
၂၀၂၂ကမ္ဘာ့ဖလားအိမ်ရှင်ကာတာဟာလာမယ့်နှစ်၎င်းတို့ကျင်းပမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲသို့လာရောက်ကစားကြမယ့်ကစားသမားအားလုံး ကိုဗစ်ကာကွယ်ဆေးထိုးထားရေး ကြိုးပမ်းလာပါတယ်။
ဖီဖာနှင့်ကာတာကျန်းမာရေးဆိုင်ရာအာဏာပိုင်တို့ဟာလာမယ့်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲသို့ လာရောက်ကစားတဲ့ကစားသမားတိုင်း ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားရေး ဆွေးနွေးမှုများပြုလုပ်နေပါတယ်။
ကာတာအာဏာပိုင်များဟာ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲသို့လာရောက်တဲ့ပရိသတ်တိုင်းကိုတော့ကိုဗစ်ကာကွယ်ဆေးထားပြီးမှသာလျှင်ဝင်ရောက်ခွင့်ပြုရန်ဆုံးဖြတ်ထားပြီးဖြစ်ပတယ်။
တစ်ဖက်တွင်ပရီးမီးယားလိဂ်မှထိပ်တန်းကစားသမားအချို့တို့ဟာပုဂ္ဂိုလ်ရေးဆုံးဖြတ်ချက်ဖြင့်ကိုဗစ်ကာကွယ်ဆေးထိုးရန်ငြင်းဆိုနေကြပါတယ်။ပရီးမီးယားလိဂ်အသင်းများတွင်တစ်သင်းလုံးကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့အသင်းအဖြစ်ဝုဗ်တစ်သင်းတည်းသာရှိပါတယ်။
မန်ယူနည်းပြဆိုးလ်ရှားကလည်းအသင်းတွင်ကိုဗစ်ကာကွယ်ဆေးထိုးရန်ငြင်းဆိုထားတဲ့ကစားသမားအချို့ရှိကြောင်းဝန်ခံထားပါတယ်။
ZawGyi
၂၀၂၂ကမ္ဘာ့ဖလားမတိုင်မီ ကိုဗစ်ကာကွယ်ဆေးထိုးထားကြရန် ကစားသမားများကို ကာတာတိုက်တွန်း