၂၀၂၁ ခုနှစ် အကောင်းဆုံးဂိုးဆု Puskas Award အတွက် ဆန်ကာတင် ထိပ်တန်းဂိုး ၁၁ ဂိုးထွက်ပေါ်လာ

ဖီဖာဟာ၂၀၂၁ခုနှစ်အတွက်အကောင်းဆုံးဂိုးဆု Puskas Award အတွက်ဆန်ကာထိပ်တန်းဂိုး၁၁ဂိုးကိုထုတ်ပြန်လာပါတယ်။

ဖီဖာဟာ၂၀၂၁ခုနှစ်အတွင်းကမ္ဘာတဝှမ်းလုံးမှဘောလုံးပွဲများတွင်သွင်းယူခဲ့တဲ့ဂိုးများကိုဆန်းစစ်မှုပြုလုပ်ကာအကောင်းဆုံးဂိုးဆုအတွက်ဆန်ကာတင်ဂိုး၁၁ဂိုးကိုရွေးချယ်လိုက်တာလည်းဖြစ်ပါတယ်။

ဖီဖာရဲ့အကောင်းဆုံးဂိုးဆုအတွက်ဆန်ကာတင်စာရင်းတွင်ယူရို၂၀၂၀ပြိုင်ပွဲတုန်းကစကော့တလန်နှင့်ပွဲစဉ်တွင်ချက်တိုက်စစ်မှူးပါထရစ်ရှက်ခ်သွင်းယူတဲ့ ကွင်းတစ်ဝက်လောက်မှသွင်းယူတဲ့ဂိုးလည်းပါဝင်ပါတယ်။

ဒါ့အပြင်မတ်လတုန်းကအာဆင်နယ်နှင့်မြောက်လန်ဒန်ဒါဘီပွဲစဉ်တွင်စပါးစ်ကစားသမားအဲရစ်လာမီလာ(ယခုဆီဗီလာ)သွင်းယူတဲ့ Rabona ဂိုးလည်းပါဝင်သလိုပေါ်တိုနှင့်ကိုလံဘီယာတိုက်စစ်မှူးလူးဝစ်ဒိုင်ယက်ဇ်ရဲ့ဘရာဇီးနှင့်ကိုပါအမေရိကဖလားပြိုင်ပွဲတွင် Bicycle Kick ဖြင့်သွင်းယူတဲ့ဂိုးလည်းပါဝင်ပါတယ်။

မန်စီးတီးနှင့်အယ်ဂျီးရီးယားစတားမရာ့ဇ်ရဲ့ဇမ်ဘာဘွေနှင့်အာဖရိကဖလားခြေစစ်ပွဲတွင်တစ်ကိုယ်တော်အစွမ်းဖြင့်ထိုးဖောက်သွင်းယူတဲ့ဂိုးလည်းဆန်ကာတင်စာရင်းတွင်ပါဝင်ပါတယ်။

ပေါ်တိုနှင့်အီရန်တိုက်စစ်မှူးမီဒါတာရီမီရဲ့ဧပြီလတုန်းကချဲလ်ဆီးနှင့်ချန်ပီယံလိဂ်ပွဲစဉ်တွင် Acrobatick Kick ဂိုးလည်းပါဝင်ပါတယ်။

ဖီဖာတစ်နှစ်တာအကောင်းဆုံးဂိုးဆုအတွက်ဆန်ကာတင်စာရင်းတွင်ပါဝင်တဲ့ဂိုးများကတော့ဂူသီယာဟိန်း(ချာမို့စ်/ပြင်သစ်)၊ဗလင်တီနိုလာဇာရို(ဩစတြီးယား)၊ဆန်ဒရာအိုဝူဆူ(ဂါနာ)၊ဗန်ဂျီလစ်(မက္ကဆီကို)၊ကာရိုလိုင်းဝီယာ(စကော့တလန်)တို့ရဲ့ဂိုးများဖြစ်ပါတယ်။

ဖီဖာဟာတစ်နှစ်တာအကောင်းဆုံးဂိုးဆုကိုပရိသတ်များရဲ့မဲအဆုံးအဖြတ်ဖြင့်ရွေးချယ်တာဖြစ်ပြီးပရိသတ်များအဖြင့်ဖီဖာဝက်ဘ်ဆိုက်သို့ဝင်ရောက်ကာမဲပေးရမှာဖြစ်ပါတယ်။

ZawGyi

၂၀၂၁ ခုႏွစ္ အေကာင္းဆုံးဂိုးဆု Puskas Award အတြက္ ဆန္ကာတင္ ထိပ္တန္းဂိုး ၁၁ ဂိုးထြက္ေပၚလာ

