၂၀၂၁ခုနှစ် နှစ်ကုန်အထိ အင်္ဂလန်အသင်းအတွက် ဂရင်းဝုဒ်ကစားမည်မဟုတ်

ဂါရတ်ဆောက်ဂိတ်ကအင်္ဂလန်စတားသုံးဦးတို့မှာအင်္ဂလန်အသင်းတွင်ရွေးချယ်ခံရမှုကိုငြင်းပယ်ခဲ့ကြကြောင်းဖွင့်ဟပြောကြားလာပါတယ်။

အသက်၂၀နှစ်ရှိမန်ယူစတားမေဆင်ဂရင်းဝုဒ်ဟာစက်တင်ဘာလတုန်းက၂၀၂၁ခုနှစ်အတွင်းအင်္ဂလန်အသင်းရဲ့လက်ကျန်ပွဲ၇ပွဲကိုပါဝင်မကစားရန်တောင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင်အသက်၁၈နှစ်ရှိဂျူ့ဘယ်လင်ဂမ်မှာလည်းပြီးခဲ့တဲ့လကကမ္ဘာ့ဖလားခြေစစ်ပွဲတွင်မရွေးချယ်ရန်တောင်းဆိုခဲ့သလိုချဲလ်ဆီးစတားကယ်လမ်ဟတ်ဆင်အိုဒွိုင်းမှာလည်းအင်္ဂလန်ယူ-၂၁ရဲ့ရွေးချယ်မှုကိုငြင်းဆိုထားကြောင်းသိရပါတယ်။

ဒေါ့မွန်စတားဘယ်လင်ဂမ်မှာလာမယ့်အပတ်တွင်အယ်ဘေးနီးယား၊ဆန်မာရီနိုတို့နှင့်ကစားရမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက်အင်္ဂလန်လူစာရင်းတွင်ပြန်လည်ပါဝင်လာပြီဖြစ်ပါတယ်။

ဆောက်ဂိတ်က “ကျွန်တော်တို့ယူနိုက်တက်သို့သွားခဲ့ကြတယ်။မေဆင်၊သူ့မိဘတွေနဲ့စကားကောင်းကောင်းပြောခဲ့ကြတယ်။လာမယ့်နှစ်အထိမရွေးဖို့သဘောတူခဲ့ကြတယ်။ဒီလိုလုပ်တာအခြားသူတွေကိုအခွင့်အရေးပိုပေးသလိုဖြစ်နေပေမယ့်သူကငယ်ရွယ်တာကြောင့်အချိန်အလုံအလောက်ရှိပါတယ်။သူဟာမန်ယူမှာအခြေချပြီဆိုရင်အင်္ဂလန်မှာရွေးချယ်ခံရဖို့လည်းနီးနေပြီးသားပါ။သူကအင်္ဂလန်အတွက်ကစားချင်တယ်။ဒါကိုသူ့ဘက်ကရှင်းရှင်းလေးပြောထားပါတယ်။ဒါပေမယ့်အခုလောလောဆယ်မှာသူမပါဝင်ချင်သေးပါဘူး။ဒါကိုလည်းနားလည်ပေးပါတယ်”လို့ပြောကြားသွားပါတယ်။

မေဆင်ဂရင်းဝုဒ်ဟာ၂၀၂၀ခုနှစ်၊စက်တင်ဘာလတုန်းကအိုက်စလန်နှင့်ပွဲတွင်အင်္ဂလန်အတွက်ပထမဆုံးပွဲကစားချိန်တွင်ဖီးလ်ဖိုဒန်နှင့်အတူ ကိုဗစ်ကွာရန်တင်းစည်းမျဉ်းကိုချိုးဖောက်ကာဟိုတယ်အခန်းသို့အိုက်စလန်သူလေးများကိုခေါ်ယူမှုနဲ့အတူအိမ်ပြန်ပို့ခံခဲ့ရသူဖြစ်ပါတယ်။

