပါင္၃၅၀၀၀၀တန္ေျခာက္လက်န္စာခ်ဳပ္အ တြက္အာဆင္နယ္ထံမွနစ္နာေၾကးေပါင္၇သန္းေက်ာ္ရရွိမွာေၾကာင္းသိရပါတယ္။

အိုေဇးလ္က “အရမ္းစိတ္လႈပ္ရွားၿပီးေပ်ာ္ေနပါတယ္။ကြၽန္ေတာ္ကဖီနာဘာခ်ီပရိသတ္တစ္ဦးပါ။ဘုရားသခင္က ဒီဝတ္စုံဝတ္ဆင္ႏိုင္ေအာင္လုပ္ေပးခဲ့တယ္။ကြၽန္ေတာ့္ဘက္ကလည္းအေကာင္းဆုံးႀကိဳးစားသြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။

အိုေဇးလ္ဟာ ၂၀၁၈ခုႏွစ္တုန္းကမိခင္ျဖစ္သူကိုအာဆင္နယ္မွထြက္ခြာလွ်င္ဖီနာဘာခ်ီသို႔သြားေရာက္ကစားေပး မယ္လို႔ကတိေပးခဲ့သူလည္းျဖစ္ပါတယ္။အိုေဇးလ္ေရာမိခင္ျဖစ္သူတို႔ပါတူရကီထိပ္သီးကလပ္ဖီနာဘာခ်ီအမာခံ ပရိသတ္မ်ားျဖစ္ၾကပါတယ္။

၂၀၁၈ခုႏွစ္တုန္းကအိုေဇးလ္ကမိခင္ျဖစ္သူကို “ကြၽန္ေတာ့္စာခ်ဳပ္အဆုံးသတ္သြားရင္(အာဆင္နယ္နဲ႔)ဖီနာဘာခ်ီ မွာကစားသြားမယ္လို႔အေမ့ကိုကြၽန္ေတာ္ကတိေပးတယ္”လို႔ေျပာၾကားခဲ့ဖူးပါတယ္။

ဂ်ာမနီလက္ေ႐ြးစင္ေဟာင္းဟာ၂၀၁၃ခုႏွစ္တြင္ရီးရဲလ္မက္ဒရစ္မွေရာက္လာၿပီးေနာက္အာဆင္နယ္အတြက္ပရီးမီးယားလိဂ္ပြဲ၁၈၄ပြဲကစားခဲ့ရာမွာ၃၃ဂိုးသြင္းယူၿပီး၅၄ႀကိမ္ဖန္တီးေပးခဲ့ပါတယ္။သူဟာမတ္လတုန္းကဝက္စ္ဟမ္းကို ၁-၀ဂိုးျဖင့္အႏိုင္ရရွိၿပီးကတည္းကအာဆင္နယ္မွာကစားခြင့္ေပ်ာက္ဆုံးေနခဲ့သူျဖစ္ပါတယ္။