၂၀၂၁ နှစ်အစမှာဘဲ Puskas Award ရနိုင်လောက်တဲ့ အံ့မခန်းနောက်ပေါက်ဂိုးကို သွင်းခဲ့တဲ့ လေဗာကူဆင်ရဲ့ အေမီရီ

နာဒီယမ်အေမီရီဟာစနေနေ့တုန်းကဖရန့်ဖတ်နဲ့ပွဲစဉ်မှာလေဗာကူဆင်အတွက်ဦးဆောင်ဂိုးအားဒင်းနစ်ဘားကမ့်လိုမျိုးနောက်ပေါက်ဖြင့်ပေါက်ကာသွင်းယူခဲ့ပါတယ်။

ဂျာမနီအလယ်တန်းကစားသမားဟာဖရန့်ဖတ်နဲ့ပွဲစဉ်ရဲ့ပွဲအစ၉မိနစ်မှာဘဲဖနောင့်ဖြင့်ပေါက်သွင်းကာ Puskas Award (အကောင်းဆုံးဂိုးဆု)ဆုကိုရရှိနိုင်လောက်တဲ့အံ့ဩဖွယ်ဂိုးကိုနှစ်အစမှာဘဲသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

အေမီရီဟာဧရိယာအတွင်းမှာဘောလုံးရရှိပြီးနောက်တစ်ပတ်လှည့်ပြီးလူကပ်ထားတဲ့နောက်ခံလူကိုအံ့ဖွယ်လှည့်ကွက်ဖြင့်ကျော်ဖြတ်ကာဖရန့်ဖတ်ဂိုးသမားကီဗင်ထရက်ပ်နဲ့တစ်ဦးချင်းအနေအထားတွေ့အောင်လုပ်ခဲ့ပါတယ်။

တိုက်စစ်သမားဟာဂိုးပေါက်သို့ကန်ဖို့အဆင်မပြေတာကြောင့်တစ်ချက်ဘေးသို့ဆွဲပြေးပြီးနောက်နောက်ပေါက်ဖြင့် ပေါက်သွင်းခဲ့တာလည်းဖြစ်ပါတယ်။

ကံဆိုးတာကတော့လေဗာကူဆင်ဟာအေမီရီရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့်ပွဲချိန်၂၂မိနစ်မှာယိုနက်စ်ကဖရန့်ဖတ်အတွက်ချေပဂိုးသွင်းယူခဲ့ပါတယ်။ပွဲချိန်၅၄မိနစ်မှာတစ်ဆိုဘာရဲ့Own Goal ကြောင့် လေဗာကူဆင်တို့ဖရန့်ဖတ်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ZawGyi

၂၀၂၁ ႏွစ္အစမွာဘဲ Puskas Award ရႏိုင္ေလာက္တဲ့ အံ့မခန္းေနာက္ေပါက္ဂိုးကို သြင္းခဲ့တဲ့ ေလဗာကူဆင္ရဲ႕ ေအမီရီ

နာဒီယမ္ေအမီရီဟာစေနေန႔တုန္းကဖရန႔္ဖတ္နဲ႔ပြဲစဥ္မွာေလဗာကူဆင္အတြက္ဦးေဆာင္ဂိုးအားဒင္းနစ္ဘားကမ့္လိုမ်ိဳးေနာက္ေပါက္ျဖင့္ေပါက္ကာသြင္းယူခဲ့ပါတယ္။

ဂ်ာမနီအလယ္တန္းကစားသမားဟာဖရန႔္ဖတ္နဲ႔ပြဲစဥ္ရဲ႕ပြဲအစ၉မိနစ္မွာဘဲဖေနာင့္ျဖင့္ေပါက္သြင္းကာ Puskas Award (အေကာင္းဆုံးဂိုးဆု)ဆုကိုရရွိႏိုင္ေလာက္တဲ့အံ့ဩဖြယ္ဂိုးကိုႏွစ္အစမွာဘဲသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

ေအမီရီဟာဧရိယာအတြင္းမွာေဘာလုံးရရွိၿပီးေနာက္တစ္ပတ္လွည့္ၿပီးလူကပ္ထားတဲ့ေနာက္ခံလူကိုအံ့ဖြယ္လွည့္ကြက္ျဖင့္ေက်ာ္ျဖတ္ကာဖရန႔္ဖတ္ဂိုးသမားကီဗင္ထရက္ပ္နဲ႔တစ္ဦးခ်င္းအေနအထားေတြ႕ေအာင္လုပ္ခဲ့ပါတယ္။

တိုက္စစ္သမားဟာဂိုးေပါက္သို႔ကန္ဖို႔အဆင္မေျပတာေၾကာင့္တစ္ခ်က္ေဘးသို႔ဆြဲေျပးၿပီးေနာက္ေနာက္ေပါက္ျဖင့္ ေပါက္သြင္းခဲ့တာလည္းျဖစ္ပါတယ္။

ကံဆိုးတာကေတာ့ေလဗာကူဆင္ဟာေအမီရီရဲ႕ဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ပြဲခ်ိန္၂၂မိနစ္မွာယိုနက္စ္ကဖရန႔္ဖတ္အတြက္ေခ်ပဂိုးသြင္းယူခဲ့ပါတယ္။ပြဲခ်ိန္၅၄မိနစ္မွာတစ္ဆိုဘာရဲ႕Own Goal ေၾကာင့္ ေလဗာကူဆင္တို႔ဖရန႔္ဖတ္ကို၂-၁ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။