ကမ္ဘာ့ဖလားကစားခွင့်ရဖို့ ဂျာမေကာအတွက်ကစားသွားမယ့်အင်္ဂလန်လက်ရွေးစင်အန်တိုနီယို

မိုက်ကယ်အန်တိုနီယိုဟာကာတာတွင်ကျင်းပမယ့်၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဝင်ရောက်ကစားခွင့်ရရှိရေးအတွက် အင်္ဂလန်မှဂျာမေကာအတွက်ပြောင်းလဲကစားသွားတော့မှာဖြစ်ကြောင်းသိရပါတယ်။

ဝက်စ်ဟမ်းတိုက်စစ်မှူးဟာဆမ်အလာဒွိုက်နှင့်ဂါရတ်ဆောက်ဂိတ်တို့ရဲ့လက်အောက်တွင်အင်္ဂလန်အသင်းအတွက် နှစ်ကြိမ်တိုင်တိုင်ရွေးချယ်ခြင်းခံခဲ့ရဖူးပေမယ့်တစ်ကြိမ်မျှကစားခွင့်မရရှိခဲ့ပါဘူး။

သူဟာဆမ်အလာဒွိုက်ကိုင်တွယ်ခဲ့တဲ့အင်္ဂလန်အတွက်တစ်ပွဲတည်းသောပွဲအတွက်ရွေးချယ်ခံခဲ့ရတဲ့အင်္ဂလန်အ တွက်မကစားဖူးတဲ့တစ်ဦးတည်းသောကစားသမားဖြစ်ခဲ့ပေမယ့်လည်းအရန်အဖြစ်တောင်ကစားခွင့်မရခဲ့ပါဘူး။ သူဟာထိုစဉ်ကဝက်စ်ဟမ်းမှာညာနောက်ခံလူ(သို့မဟုတ်) အလယ်တန်းတို့တွင်ကစားနေစဉ်ကရွေးချယ်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

နောက်ပိုင်းတွင်အန်တိုနီယိုဟာတိုက်စစ်မှူးအဖြစ်ပြောင်းလဲကစားခဲ့ပြီးဝက်စ်ဟမ်းတွင်အရေးပါသူဖြစ်လာခဲ့ပါတယ်။သူဟာ၂၀၁၇ခုနှစ်၊မတ်လတုန်းကဆောက်ဂိတ်ရဲ့ရွေးချယ်ခြင်းခံခဲ့ရပေမယ့်ဒဏ်ရာကြောင့်မကစားခဲ့ရပါဘူး။

ယခုအခါမှာတော့အသက်၃၀နှစ်ရှိတိုက်စစ်မှူးဟာဂျာမေကာဘောလုံးအဖွဲ့ချုပ်ကဂျာမေကာလက်ရွေးစင်အတွက်ကစားရန်ဖိတ်ကြားမှုကိုလက်ခံလိုက်ပြီဖြစ်ပါတယ်။သူဟာလာမယ့်လတွင်ကစားရမယ့်ဂျာမေကာရဲ့ခြေစမ်းပွဲတွင် ကစားရန်ဖိတ်ခေါ်မှုကိုလက်ခံလိုက်ပြီဖြစ်ပါတယ်။သူဟာစက်တင်ဘာလတွင်ကစားရမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲ တွင်ပါဝင်ရန်သေချာနေပြီလည်းဖြစ်ပါတယ်။

ဂျာမေကာဟာ၂၀၁၆ခုနှစ်တုန်းကလည်းအန်တိုနီယိုကိုလက်ရွေးစင်အတွက်ကစားရန်ဖိတ်ခေါ်ခဲ့ဖူးပါတယ်။ဒါပေမယ့်အန်တိုနီယိုကအင်္ဂလန်အတွက်ကစားလိုတာကြောင့်ကမ်းလှမ်းမှုကိုပယ်ချခဲ့ပါတယ်။

သူဟာယခုရာသီတွင်ဒေးဗစ်မိုယက်စ်ရဲ့ဝက်စ်ဟမ်းအတွက်ပရီးမီးယားလိဂ်ပွဲ၁၄ပွဲပွဲထွက်ကစားရာတွင်၆ဂိုးသွင်းယူ ပြီးအမှတ်ပေးဇယားအဆင့်၄နေရာတွင်ရပ်တည်နိုင်အောင်ကူညီထားပါတယ်။

အင်္ဂလန်အသင်းတွင်ဟယ်ရီကိန်း၊ဒိုမီနစ်ကယ်ဗတ်လီဝင်း၊ဒန်နီအင်းစ်၊အေဘရာဟမ်၊ဘမ်းဖို့ဒ်၊ဝီလ်လီဝစ်ကင်တို့ ရှိနေမှုနဲ့အတူအန်တိုနီယိုရဲ့အင်္ဂလန်အသင်းတွင်ရွေးချယ်ခြင်းခံရရေးအိပ်မက်မှာလည်းမှုန်ဝါးသွားပြီလည်း ဖြစ်ပါတယ်။

ZawGyi








သူဟာယခုရာသီတွင်ဒေးဗစ်မိုယက်စ်ရဲ့ဝက်စ်ဟမ်းအတွက်ပရီးမီးယားလိဂ်ပွဲ၁၄ပွဲပွဲထွက်ကစားရာတွင်၆ဂိုးသွင်းယူ ပြီးအမှတ်ပေးဇယားအဆင့်၎နေရာတွင်ရပ်တည်နိုင်အောင်ကူညီထားပါတယ်။