ဖီဖာဟာ၂၀၂၁ခုႏွစ္အတြက္အေကာင္းဆုံးဂိုးဆု Puskas Award အတြက္ဆန္ကာထိပ္တန္းဂိုး၁၁ဂိုးကိုထုတ္ျပန္လာပါတယ္။

ဖီဖာဟာ၂၀၂၁ခုႏွစ္အတြင္းကမာၻတဝွမ္းလုံးမွေဘာလုံးပြဲမ်ားတြင္သြင္းယူခဲ့တဲ့ဂိုးမ်ားကိုဆန္းစစ္မႈျပဳလုပ္ကာအေကာင္းဆုံးဂိုးဆုအတြက္ဆန္ကာတင္ဂိုး၁၁ဂိုးကိုေ႐ြးခ်ယ္လိုက္တာလည္းျဖစ္ပါတယ္။

ဖီဖာရဲ႕အေကာင္းဆုံးဂိုးဆုအတြက္ဆန္ကာတင္စာရင္းတြင္ယူ႐ို၂၀၂၀ၿပိဳင္ပြဲတုန္းကစေကာ့တလန္ႏွင့္ပြဲစဥ္တြင္ခ်က္တိုက္စစ္မႉးပါထရစ္ရွက္ခ္သြင္းယူတဲ့ ကြင္းတစ္ဝက္ေလာက္မွသြင္းယူတဲ့ဂိုးလည္းပါဝင္ပါတယ္။

ဒါ့အျပင္မတ္လတုန္းကအာဆင္နယ္ႏွင့္ေျမာက္လန္ဒန္ဒါဘီပြဲစဥ္တြင္စပါးစ္ကစားသမားအဲရစ္လာမီလာ(ယခုဆီဗီလာ)သြင္းယူတဲ့ Rabona ဂိုးလည္းပါဝင္သလိုေပၚတိုႏွင့္ကိုလံဘီယာတိုက္စစ္မႉးလူးဝစ္ဒိုင္ယက္ဇ္ရဲ႕ဘရာဇီးႏွင့္ကိုပါအေမရိကဖလားၿပိဳင္ပြဲတြင္ Bicycle Kick ျဖင့္သြင္းယူတဲ့ဂိုးလည္းပါဝင္ပါတယ္။

မန္စီးတီးႏွင့္အယ္ဂ်ီးရီးယားစတားမရာ့ဇ္ရဲ႕ဇမ္ဘာေဘြႏွင့္အာဖရိကဖလားေျခစစ္ပြဲတြင္တစ္ကိုယ္ေတာ္အစြမ္းျဖင့္ထိုးေဖာက္သြင္းယူတဲ့ဂိုးလည္းဆန္ကာတင္စာရင္းတြင္ပါဝင္ပါတယ္။

ေပၚတိုႏွင့္အီရန္တိုက္စစ္မႉးမီဒါတာရီမီရဲ႕ဧၿပီလတုန္းကခ်ဲလ္ဆီးႏွင့္ခ်န္ပီယံလိဂ္ပြဲစဥ္တြင္ Acrobatick Kick ဂိုးလည္းပါဝင္ပါတယ္။

ဖီဖာတစ္ႏွစ္တာအေကာင္းဆုံးဂိုးဆုအတြက္ဆန္ကာတင္စာရင္းတြင္ပါဝင္တဲ့ဂိုးမ်ားကေတာ့ဂူသီယာဟိန္း(ခ်ာမို႔စ္/ျပင္သစ္)၊ဗလင္တီႏိုလာဇာ႐ို(ဩစႀတီးယား)၊ဆန္ဒရာအိုဝူဆူ(ဂါနာ)၊ဗန္ဂ်ီလစ္(မကၠဆီကို)၊ကာ႐ိုလိုင္းဝီယာ(စေကာ့တလန္)တို႔ရဲ႕ဂိုးမ်ားျဖစ္ပါတယ္။

ဖီဖာဟာတစ္ႏွစ္တာအေကာင္းဆုံးဂိုးဆုကိုပရိသတ္မ်ားရဲ႕မဲအဆုံးအျဖတ္ျဖင့္ေ႐ြးခ်ယ္တာျဖစ္ၿပီးပရိသတ္မ်ားအျဖင့္ဖီဖာဝက္ဘ္ဆိုက္သို႔ဝင္ေရာက္ကာမဲေပးရမွာျဖစ္ပါတယ္။