
လီဗာပူးအလယ်တန်းကစားသမားဟောင်းအမ်မရီကန်က၂၀၁၈ခုနှစ်တုန်းကလီဗာပူးမှထွက်ခွာပြီးရက်သတ္တပတ်အနည်းငယ်အကြာတွင်ကင်ဆာရောဂါကိုအရေးပေါ်ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရကြောင်းဖွင့်ဟပြောကြားလာပါတယ်။
အမ်မရီကန်ဟာ၂၀၁၄ခုနှစ်တွင်လေဗာကူဆင်မှပြောင်းရွှေ့လာပြီးနောက်လီဗာပူးတွင်လေးနှစ်ကြာကစားခဲ့သူဖြစ်ပါတယ်။
သူဟာလီဗာပူးအတွက်၁၆၇ပွဲကစားပေးခဲ့ကာ၁၄ဂိုးသွင်းယူပေးခဲ့ပြီးနောက် စာချုပ်သစ်ကမ်းလှမ်းမှုကိုပယ်ချပြီးအလွတ်ပြောင်းရွှေ့ကြေးဖြင့်ဂျူဗင်တပ်သို့ပြောင်းရွှေ့သွားခဲ့ပါတယ်။
ကန်ဟာဂျူဗင်တပ်တွင်နှစ်ရာသီကစားပြီးနောက်ဒေါ့မွန်သို့ပြောင်းရွှေ့ခဲ့ပါတယ်။
ယခုအခါအမ်မရီကန်ကဂျူဗင်တပ်သို့ပြောင်းတဲ့အစောပိုင်းကာလတွင်သရွိုက်တွင်ကင်ဆာတွေ့ရှိမှုနဲ့အတူခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပြီးခြောက်ပတ်အနားယခဲ့ရကြောင်းဖွင့်ဟလာပါတယ်။
အမ်မရီကန်က “သရွိုက်ကင်ဆာဖြစ်ခဲ့တယ်။ချက်ချင်းခွဲစိတ်ဖို့လိုအပ်နေခဲ့တယ်။ဘာဖြစ်လာမလဲဆိုတာတောင်မှန်းမရခဲ့ဘူး။သရွိုက်ဆိုတာတစ်ခုမျှမကြားဖူးဘူး။အကျိတ်ဘယ်လိုဖြစ်နေသလဲမသိဘူး”လို့ပြောကြားသွားပါတယ်။
ZawGyi
၂၀၁၈ ခုႏွစ္တုန္းက အန္ဖီးလ္မွ ထြက္ခြာၿပီး ရက္သတၱပတ္အနည္းငယ္အၾကာတြင္ ကင္ဆာခြဲစိတ္ခဲ့ရတဲ့ လီဗာပူးစတားေဟာင္း
လီဗာပူးအလယ္တန္းကစားသမားေဟာင္းအမ္မရီကန္က၂၀၁၈ခုႏွစ္တုန္းကလီဗာပူးမွထြက္ခြာၿပီးရက္သတၱပတ္အနည္းငယ္အၾကာတြင္ကင္ဆာေရာဂါကိုအေရးေပၚခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ရေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။
အမ္မရီကန္ဟာ၂၀၁၄ခုႏွစ္တြင္ေလဗာကူဆင္မွေျပာင္းေ႐ႊ႕လာၿပီးေနာက္လီဗာပူးတြင္ေလးႏွစ္ၾကာကစားခဲ့သူျဖစ္ပါတယ္။
သူဟာလီဗာပူးအတြက္၁၆၇ပြဲကစားေပးခဲ့ကာ၁၄ဂိုးသြင္းယူေပးခဲ့ၿပီးေနာက္ စာခ်ဳပ္သစ္ကမ္းလွမ္းမႈကိုပယ္ခ်ၿပီးအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ဂ်ဴဗင္တပ္သို႔ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။
ကန္ဟာဂ်ဴဗင္တပ္တြင္ႏွစ္ရာသီကစားၿပီးေနာက္ေဒါ့မြန္သို႔ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။
ယခုအခါအမ္မရီကန္ကဂ်ဴဗင္တပ္သို႔ေျပာင္းတဲ့အေစာပိုင္းကာလတြင္သ႐ြိဳက္တြင္ကင္ဆာေတြ႕ရွိမႈနဲ႔အတူခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ရၿပီးေျခာက္ပတ္အနားယခဲ့ရေၾကာင္းဖြင့္ဟလာပါတယ္။
အမ္မရီကန္က “သ႐ြိဳက္ကင္ဆာျဖစ္ခဲ့တယ္။ခ်က္ခ်င္းခြဲစိတ္ဖို႔လိုအပ္ေနခဲ့တယ္။ဘာျဖစ္လာမလဲဆိုတာေတာင္မွန္းမရခဲ့ဘူး။သ႐ြိဳက္ဆိုတာတစ္ခုမွ်မၾကားဖူးဘူး။အက်ိတ္ဘယ္လိုျဖစ္ေနသလဲမသိဘူး”လို႔ေျပာၾကားသြားပါတယ္။