၂၀၂၁-၂၂ ပရီးမီးယားလိဂ်ရာသီကို စူပါကွန်ပျူတာ ခန့်မှန်းမှုပြုလုပ်လာ

စူပါကွန်ပျူတာဟာလာမယ့်ပရီးမီးယားလိဂ်ဘောလုံးရာသီသစ်အားခန့်မှန်းမှုပြုလုပ်လာပါတယ်။စူပါကွန်ပျူတာကလက်ရှိပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးအသင်းကပင်ပရီးမီးယားလိဂ်ဖလားကိုကာကွယ်နိုင်မယ်လို့ခန့်မှန်းသွားပါတယ်။

တကယ်လို့များမန်စီးတီးသာချန်ပီယံထပ်ဖြစ်မယ်ဆိုရင်တော့ဂွါဒီယိုလာရဲ့အသင်းဟာငါးနှစ်အတွင်းမှာလေးကြိမ်မြောက်ပရီးမီးယားလိဂ်ဖလားအားဆွတ်ခူးလာနိုင်ပါမယ်။

ဒါ့အပြင်စူပါကွန်ပျူတာကပရီးမီးယားလိဂ်ထိပ်ဆုံးလေးသင်းစာရင်းထဲမှာလီဗာပူး၊ချဲလ်ဆီး၊မန်ယူတို့ပင်ဆက်လက်ပါဝင်လာဦးမှာဖြစ်ကြောင်းလည်းခန့်မှန်းသွားပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကချန်ပီယံမန်စီးတီးနှင့်၁၂မှတ်ကွာဟကာအဆင့်၂နေရာမှာရပ်တည်နိုင်ခဲ့တဲ့ဆိုးလ်ရှားရဲ့မန်ယူကစတုတ္ထနေရာမှာဘဲရပ်တည်နိုင်မယ်လို့စူပါကွန်ပျူတာကခန့်မှန်းသွားပါတယ်။

မန်ယူဟာယခုနွေရာသီမှာဆန်ချိုကိုခေါ်ယူအားဖြည့်ထားပြီးဗာရိန်း၊ကာဗာမင်ဂါတို့ကိုလည်းခေါ်ယူရန်ကြိုးပမ်းနေပါတယ်။

ဒါပေမယ့်မန်ယူဟာလီဗာပူးနဲ့ချဲလ်ဆီးနောက်အမှတ်ပေးဇယားအဆင့်၄နေရာဖြင့်သာရာသီသိမ်းနိုင်မယ်လို့စူပါကွန်ပျူတာကဆိုသွားပါတယ်။

စူပါကွန်ပျူတာကလီဗာပူးအသင်းမှာချန်ပီယံမန်စီးတီးနှင့်ရမှတ်၁၁မှတ်ကွာဟကာဒုတိယနေရာမှာရပ်တည်နိုင်ခဲ့ကြောင်းခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဆိုးဆိုးရွားရွားရလဒ်နှင့်ကြုံခဲ့ရပြီးအဆင့်၈နေရာမှာသာရပ်တည်နိုင်ခဲ့တဲ့အာတီတာရဲ့အာဆင်နယ်ဟာလာမယ့်ရာသီမှာတော့အဆင့်၅နေရာမှာရပ်တည်ထားနိုင်မယ်လို့စူပါကွန်ပျူတာကဆိုပါတယ်။

နည်းပြသစ်ဆန်တိုဦးဆောင်လာမယ့်စပါးစ်ကတော့အာဆင်နယ်နဲ့ရမှတ်၂မှတ်သာကွာဟကာအဆင့်၆နေရာမှာရပ်တည်နိုင်မယ်လို့စူပါကွန်ပျူတာကခန့်မှန်းထားပါတယ်။

စူပါကွန်ပျူတာက၂၀၂၁-၂၂ဘောလုံးရာသီမှာတန်းဆင်းရမယ့်အသင်းများအဖြစ် ခရစ္စတယ်ပဲလေ့စ်၊ဘရန့်ဖို့ဒ်၊ဝက်ဖို့ဒ်တို့တန်းဆင်းရယ်လို့ခန့်မှန်းသွားပါတယ်။ယင်းသုံးသင်းမှနှစ်သင်းကပရီးမီးယားလိဂ်တန်းတက်များဖြစ်ပါတယ်။

