၂၀၂၀-၂၁ ရာသီတွင် ယူရို၁၁၃သန်း အရှုံးပေါ်ထားပြီးဖြစ်တဲ့ ဂျူဗင်တပ်

ဂျူဗင်တပ်က၂၀၂၀-၂၁ဘောလုံးရာသီပထမဆုံးရာသီဝက်တွင်ယူရို၁၁၃.၇သန်းအရှုံးပေါ်ကြောင်းကြေညာလာပါ တယ်။ဂျူဗင်တပ်ဟာကြာသပတေးနေ့တုန်းကဘုတ်အဖွဲ့ဝင်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက်၂၀၂၀-၂၁ရာသီပထမရာသီဝက်အတွက်ငွေကြေးထုတ်ပြန်လာခဲ့တာလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်ဟာ၂၀၂၀-၂၁ရာသီပထမရာသီဝက်မှာဝင်ငွေယူရို၂၅၈.၃သန်းရရှိခဲ့ပါတယ်။ဂျူဗင်တပ်ဟာ၂၀၁၉-၂၀ပထမရာသီဝက်တုန်းကဝင်ငွေယူရို၃၂၂.၃သန်းရရှိခဲ့ရာကနေဝင်ငွေများစွာလျှော့ကျသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဂျူဗင်တပ်ဟာ၂၀၂၀-၂၁ရာသီမှာကုန်ကျစရိတ်ယူရို၂၆၃.၄သန်းအထိမြင့်တက်လာခဲ့ကာယူရို၁၁၃.၇သန်းအထိ အရှုံးပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်ဟာကိုဗစ်ကြောင့်ကလပ်ရဲ့ဝင်ငွေကျဆင်းမှုနဲ့အတူပုံမှန်ထက်ဝင်ငွေယူရိုသန်း၅၀အထိကျဆင်းလာမယ်လို့အစောပိုင်းကတည်းကခန့်မှန်းထားခဲ့ပြီးလည်းဖြစ်ပါတယ်။

ZawGyi




