၂၀၂၁-၂၂ ဘောလုံးရာသီသစ်အတွက် အိမ်ကွင်းဝတ်စုံသစ်ကို သရဲနီကြေညာလာ

မန်ယူဟာလာမယ့်ဘောလုံးရာသီသစ်တွင်ဝတ်ဆင်မယ့်အိမ်ကွင်းဝတ်စုံသစ်ကိုကြေညာလာပါတယ်။

မန်ယူဟာလာမယ့်ဘောလုံးရာသီသစ်မှာ၁၃နှစ်အတွင်းပထမဆုံးပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ရေးအတွက်ကြိုးပမ်းလာမှာလည်းဖြစ်ပါတယ်။

၎င်းတို့ဟာပြီးခဲ့တဲ့ရာသီတုန်းကရှစ်နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်ပရီးမီးယားလိဂ်ဖလားအတွက်စိန်ခေါ်နိုင်တဲ့အခြေအနေမျိုးမှာရှိခဲ့ပါတယ်။ဒါပေမယ့်၎င်းတို့ဟာရာသီသိမ်းကာလမှာရလဒ်မမှန်မှုနဲ့အတူချန်ပီယံမန်စီးတီးနှင့်ရမှတ်၁၂မှတ်ကွာဟပြီးဒုတိယနေရာဖြင့်သာကျေနပ်ခဲ့ရပါတယ်။

မန်ယူရဲ့အိမ်ကွင်းဝတ်စုံသစ်ကကလပ်ရဲ့ရိုးရာအရောင်ဖြစ်တဲ့အနီရောင်ကိုဘဲအခြေခံထားကာ အင်္ကျီရင်ဘတ်စပွန်ဆာသစ် TeamViewer ပါဝင်ပါတယ်။ TeamViewer ရဲ့အရောင်ကအပြာရောင်ဖြစ်ပေမယ့်အင်္ကျီအရောင်နှင့်လိုက်ဖက်အောင်အဖြူရောင်သို့ပြောင်းလဲထားတာတွေ့ရပါတယ်။

မန်ယူပရိသတ်များဟာရာသီသစ်အတွက်ဝတ်စုံသစ်သာမကကစားသမားသစ်များစွာလည်းခေါ်ယူပေးလာဖို့မျှော်လင့်နေပါတယ်။မန်ယူဟာဆန်ချိုကိုခေါ်ယူထားပြီးဖြစ်ကာ ဗာရိန်း၊ကာမာဗင်ကာတို့ကိုလည်းခေါ်ယူဖို့ကြိုးပမ်းနေပါတယ်။

ZawGyi

၂၀၂၁-၂၂ ေဘာလုံးရာသီသစ္အတြက္ အိမ္ကြင္းဝတ္စုံသစ္ကို သရဲနီေၾကညာလာ

မန္ယူဟာလာမယ့္ေဘာလုံးရာသီသစ္တြင္ဝတ္ဆင္မယ့္အိမ္ကြင္းဝတ္စုံသစ္ကိုေၾကညာလာပါတယ္။

မန္ယူဟာလာမယ့္ေဘာလုံးရာသီသစ္မွာ၁၃ႏွစ္အတြင္းပထမဆုံးပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ေရးအတြက္ႀကိဳးပမ္းလာမွာလည္းျဖစ္ပါတယ္။

၎တို႔ဟာၿပီးခဲ့တဲ့ရာသီတုန္းကရွစ္ႏွစ္အတြင္းပထမဆုံးအႀကိမ္အျဖစ္ပရီးမီးယားလိဂ္ဖလားအတြက္စိန္ေခၚႏိုင္တဲ့အေျခအေနမ်ိဳးမွာရွိခဲ့ပါတယ္။ဒါေပမယ့္၎တို႔ဟာရာသီသိမ္းကာလမွာရလဒ္မမွန္မႈနဲ႔အတူခ်န္ပီယံမန္စီးတီးႏွင့္ရမွတ္၁၂မွတ္ကြာဟၿပီးဒုတိယေနရာျဖင့္သာေက်နပ္ခဲ့ရပါတယ္။

မန္ယူရဲ႕အိမ္ကြင္းဝတ္စုံသစ္ကကလပ္ရဲ႕႐ိုးရာအေရာင္ျဖစ္တဲ့အနီေရာင္ကိုဘဲအေျခခံထားကာ အက်ႌရင္ဘတ္စပြန္ဆာသစ္ TeamViewer ပါဝင္ပါတယ္။ TeamViewer ရဲ႕အေရာင္ကအျပာေရာင္ျဖစ္ေပမယ့္အက်ႌအေရာင္ႏွင့္လိုက္ဖက္ေအာင္အျဖဴေရာင္သို႔ေျပာင္းလဲထားတာေတြ႕ရပါတယ္။

မန္ယူပရိသတ္မ်ားဟာရာသီသစ္အတြက္ဝတ္စုံသစ္သာမကကစားသမားသစ္မ်ားစြာလည္းေခၚယူေပးလာဖို႔ေမွ်ာ္လင့္ေနပါတယ္။မန္ယူဟာဆန္ခ်ိဳကိုေခၚယူထားၿပီးျဖစ္ကာ ဗာရိန္း၊ကာမာဗင္ကာတို႔ကိုလည္းေခၚယူဖို႔ႀကိဳးပမ္းေနပါတယ္။