ZawGyi

၂၀၂၁ခုႏွစ္ ႏွစ္ကုန္အထိ အဂၤလန္အသင္းအတြက္ ဂရင္းဝုဒ္ကစားမည္မဟုတ္

ဂါရတ္ေဆာက္ဂိတ္ကအဂၤလန္စတားသုံးဦးတို႔မွာအဂၤလန္အသင္းတြင္ေ႐ြးခ်ယ္ခံရမႈကိုျငင္းပယ္ခဲ့ၾကေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

အသက္၂၀ႏွစ္ရွိမန္ယူစတားေမဆင္ဂရင္းဝုဒ္ဟာစက္တင္ဘာလတုန္းက၂၀၂၁ခုႏွစ္အတြင္းအဂၤလန္အသင္းရဲ႕လက္က်န္ပြဲ၇ပြဲကိုပါဝင္မကစားရန္ေတာင္းဆိုမႈျပဳလုပ္ခဲ့ပါတယ္။

ဒါ့အျပင္အသက္၁၈ႏွစ္ရွိဂ်ဴ႕ဘယ္လင္ဂမ္မွာလည္းၿပီးခဲ့တဲ့လကကမာၻ႔ဖလားေျခစစ္ပြဲတြင္မေ႐ြးခ်ယ္ရန္ေတာင္းဆိုခဲ့သလိုခ်ဲလ္ဆီးစတားကယ္လမ္ဟတ္ဆင္အိုဒြိဳင္းမွာလည္းအဂၤလန္ယူ-၂၁ရဲ႕ေ႐ြးခ်ယ္မႈကိုျငင္းဆိုထားေၾကာင္းသိရပါတယ္။

ေဒါ့မြန္စတားဘယ္လင္ဂမ္မွာလာမယ့္အပတ္တြင္အယ္ေဘးနီးယား၊ဆန္မာရီႏိုတို႔ႏွင့္ကစားရမယ့္ကမာၻ႔ဖလားေျခစစ္ပြဲမ်ားအတြက္အဂၤလန္လူစာရင္းတြင္ျပန္လည္ပါဝင္လာၿပီျဖစ္ပါတယ္။

ေဆာက္ဂိတ္က “ကြၽန္ေတာ္တို႔ယူႏိုက္တက္သို႔သြားခဲ့ၾကတယ္။ေမဆင္၊သူ႔မိဘေတြနဲ႔စကားေကာင္းေကာင္းေျပာခဲ့ၾကတယ္။လာမယ့္ႏွစ္အထိမေ႐ြးဖို႔သေဘာတူခဲ့ၾကတယ္။ဒီလိုလုပ္တာအျခားသူေတြကိုအခြင့္အေရးပိုေပးသလိုျဖစ္ေနေပမယ့္သူကငယ္႐ြယ္တာေၾကာင့္အခ်ိန္အလုံအေလာက္ရွိပါတယ္။သူဟာမန္ယူမွာအေျခခ်ၿပီဆိုရင္အဂၤလန္မွာေ႐ြးခ်ယ္ခံရဖို႔လည္းနီးေနၿပီးသားပါ။သူကအဂၤလန္အတြက္ကစားခ်င္တယ္။ဒါကိုသူ႔ဘက္ကရွင္းရွင္းေလးေျပာထားပါတယ္။ဒါေပမယ့္အခုေလာေလာဆယ္မွာသူမပါဝင္ခ်င္ေသးပါဘူး။ဒါကိုလည္းနားလည္ေပးပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ေမဆင္ဂရင္းဝုဒ္ဟာ၂၀၂၀ခုႏွစ္၊စက္တင္ဘာလတုန္းကအိုက္စလန္ႏွင့္ပြဲတြင္အဂၤလန္အတြက္ပထမဆုံးပြဲကစားခ်ိန္တြင္ဖီးလ္ဖိုဒန္ႏွင့္အတူ ကိုဗစ္ကြာရန္တင္းစည္းမ်ဥ္းကိုခ်ိဳးေဖာက္ကာဟိုတယ္အခန္းသို႔အိုက္စလန္သူေလးမ်ားကိုေခၚယူမႈနဲ႔အတူအိမ္ျပန္ပို႔ခံခဲ့ရသူျဖစ္ပါတယ္။