ZawGyi

၂၀၂၁-၂၂ ပရီးမီးယားလိဂ္ရာသီကို စူပါကြန္ပ်ဴတာ ခန႔္မွန္းမႈျပဳလုပ္လာ

စူပါကြန္ပ်ဴတာဟာလာမယ့္ပရီးမီးယားလိဂ္ေဘာလုံးရာသီသစ္အားခန႔္မွန္းမႈျပဳလုပ္လာပါတယ္။စူပါကြန္ပ်ဴတာကလက္ရွိပရီးမီးယားလိဂ္ခ်န္ပီယံမန္စီးတီးအသင္းကပင္ပရီးမီးယားလိဂ္ဖလားကိုကာကြယ္ႏိုင္မယ္လို႔ခန႔္မွန္းသြားပါတယ္။

တကယ္လို႔မ်ားမန္စီးတီးသာခ်န္ပီယံထပ္ျဖစ္မယ္ဆိုရင္ေတာ့ဂြါဒီယိုလာရဲ႕အသင္းဟာငါးႏွစ္အတြင္းမွာေလးႀကိမ္ေျမာက္ပရီးမီးယားလိဂ္ဖလားအားဆြတ္ခူးလာႏိုင္ပါမယ္။

ဒါ့အျပင္စူပါကြန္ပ်ဴတာကပရီးမီးယားလိဂ္ထိပ္ဆုံးေလးသင္းစာရင္းထဲမွာလီဗာပူး၊ခ်ဲလ္ဆီး၊မန္ယူတို႔ပင္ဆက္လက္ပါဝင္လာဦးမွာျဖစ္ေၾကာင္းလည္းခန႔္မွန္းသြားပါတယ္။

ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကခ်န္ပီယံမန္စီးတီးႏွင့္၁၂မွတ္ကြာဟကာအဆင့္၂ေနရာမွာရပ္တည္ႏိုင္ခဲ့တဲ့ဆိုးလ္ရွားရဲ႕မန္ယူကစတုတၳေနရာမွာဘဲရပ္တည္ႏိုင္မယ္လို႔စူပါကြန္ပ်ဴတာကခန႔္မွန္းသြားပါတယ္။

မန္ယူဟာယခုေႏြရာသီမွာဆန္ခ်ိဳကိုေခၚယူအားျဖည့္ထားၿပီးဗာရိန္း၊ကာဗာမင္ဂါတို႔ကိုလည္းေခၚယူရန္ႀကိဳးပမ္းေနပါတယ္။

ဒါေပမယ့္မန္ယူဟာလီဗာပူးနဲ႔ခ်ဲလ္ဆီးေနာက္အမွတ္ေပးဇယားအဆင့္၄ေနရာျဖင့္သာရာသီသိမ္းႏိုင္မယ္လို႔စူပါကြန္ပ်ဴတာကဆိုသြားပါတယ္။

စူပါကြန္ပ်ဴတာကလီဗာပူးအသင္းမွာခ်န္ပီယံမန္စီးတီးႏွင့္ရမွတ္၁၁မွတ္ကြာဟကာဒုတိယေနရာမွာရပ္တည္ႏိုင္ခဲ့ေၾကာင္းခန႔္မွန္းထားပါတယ္။

ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဆိုးဆိုး႐ြား႐ြားရလဒ္ႏွင့္ႀကဳံခဲ့ရၿပီးအဆင့္၈ေနရာမွာသာရပ္တည္ႏိုင္ခဲ့တဲ့အာတီတာရဲ႕အာဆင္နယ္ဟာလာမယ့္ရာသီမွာေတာ့အဆင့္၅ေနရာမွာရပ္တည္ထားႏိုင္မယ္လို႔စူပါကြန္ပ်ဴတာကဆိုပါတယ္။

နည္းျပသစ္ဆန္တိုဦးေဆာင္လာမယ့္စပါးစ္ကေတာ့အာဆင္နယ္နဲ႔ရမွတ္၂မွတ္သာကြာဟကာအဆင့္၆ေနရာမွာရပ္တည္ႏိုင္မယ္လို႔စူပါကြန္ပ်ဴတာကခန႔္မွန္းထားပါတယ္။

စူပါကြန္ပ်ဴတာက၂၀၂၁-၂၂ေဘာလုံးရာသီမွာတန္းဆင္းရမယ့္အသင္းမ်ားအျဖစ္ ခရစၥတယ္ပဲေလ့စ္၊ဘရန႔္ဖို႔ဒ္၊ဝက္ဖို႔ဒ္တို႔တန္းဆင္းရယ္လို႔ခန႔္မွန္းသြားပါတယ္။ယင္းသုံးသင္းမွႏွစ္သင္းကပရီးမီးယားလိဂ္တန္းတက္မ်ားျဖစ္ပါတယ္။