၂၀၂၁-၂၂ရာသီတွင် မန်ယူအသင်းဝတ်ဆင်မယ့်အဝေးကွင်းဝတ်စုံပေါက်ကြားလာ

လာမယ့်ရာသီတွင် မန်ယူအသင်းဝတ်ဆင်မယ့်အဝေးကွင်းဝတ်စုံပေါက်ကြားလာပါတယ်။မန်ယူအသင်း ဝတ်ဆင်မယ့်အဝေးကွင်းဝတ်စုံဟာတစ်ချိန်ကဝတ်ဆင်ခဲ့ဖူးတဲ့ဝတ်စုံမျိုးပြန်လည်ဝတ်ဆင်လာမှာလည်း ဖြစ်ပါတယ်။

မန်ယူဟာ၁၉၉၁-၉၂ရာသီတုန်းကဆာအဲလက်စ်ဖာဂူဆန်လက်ထက်တုန်းကအပြာရောင်နှင့်အဖြူ ရောင်သုံးဝတ်စုံသုံးခဲ့ဖူးပြီးလိဂ်ဖလားနှင့်ပရီးမီးယားလိဂ်ဖလားတို့ဆွတ်ခူးခဲ့ဖူးပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာကတော့မန်ယူပရိသတ်များဟာယခုရာသီမှာမန်ယူဝတ်စုံနှစ်စုံဝယ်ယူရမယ့် အခြေအနေနှင့်ရင်ဆိုင်နေရတာဖြစ်ပါတယ်။

မန်ယူဟာယခုနှစ်အကုန်မှာ Chevroletနှင့်စပွန်ဆာစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

မန်ယူရဲ့ယခုရာသီတတိယဝတ်စုံဖြစ်တဲ့မြင်းကျားအစင်းပါဝတ်စုံကလည်းပရိသတ်များအကြား ရေပန်းစားခြင်းမရှိပါဘူး။ဒါကြောင့်လာမယ့်၂၀၂၁-၂၂ရာသီမှာဝတ်ဆင်လာမယ့်ဒုတိယဝတ်စုံက ပရိသတ်စိတ်ဝင်စားခြင်းခံရမလားစောင့်ကြည့်သွားရပါမယ်။

ZawGyi





